Entertainment

Mission: Impossible ရုပ်ရှင်သစ်အတွက် အကြမ်းစားစတန့် လုပ်ခဲ့တဲ့ Tom Cruise

“Mission: Impossible” နောက်ဆက်တွဲ ရုပ်ရှင်အသစ်အတွက် ရိုက်ကူးရေးကို ပြန်လည် စတင်လိုက်ချိန်မှာလည်း မင်းသား Tom Cruise ဟာ သူ့ရဲ့ လုပ်ဆောင်နေကျ အကြမ်းစား စတန့်ပြကွက်တွေကို လုပ်ဆောင်ခဲ့တာ တွေ့ရပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ပိုင်းမှာ ဒါရိုက်တာ Christopher McQuarrie ဟာ တောင်တန်းတွေကို အပေါ်စီးကနေ မြင်ရတဲ့ တောင်ကုန်းတနေရာ ရိုက်ကူးထားတဲ့ ရှုတင် ပထမဆုံးနေ့ရဲ့ ဓာတ်ပုံတပုံကိုမျှဝေခဲ့ပါတယ်။

အဲ့ဒီ စတန့်ပြကွက်မှာဆိုရင် မင်းသား Cruise ဟာ ဆင်ခြေလျှော တခုကနေ မော်တော်ဆိုက်ကယ်နဲ့ စီးလာရာကနေ လေထဲမှာ မြောက်တက်သွားပြီး မြေပြင်ကို ဘေးကင်းစွာနဲ့ ဆင်းဖို့ လေထီး ပွင့်သွားခဲ့တာ တွေ့ရပါတယ်။ အဲ့ဒီပြကွက် မြင်ကွင်း ဗီဒီယိုတွေကို Twitter မှာ မျှဝေခဲ့ကြပြီး မင်းသား Cruise ဟာ ဘေးအကာအရံ မရှိဘဲ အံ့သြဖွယ်ကောင်းတဲ့ စတန့်ပြကွက်ကို လုပ်ဆောင်ခဲ့တာ တွေ့ရပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လမှာ Daily Mail မီဒီယာဟာ အင်္ဂလန်နိုင်ငံ၊ Oxfordshire မြို့မှာ အသက် ၅၈ နှစ်အရွယ် မင်းသား Cruise စတန့်ပြကွက်လေ့ကျင့်နေတဲ့ ဗီဒီယိုကို ရရှိခဲ့ပါတယ်။ Mail မီဒီယာရဲ့အဆိုအရ အဲ့ဒီ ဗီဒီယိုဟာ ရိုက်ကူးကုန်ကျစရိတ် ဒေါ်လာ ၂ ဒသမ ၆ သန်းကျော်ရှိတဲ့ သတ္တမမြောက် “Mission: Impossible” ရုပ်ရှင်ထဲမှာ ပါဝင်မယ့် စတန့်ပြကွက် တစိတ်တပိုင်း ဖြစ်ပါတယ်။

သတင်းရင်းမြစ်တွေရဲ့အဆိုအရ မင်းသား Cruise ဟာ လာမယ့် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လမှာ သူ အသက် ၆၀ မပြည့်ခင် အဋ္ဌမမြောက်နဲ့ နောက်ဆုံး “Mission: Impossible” ရုပ်ရှင်ကို ရိုက်ကူးဖို့ ဆန္ဒပြင်းပြနေတယ်လို့ ဆိုပါတယ်။ သူဟာ အသက် ၆၀ ပြည့်ပြီးသွားရင်တော့ စတန့်တွေကို လုပ်ဆောင်တော့မှာ မဟုတ်ဘူးလို့လည်း သိရပါတယ်။

အတွင်းသတင်းတခုက “မင်းသားဟာ နောက်ဆုံးရုပ်ရှင်အတွက် အထိမ်းအမှတ်ဖြစ်စေမယ့် စတန့်တွေသက်သက်ချည်းတော့ သူလုပ်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ သူ့ရဲ့အထူးမွေးနေ့ကို ရောက်မယ့် အချိန်ကျရင်တော့ သူက နှစ်ပေါင်း ၆၀ လောက် လုပ်လာခဲ့တဲ့ အဲ့ဒါတွေကို လုပ်ချင်မှာ မဟုတ်တော့ပါဘူး” လို့ Mail မီဒီယာကို ပြောကြားခဲ့ပါတယ်။

Ref: etcanada

You may also like these stories:

အမေရိကန် ရုပ်ရှင်ရုံတွေမှာ “Tenet” ရုပ်ရှင် ဒေါ်လာ သန်း ၂၀ ကျော် ဝင်ငွေရ

BTS ကြောင့် ကိုရီးယားစစ်မှုထမ်းဥပဒေ အပြောင်းအလဲ လုပ်ဖို့ရှိနေ

Jamal Khashoggi လုပ်ကြံ သတ်ဖြတ်ခံရမှုအကြောင်း မြင်တွေ့ရမယ့် မှတ်တမ်းရုပ်ရှင်

Loading