Entertainment

အနုပညာလောကထဲက ပျောက်ကွယ်သွားပြီး ချမ်းမီမီကို ဘာတွေ လုပ်နေခဲ့လဲ

Want create site? Find Free WordPress Themes and plugins.

အိမ်ထောင်ကျပြီးနောက် အနုပညာလောကကနေ ခေတ္တ ပျောက်ကွယ်သွားခဲ့တဲ့ မော်ဒယ်၊ သရုပ်ဆောင် ချမ်းမီမီကိုကတော့ အခုအခါ ပရိသတ်ရှေ့ကို ပြန်လည် ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။ အဲဒီအချိန်ကာလတွေမှာ ဘာတွေလုပ်နေခဲ့လဲဆိုတာ ချမ်းမီမီကိုက ဧရာဝတီကို အခုလို ပြောပြခဲ့ပါတယ်။

“ကိုယ်က မလုပ်ဖြစ်ဘူးဆိုတာကလည်း အိမ်ထောင်ပြုလိုက်တဲ့အတွက် ပရိသတ် အားမပေးတော့မှာ တကြောင်း၊ ကိုယ်ဘာလုပ်မလဲဆိုတာ စဉ်းစားပြီးတော့ ရွေးချယ်နေတဲ့အချိန်မှာ တရားစခန်း ဝင်ဖြစ်တယ်။ ကိုယ့်ရဲ့ဘာသာအလိုက် အချိန်ပေးပြီး လေ့လာဖြစ်လိုက်တယ်။ ကိုယ်လည်း တည်ငြိမ်ပြီးတော့ ဆုံးဖြတ်ချက်တခု ချနိုင်မယ် မြင်လို့ပါ” လို့ ချမ်းမီမီကိုက ပြောပါတယ်။

ဒီအချိန်ကာလ ကြားထဲမှာလည်း အများကြီး ပြင်ဆင်လေ့လာခဲ့ရပြီး အချိန်တခုကို စောင့်နေခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

“ကြားထဲမှာ ဘယ်လို အချိန်ယူလိုက်ရလဲဆိုရင် တခါတလေကျရင် အလုပ်တခုက သူ့ရဲ့အချိန်ကျမှ လုပ်ရတာမျိုးလည်း ရှိတယ်။ အများကြီးပြင်ဆင်ရတာပေါ့။ နားနေတဲ့အချိန်မှာ ဘာတွေလုပ်လဲဆိုရင် ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာ လေ့လာရတယ်။ ဘယ်နေရာမဆို၊ ဘယ်ပတ်ဝန်းကျင်မဆို အနုပညာနဲ့ပတ်သက်ပြီး သင်ယူစရာတွေ အများကြီး ရှိတယ်။ အဲ့လို မြင်ပါတယ်” လို့ ချမ်းမီမီကိုက ပြောပါတယ်။

ဆက်လက်ပြီး “လူတယောက်မှာ အချိန်တခု လိုတယ်။ ကိုယ်က အရမ်းလုပ်ချင်နေပေမယ့်လည်း အချိန်မကျသေးတာတွေ ရှိတယ်။ အခုအချိန်က ကိုယ့်အတွက် အချိန်ကောင်းတခုဖြစ်တာက ဘာလဲဆိုတော့ ကိုယ့်ရဲ့ ညီအစ်ကို မောင်နှမတွေ အားလုံးကလည်း အလုပ်လုပ်နေဆဲ ဖြစ်တယ်။ ရင်းနှီး ကျွမ်းဝင်ကြတယ်။ ကိုယ့်ရဲ့ဆရာသမားတွေလည်း အများကြီး ရှိတယ်။ သူတို့ဆီက သင်ယူရမယ့်လေ့လာရမယ်။ အနုပညာလောကကို ပြန်ပြီး ထိုးဖောက်ရမယ်လို့ မြင်တယ်”လို့ ပြောပါတယ်။

အချိန်တခုလည်း ခြားနားသွားပြီဖြစ်တဲ့အတွက် အပြောင်းအလဲတွေကို ဘယ်လိုမြင်လဲဆိုတာကိုတော့ ချမ်းမီမီကိုက အခုလို ပြောပါတယ်။

“ခေတ်အပေါ်မှာ မူတည်ပြီး ပြောင်းလဲလာပြီဆိုတော့ အရင်လိုမျိုး တခုခု ချပြချင်ပြီဆိုရင် အထူးပြုစရာ မလိုတော့ဘဲနဲ့ ပညာရှိနည်းလေးတွေ သုံးတတ်လာပေါ့။ အနုပညာမှာလည်း ချပြစရာတွေ အများကြီးရလာတယ်လို့ မြင်တယ်။ အဲ့အတွက်ကြောင့် အဲဒါတွေကို လေ့လာတယ်။ ကိုယ်လျှောက်လှမ်းမယ့်လမ်းမှာ ဘာတွေ ခေတ်စားနေလဲ ကိုယ့်နိုင်ငံမှာမှ မဟုတ်ဘူး။ သူများနိုင်ငံမှာ ရုပ်ရှင်နဲ့ ပတ်သက်ပြီးတော့ဘာတွေ ခေတ်စားလဲ။ ပရိသတ်တွေက ဘာတွေအကြိုက်များလဲဆိုတာကို လေ့လာဖြစ်ပါတယ်” လို့ ချမ်းမီမီကိုက ပြောပါတယ်။

ချမ်းမီမီကိုကတော့ အသက် ၁၆ နှစ်အရွယ်မှာ အလှမယ်တယောက်ဖြစ်လာခဲ့ပြီး သရုပ်ဆောင်တယောက်အဖြစ် ဗီဒီယိုဇာတ်ကားများ၊ ရုပ်ရှင်ဇာတ်ကားများ ရိုက်ကူးခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ၂၀၁၄ ခုနှစ်မှာ အိမ်ထောင်ကျသွားခဲ့ပြီး အနုပညာလောကမှ ပျောက်ကွယ်သွားကာ အိမ်ထောင်မှု တာဝန်များနဲ့အတူ အသက် ၅ နှစ်အရွယ် သားလေးတယောက်ကို ပိုင်ဆိုင်ထားပါတယ်။

You may also like these stories:

နိုင်ငံသားတယောက်အနေနဲ့ တာဝန်ကျေအောင် မဲပေးမယ့် အဆိုတော် ပိုပို

“ညှို့သောပင်လယ် ဆွဲငင်သောလမင်း”ရဲ့ မူရင်းအဆိုတော် Rဇာနည်နဲ့ မီးမီးခဲဖြစ်

“ပဋိပက္ခ” သီချင်းနဲ့ Coach တွေကို အံ့သြစေခဲ့တဲ့ ယုဇန

Did you find apk for android? You can find new Free Android Games and apps.
Loading