သရုပ်ဆောင် အကယ်ဒမီ နေတိုးက စက်တင်ဘာလ ၉ ရက်နေ့က ကျရောက်ခဲ့တဲ့ သူ့ရဲ့ အသက် ၃၉ နှစ်ပြည့်မွေးနေ့မှာ မွေးနေ့အမှတ်တရ အလှူအဖြစ် ရခိုင်ပြည်နယ်မှ အခြေခံပြည်သူ အိမ်ထောင်စု ၃၉ စုစာအတွက် အခြေခံစားသောက်ကုန်များ လှူဒါန်းခဲ့ပါတယ်။
“အလိုတော်ပြည့်ဆရာတော်ဘုရားကြီးအား ဦးထိပ်ထားလျက် ရုပ်ရှင်သရုပ်ဆောင်၊ အဆိုတော် အကယ်ဒမီ နေတိုးရဲ့ မွေးနေ့ အထိမ်းအမှတ် ကုသိုလ်အဖြစ် ရခိုင်ပြည်နယ် အခြေခံပြည်သူများအတွက် အိမ်ထောင်စု ၃၉ စုစာ လှူဒါန်းပါတယ်” လို့ အသျှင်ကုမာရက မိန့်ကြားထားပါတယ်။
COVID-19 ကပ်ရောဂါ ကာလအတွင်း ရခိုင်ပြည်နယ်မှ အခြေခံပြည်သူများအတွက် အခြေခံ စားသောက်ကုန် ၁၈ မျိုးပါဝင်တဲ့ ဘူး ၁ ဘူးကို အိမ်ထောင် တစုအတွက် ငွေကျပ် ၂ သောင်းခွဲဖိုးကို ရန်ကုန်မြို့၊ တာမွေမြို့နယ်ရှိ အလိုတော်ပြည့်ကျောင်းတိုက် ဆရာတော် အသျှင်ကုမာရထံသို့ နေတိုးက မွေးနေ့ အထိမ်းအမှတ် လှူဒါန်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
“ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်နေတဲ့ COVID-19 ကာလအတွင်း အခြေခံပြည်သူများအတွက် အခြေခံစားသောက်ကုန် (၁၈) မျိုးပါဝင်တဲ့၊ တဘူးကို တအိမ်ထောင်အတွက် ကျပ် ၂၅၀၀၀ တန်ဖိုးရှိပြီး အခြေခံပြည်သူများအတွက် ဒီကနေ့ ရန်ကုန်မြို့၊ တာမွေမြို့နယ် ၊အလိုတော်ပြည့်ကျောင်းတိုက် အသျှင်ကုမာရထံသို့ ပေးအပ်လှူဒါန်းခဲ့ပါတယ်။ အလိုတော်ပြည့်ပါစေ” လို့ အသျှင်ကုမာရက မိန့်ပါတယ်။
သရုပ်ဆောင် နေတိုးကတော့ ကိုဗစ်ကာလအတွင်း ရခိုင်တိုင်းရင်းသားများအတွက်သာမက ရုပ်ရှင်လောကသားများအတွက်လည်း လှူဒါန်းမှုများများစွာ လုပ်နေတာ တွေ့ရပါတယ်။
စက်တင်ဘာလ ၉ ရက်နေ့မှာ ကျရောက်ခဲ့တဲ့ သူ့ရဲ့မွေးနေ့မှာတော့ ငွေကျပ်သိန်း ၆၀၀ တန်ဖိုးရှိ ကား ၁ စီး မွေးနေ့လက်ဆောင် ရရှိခဲ့ပါတယ်။
You may also like these stories:
“ကျန်းမာရေးဝန်ထမ်းတွေကို စာနာရင် ကူညီပေးကြပါ”လို့ နိုင်းနိုင်း ပြော
အနုပညာလောကထဲက ပျောက်ကွယ်သွားပြီး ချမ်းမီမီကို ဘာတွေ လုပ်နေခဲ့လဲ
ဇာတ်လမ်းတွဲအသစ်မှာ ပါဝင်လာနိုင်တဲ့ မင်းသား ဂျိုအင်ဆောင်နဲ့ မင်းသမီး ဟန်ဟိုဂျူး