• English
Tuesday, May 20, 2025
No Result
View All Result
NEWSLETTER

32 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

ဇာတ်လမ်းတွဲအသစ်မှာ ပါဝင်လာနိုင်တဲ့ မင်းသား ဂျိုအင်ဆောင်နဲ့ မင်းသမီး ဟန်ဟိုဂျူး

by Aurora
10 September 2020
in Entertainment
A A
မင်းသား ဂျိုအင်ဆောင်နဲ့ မင်းသမီး ဟန်ဟိုဂျူး

မင်းသား ဂျိုအင်ဆောင်နဲ့ မင်းသမီး ဟန်ဟိုဂျူး

6.1k
VIEWS
Share on FacebookShare on Twitter

ရုပ်သံစီးရီးတွေမှာ ပျောက်ကွယ်နေတာကြာပြီဖြစ်တဲ့ မင်းသား ဂျိုအင်ဆောင်နဲ့ မင်းသမီး ဟန်ဟိုဂျူး တို့ နှစ်ယောက်ကို ဇာတ်လမ်းတွဲအသစ်အတွက် ကမ်းလှမ်းထားပါတယ်။ “Moving” လို့ ယာယီနာမည်ပေးထားတဲ့ webtoon အခြေခံဇာတ်လမ်းတွဲမှာ သူတို့နှစ်ဦးအပြင် မင်းသား ချာတေးဟွန်းကိုလည်း ဆက်သွယ်ထားတယ်လို့ ဆိုပါတယ်။

စက်တင်ဘာ ၉ ရက်နေ့က မီဒီယာတွေမှာ ဖော်ပြချက်အရ ၂၀၁၆ ခုနှစ်နောက်ပိုင်း ရုပ်သံစီးရီးတွေမှာ မတွေ့ရတော့တဲ့ မင်းသား ဂျိုအင်ဆောင်ကို ဇာတ်လမ်းတွဲအသစ်မှာ ပါဝင်ဖို့ ကမ်းလှမ်းထားတဲ့အကြောင်း ရေးသားထားပါတယ်။ ဒါ့အပြင် မင်းသား ချာတေးဟွန်းကိုလည်း ဆက်သွယ်ထားတယ်လို့ ဆိုပါတယ်။

RelatedPosts

စစ်ကောင်စီကြောင့် ‌ဆေးဝန်ထမ်းများ တိမ်းရှောင်နေရပြီး ငလျင်နောက်ဆက်တွဲ ကျန်းမာရေး အခက်ကြုံ

စစ်ကောင်စီကြောင့် ‌ဆေးဝန်ထမ်းများ တိမ်းရှောင်နေရပြီး ငလျင်နောက်ဆက်တွဲ ကျန်းမာရေး အခက်ကြုံ

20 May 2025
197
မဟာ အလက်ဇန္ဒား

မဟာ အလက်ဇန္ဒား

18 May 2025
783
အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

17 May 2025
1.5k

အဆိုပါ သတင်းတွေနဲ့ ပတ်သက်ပြီး မင်းသား ချာတေးဟွန်း အေဂျင်စီ Blossom Entertainment ဘက်ကလည်း အတည်ပြုပါတယ်။ “မင်းသားက Moving ဇာတ်လမ်းတွဲအသစ်မှာ ပါဝင်ဖို့ ကမ်းလှမ်းခံထားရပါတယ်။ အခု ဇာတ်ညွှန်း ဖတ်ကြည့်နေပါတယ်” လို့ ပြောပါတယ်။

မင်းသား ဂျိုအင်ဆောင်ရဲ့ အေဂျင်စီ IOK Company ကလည်း “မင်းသား ကမ်းလှမ်းခံထားရတယ်ဆိုတာ မှန်ပါတယ်။ ဇာတ်ညွှန်းလည်း ဖတ်နေပါတယ်။ ဒါရိုက်တာ မိုဝမ်အီနဲ့တော့ ပြောဆိုတာမျိုး မရှိသေးပါဘူး” လို့ ဆိုပါတယ်။ သြဂုတ်လကလည်း မင်းသမီး ဟန်ဟိုဂျူး အဆိုပါ ဇာတ်လမ်းတွဲအတွက် ကမ်းလှမ်းခံထားရတာကို အတည်ပြုထားပါတယ်။

“Moving” ဟာ စာရေးဆရာ Kang Full ရဲ့ webtoon ကို အခြေခံထားတာဖြစ်ပြီး အထက်တန်း ကျောင်းသားတယောက်နဲ့ မိဘတွေကြားက လျှို့ဝှက်ချက်အကြောင်းကို ရေးသားထားတာဖြစ်ပြီး “Misty” နဲ့ “The World of the Married” ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ မိုဝမ်အီက ပုံဖော်ရိုက်ကူးသွားမှာဖြစ်ပါတယ်။

မင်းသား ဂျိုအင်ဆောင်သာ အခုဇာတ်လမ်းတွဲကို လက်ခံမယ်ဆိုရင် ၂၀၁၆ ခုနှစ်က ထွက်ရှိခဲ့တဲ့ tvN ရုပ်သံစီးရီး “Dear My Friends” နောက်ပိုင်း ပြန်လည် ရိုက်ကူးမယ့် ဇာတ်လမ်းလည်း ဖြစ်လာပါလိမ့်မယ်။ မင်းသမီး ဟန်ဟိုဂျူးအတွက်လည်း လွန်ခဲ့တဲ့ ၅ နှစ်က ရိုက်ကူးခဲ့တဲ့ “W” ဇာတ်လမ်းအပြီး ပထမဆုံး ပြန်မြင်တွေ့ရမယ့် ဇာတ်လမ်း ဖြစ်လာနိုင်ပါတယ်။

မင်းသား ဂျိုအင်ဆောင်ဟာ တွဲဖက်သရုပ်ဆောင်အဖြစ် ကမ်းလှမ်းခံထားရတဲ့ မင်းသား ချာတေးဟွန်းနဲ့လည်း ရင်းနှီးတဲ့ ဆက်ဆံရေး ရှိတာကြောင့် “2 Days & 1 Night” ၊ “Radio Star” စတဲ့ အစီအစဉ်တွေမှာလည်း ဧည့်သည်အဖြစ် သွားရောက်ခဲ့ဖူးပါတယ်။

သတင်းတွေအရ “Moving” ဇာတ်လမ်းတွဲအတွက် သရုပ်ဆောင် ရွေးချယ်မှုတွေ ပြုလုပ်နေပြီး ကမ်းလှမ်းထားတာတွေကို လက်ခံရရှိမယ်ဆိုရင် နောက်နှစ်ထဲမှာ ထုတ်လွှင့်သွားဖို့ စီစဉ်ထားပေမယ့် ရက်အတိအကျကိုတော့ မပြောနိုင်သေးဘူးလို့ ဆိုပါတယ်။

Ref: Soompi

You may also like these stories:

Blackpink အဖွဲ့ရဲ့ မှတ်တမ်းရုပ်ရှင်ကို Netflix မှာ ပြသမည်

BTS ကြောင့် ကိုရီးယားစစ်မှုထမ်းဥပဒေ အပြောင်းအလဲ လုပ်ဖို့ရှိနေ

Billboard Single Chart မှာ သမိုင်းမှတ်တမ်းတင်ခဲ့တဲ့ BTS အဖွဲ့

Your Thoughts …
Tags: “Moving” ဇာတ်လမ်းတွဲဂျိုအင်ဆောင်ဟန်ဟိုဂျူး
Aurora

Aurora

Contributor

Similar Picks:

No Content Available
Next Post
ရန်ကုန်မြို့ရှိ တရားရုံး တွင် ကြေညာထားသည့် ဆိုင်းဘုတ် တခု / ထက်ဝေ / ဧရာဝတီ

COVID-19 ကြောင့် ရန်ကုန်တရားရုံးချိန်းများ ရွှေ့ဆိုင်း

ချင်းပြည်နယ် စည်ပင်ဝန်ကြီး ဦးစိုးထက်  /  ထက်ဝေ / ဧရာဝတီ

ချင်းစည်ပင်ဝန်ကြီးနှင့် အဖွဲ့ ပစ်ခတ်ခံရသဖြင့် ပလက်ဝမှ မပြန်နိုင်သေး

No Result
View All Result

Recommended

မျက်ရည်ကျရုံကလွဲလို့  ဘာမှမတတ်နိုင်ဘူး

မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

6 days ago
2.5k
မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

1 week ago
7.4k

Most Read

  • အိန္ဒိယစစ်တပ်ပစ်ခတ်၍ တမူးပကဖ ၁၀ ဦး သေဆုံး

    အိန္ဒိယစစ်တပ်ပစ်ခတ်၍ တမူးပကဖ ၁၀ ဦး သေဆုံး

    shares
    Share 0 Tweet 0
  • စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)

    shares
    Share 0 Tweet 0
  • ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

    shares
    Share 0 Tweet 0
  • LNG သင်္ဘောကြီး တကယ်ပြန်လာနိုင်သလား

    shares
    Share 0 Tweet 0
  • သံဃာဆိုးများကြောင့် ဗုဒ္ဓဘာသာ အကြည်ညို ပျက်ရ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate