ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ပိုင်းတုန်းက ဆိုရှယ်မီဒီယာပေါ်မှာ ကိုယ်ရေးကိုယ်တာနဲ့ ဆိုင်တဲ့ မဖွယ်မရာ ဓာတ်ပုံ တပုံ မတော်တဆ တင်ခဲ့တဲ့ မင်းသား Chris Evans က အခုလိုမျိုး ရှက်ရွံ့ဖို့ကောင်းတဲ့ အခြေအနေ တလျှောက်လုံးမှာ သူ့ကို ထောက်ခံအားပေးခဲ့ကြတဲ့ ပရိသတ်တွေကို ကျေးဇူးတင်စကားဆိုခဲ့ပါတယ်။ မင်းသားဟာ Instagram ကနေ ဗီဒီယိုတခု မျှဝေခဲ့တာ ဖြစ်ပါတယ်။
အဲ့ဒီ ဗီဒီယိုထဲမှာ မင်းသား Chris က “ကြည့်ပါဦး။ အရမ်းစိတ်ဝင်စားဖို့ကောင်းတဲ့ သီတင်းပတ်ကုန်ပိုင်း ဖြစ်ခဲ့ပါတယ်။ သင်ခန်းစာတွေ တော်တော်များများကို လေ့လာခဲ့ရပါတယ်။ ဘာတွေဖြစ်ခဲ့လဲ ဆိုတာ ခင်ဗျားတို့ သိမှာပါ။ တော်တော်လေး ရှက်ဖို့ကောင်းပါတယ်။ ဒါပေမဲ့ ခင်ဗျားတို့ လုပ်သင့်လုပ်ထိုက်တာကို လုပ်ခဲ့ကြပါတယ်။ကျနော့်ကို အားပေးထောက်ခံကြတဲ့ ထူးခြားလွန်းတဲ့ ပရိသတ်တွေ ကျနော့်ဆီမှာ ရှိတယ်။ တကယ့် တကယ်ကိုပဲ ကောင်းပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။
မင်းသားဟာ မတော်တဆ တင်ခဲ့မိတဲ့ အဲ့ဒီပို့စ်ကို အလျင်အမြန် ဖျက်ပစ်ခဲ့ပေမယ့် သူ့ရဲ့ Follower ၆ သန်းလောက်က အဲ့ဒီပို့စ်ကို မြင်တွေ့ခဲ့ကြပြီး ဖြစ်ပါတယ်။ ဒါပေမဲ့ မင်းသားရဲ့ သူငယ်ချင်းတွေနဲ့ ပရိသတ်တွေကတော့ သူ့ကို လျင်လျင်မြန်မြန်ပဲ ထောက်ခံအားပေးခဲ့ကြပါတယ်။
မင်းသား Jameela Jamil က “မင်းက မင်းရဲ့ တိုင်းပြည်အတွက် လုပ်ခဲ့တာပဲ” ဆိုပြီး အားပေးခဲ့ပါတယ်။ မင်းသားရဲ့ ညီဖြစ်သူ Scott Evans က “မနေ့က ဆိုရှယ်မီဒီယာပေါ်မှာ ဘာတွေ ဂယက်ထသွားတာလဲ။ ငါဘာတွေ မသိလိုက်တာလဲ” လို့ Twitter မှာ ရေးသားခဲ့ပါတယ်။
အဲ့ဒီပို့စ်နဲ့ ပတ်သက်လို့ မင်းသား Chris က ပြောဆိုတာမျိုး ရပ်ဆိုင်းသွာတာတော့ မရှိပါဘူး။ အခုလို ကိစ္စဖြစ်ပြီး Twitter မှာ တင်ခဲ့တဲ့ ပထမဆုံးပို့စ်မှာတော့ မင်းသားက “အခု ခင်ဗျားတို့ ကျနော့်ကို အာရုံ စိုက်လာကြပြီ။ နိုဝင်ဘာ ၃ ရက်နေ့မှာ မဲပေးကြပါ” လို့ ရေးသားခဲ့ပါတယ်။
“Knives Out” ရုပ်ရှင်မှာ မင်းသားနဲ့အတူ အလုပ်အတူ တွဲလုပ်ခဲ့တဲ့ မင်းသမီး Jamie Lee Curtis က “ငါ့မောင်ရေ။ ဂုဏ်ယူပါတယ်ကွယ်။ မမတော့ မင်းကို အာရုံ စိုက်မိပြီ” လို့ တုံ့ပြန်ရေးသားခဲ့ပါတယ်။
မင်းသား Chris ဟာ Captain America ဇာတ်ကောင်ကို ၂၀၁၉ ခုနှစ်မှာထွက်ရှိခဲ့တဲ့ “Avengers: Endgame” ရုပ်ရှင်မှာ သရုပ်ဆောင်ခဲ့ပြီး Marvel နဲ့ လက်တွဲခဲ့တဲ့ ကာလရှည် ခရီးလမ်းကို အပြီးသတ်ခဲ့ပါတယ်။ မင်းသားဟာ Apple TV+ ကနေပြသခဲ့တဲ့ “Defending Jacob” စီးရီးမှာ ပါဝင်ခဲ့ပြီး ရုပ်သံစီးရီးလောကထဲမှာ ပွဲဦးထွက်လာခဲ့ပါတယ်။
အဲ့ဒီနောက် ဒါရိုက်တာ Joe နဲ့ Anthony Russo တို့ရိုက်ကူးမှာဖြစ်ပြီး မင်းသား Ryan Gosling နဲ့အတူ သရုပ်ဆောင်ရမယ့် Netflix ရဲ့ ကုန်ကျစရိတ်အများဆုံးရုပ်ရှင် “The Gray Man” မှာလည်း ပါဝင်လာမယ်လို့ ကြေညာထားပါတယ်။
Ref: hindustantimes
You may also like these stories:
Instagram မှာ ဝတ်လစ်စလစ်ပုံ မတော်တဆတင်မိခဲ့တဲ့ မင်းသား Chris Evans
ညီမကို ကယ်တင်ခဲ့တဲ့ ကောင်လေးအတွက် ဒိုင်းအစစ် ပို့ပေးမယ့် Chris Evans