ဘောလိဝုဒ်မင်းသမီး Rhea Chakraborty ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၈ ရက်နေ့တုန်းက အိန္ဒိယဖက်ဒရယ် မူးယစ်အေးဂျင်စီရဲ့ ဖမ်းဆီးမှုကို ခံခဲ့ရတယ်လို့ အဲ့ဒီအဖွဲ့ရဲ့ ပြောခွင့်ရသူက ဆိုပါတယ်။
မင်းသမီး Chakraborty ဟာ သူ့ရဲ့ချစ်သူ မင်းသား Sushant Singh Rajput သေဆုံးခဲ့မှုနဲ့ ပတ်သက်လို့ ဖက်ဒရယ်အေဂျင်စီတွေရဲ့ စုံစမ်းစစ်ဆေးမှုတွေကို ခံနေရပါတယ်။ ဒါပေမဲ့ မင်းသမီးရဲ့ အဖမ်းခံရမှုဟာ အဲ့ဒီအမှုနဲ့ ဆက်စပ်နေသလား ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ အေဂျင်စီရဲ့ ပြောခွင့်ရသူကတော့ အသေးစိတ် အချက်အလက်တွေကို ထုတ်မပြောခဲ့ပါဘူး။
မင်းသား Sushant ကွယ်လွန်ခဲ့မှုနဲ့ အဲ့ဒီကိစ္စ အကြောင်းအခြေအနေတွေဟာ ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း အိန္ဒိယသတင်းမီဒီယာတွေမှာ တော်တော်လေး လူပြောများခဲ့ပါတယ်။ မင်းသားနဲ့ ပတ်သက်တဲ့သတင်းတွေဟာ နိုင်ငံတွင်း COVID-19 ကူးစက်ခံရသူ မြင့်တက်နေတယ်ဆိုတဲ့ သတင်း၊ လေယာဉ်ပျက်ကျမှုကြောင့် လူ ၁၈ ဦးသေဆုံးခဲ့တဲ့ သတင်းနဲ့ စီးပွားရေးကျဆင်းမှုတွေရှိနေတယ်ဆိုတဲ့ သတင်းတွေကိုတောင် ကျော်တက်သွားခဲ့ပါတယ်။
မင်းသား Chakraborty အဖမ်းခံလိုက်ရပြီဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာတဲ့အချိန်မှာ သူ့ရဲ့ ရှေ့နေ Satish Maneshinde က ဒါဟာ တရားမျှတမှုကိုလွဲမှားစွာ အသုံးချခံရခြင်းလို့ ပြောဆိုခဲ့ပါတယ်။ မင်းသား Sushant ရဲ့ မိသားစုတွေရဲ့ မင်းသားသေဆုံးမှုနဲ့ ပတ်သက်လို့ မင်းသမီးမှာ တာဝန်ရှိကြောင်း စွပ်စွဲခံခဲ့ရပြီးတဲ့နောက် မင်းသမီးဟာ စုံစမ်းစစ်ဆေးခံနေရတာလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့လတုန်းက အိန္ဒိယဗဟိုစုံစမ်းစစ်ဆေးရေး ဗျူရိုကနေ ထုတ်ပြန်တဲ့ အစီရင်ခံစာအရ သေကြောင်းကြံစည်ရန် တွန်းအားပေးမှု၊ ရာဇဝတ်မှုဆိုင်ရာ ပူးပေါင်းကြံစည်မှု၊ ပစ္စည်းခိုးမှုတွေနဲ့ စွပ်စွဲခံထားရပါတယ်။
ရုပ်သံလိုင်းတွေမှာ ထုတ်လွှင့်ခဲ့တဲ့ ဗီဒီယိုထဲမှာတော့ မင်းသမီးဟာ မွမ်ဘိုင်းမြို့မှာရှိတဲ့ ဗဟိုထောက်လှမ်းရေး ဗျူရိုရုံးကနေ ထွက်ဖို့ ရဲကားထဲကို မဝင်မီ မီဒီယာတွေကို လက်ပြ နှုတ်ဆက်ခဲ့တာ တွေ့ရပါတယ်။ မင်းသမီးရဲ့ အစ်ကိုဖြစ်သူ Showik ဟာလည်း ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက အေဂျင်စီရဲက ဖမ်းဆီးမှုကို ခံခဲ့ရတယ်လို့ ဒေသတွင်း မီဒီယာတွေမှာ ဖော်ပြကြပါတယ်။
Ref: asiaone
You may also like these stories:
“Mulan” ရုပ်ရှင် ဆိုးရွားတဲ့ သုံးသပ်ချက်တွေ ရင်ဆိုင်နေရ
Mission: Impossible ရုပ်ရှင်သစ်အတွက် အကြမ်းစားစတန့် လုပ်ခဲ့တဲ့ Tom Cruise
အမေရိကန် ရုပ်ရှင်ရုံတွေမှာ “Tenet” ရုပ်ရှင် ဒေါ်လာ သန်း ၂၀ ကျော် ဝင်ငွေရ