ကိုဗစ်ကြောင့် မြန်မာ့ရုပ်ရှင် ရာပြည့် ဖျော်ဖြေပွဲကို မသွားဖြစ်တဲ့ ဖြူဖြူကျော်သိန်း
မြန်မာ့ရုပ်ရှင် နှစ် ၁၀၀ ပြည့် အထိမ်းအမှတ်အနေနဲ့ အပတ်စဉ် သောကြာနေ့တိုင်း ဖျော်ဖြေ တင်ဆက်လျက်ရှိတဲ့ အစီအစဉ်မှာ ရုပ်ရှင်ဇာတ်ဝင်တေး ဆိုဖို့ရှိတဲ့ အဆိုတော် ဖြူဖြူကျော်သိန်းကတော့ COVID-19 ရောဂါကြောင့် ယခုတပတ်မှာ မဖျော်ဖြေဖြစ်ဘူးလို့ သိရပါတယ်။
“ဒီည မြန်မာ့ရုပ်ရှင် ရာပြည့် အထိမ်းအမှတ် ဂုဏ်ပြုဖျော်ဖြေပွဲ MRTV Live ကို ဖြူဖြူနဲ့ အနုပညာမောင်နှမတချို့ ခွင့်ယူပါတယ်။ ဖြူဖြူတို့ကိုယ်တိုင် ကျန်းမာနေကြပေမယ့် အခုလို COVID-19 Second Wave ရိုက်ခတ်နှုန်း ပြင်းထန်နေချိန်မှာ “Stayhome Staysafe” ဆိုတဲ့ COVD-19 Safety Measure တွေကို ဦးစားပေးချင်လို့ အခုလို ဆုံးဖြတ်လိုက်ကြတာပါ” လို့ ဖြူဖြူကျော်သိန်းက ဆိုပါတယ်။
လာမယ့် အပတ်စဉ်တွေမှာ အခြေအနေများ တည်ငြိမ်သွားခဲ့ရင် အဖွဲ့လိုက် ရိုက်ကူးရေးများကို ပြန်လည် လက်ခံရိုက်ကူး ဖျော်ဖြေပေးသွားမယ်လို့ သိရပါတယ်။
လတ်တလောမှာတော့ ဖြူဖြူကျော်သိန်းက သူ့ရဲ့ Official Page နဲ့ တခြားသော Page များကနေ တကိုယ်တော် ဖျော်ဖြေမှုများနဲ့ စိတ်အပန်းဖြေကြပါလို့လည်း ဆိုပါတယ်။
“လောလောဆယ်တော့ ဒီ Official Page နဲ့ အခြား Page တွေကနေ တကိုယ်တော် ဖျော်ဖြေမှု အခွီအနှောက် အတည်ပေါက်လေးတွေနဲ့ပဲ စိတ်အပန်းဖြေ ကျေနပ်နှင့်ကြဦးနော်” လို့ ဖြူဖြူကျော်သိန်းက ပြောပါတယ်။
ဆက်လက်ပြီး “ရုပ်ရှင်ရာပြည့် Live မှာဖျော်ဖြေမယ့်သီချင်းက ရွှေကြာရုပ်ရှင် ဇာတ်ဝင်တေး “အရှေ့တံခါးအဝင်” ပါ။ အားလုံးကျန်းမာ ပျော်ရွှင်အန္တရာယ်ကင်းကြပါစေရှင်” လို့ ဖြူဖြူကျော်သိန်းက ဆိုပါတယ်။
မြန်မာ့ရုပ်ရှင်နှစ် ၁၀၀ ပြည့်ကို ဂုဏ်ပြုသောအားဖြင့် မြန်မာ့ရုပ်ရှင်တေးသီချင်း အပုဒ် (၁၀၀) ကို တေးဂီတအဖွဲ့များ၊ နိုင်ငံကျော်တေးသံရှင်များရဲ့ ဖျော်ဖြေမှုများကို အပတ်စဉ် သောကြာနေ့တိုင်း ည ၈ နာရီ သတင်းအပြီးတွင် MRTV နှင့် MRTV Facebook Page များမှာ တိုက်ရိုက်ထုတ်လွှင့် ပြသလျက် ရှိပါတယ်။
ရုပ်ရှင်နှစ် ၁၀၀ ပြည့် ဖွင့်ပွဲ အခမ်းအနားကို အောက်တိုဘာလ ၁၃ ရက်နေ့မှာ ရန်ကုန်မြို့၊ ပြည်သူ့ရင်ပြင်မှာ ကျင်းပသွားမှာဖြစ်ပြီး နိုင်ငံတော်အကြီးအကဲတွေပဲ တက်ရောက်သွားမှာ ဖြစ်ပေမယ့် တခြားအစီအစဉ်များကိုတော့ အွန်လိုင်းကနေသာ ပြုလုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
You may also like these stories:
“နောက်အိမ်ထောင်ပြုဖို့အတွက် စကား အကုန် မပြောချင်သေးဘူး”လို့ ချမ်းမီမီကို ဆို
“ပဋိပက္ခ” သီချင်း အမှတ်တရအကြောင်း ပြောပြတဲ့ ရန်ရန်ချမ်း
ရခိုင်ပြည်နယ်ရှိ အိမ်ထောင်စု ၃၉ စုစာအတွက် မွေးနေ့အလှူလုပ်ခဲ့တဲ့ နေတိုး