တရုတ်အဆိုတော်၊ မင်းသား Huang Zitao ဟာ ဖခင် Huang Zhongdong ကွယ်လွန်ပြီးနောက် အံ့အားသင့်ရလောက်တဲ့ ငွေပမာဏ ယွမ်ဘီလီယံ ၂၀ ကို အမွေ ရရှိခဲ့တယ်လို့ ဆိုပါတယ်။ သူ့ရဲ့ ဖခင် Huang ဟာ အသက် ၅၂ နှစ်အရွယ်မှာ အဖျားရောဂါနဲ့ ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၁ ရက်နေ့က ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။
တောင်ကိုရီးယားနာမည်ကျော် K-pop အဖွဲ့ဖြစ်တဲ့ EXO ကနေ အသက် ၂၇ နှစ်အရွယ် သားဖြစ်သူ Zitao နုတ်ထွက်ခဲ့ပြီးနောက် သားအဖ နှစ်ယောက် ထူထောင်ခဲ့တဲ့ တရုတ်ဖျော်ဖြေရေးကုမ္ပဏီ L.TAO Entertainment ကနေ ဖခင်ရဲ့ နာရေးသတင်းကို ကြေညာခဲ့တာ ဖြစ်ပါတယ်။
အခုပိုင်ဆိုင်နေတဲ့ ကုမ္ပဏီနှစ်ခုအပြင် Huang ဟာ နောက်ထပ်ပိုင်ဆိုင်မှု ၄၊ ၅ ခု ရှိနေပြီး တရုတ်နိုင်ငံ၊ Qingdao မြို့မှာ သတ္တမမြောက် အချမ်းသာဆုံးပုဂ္ဂိုလ် ဖြစ်တယ်လို့ ဆိုပါတယ်။ တဦးတည်းသော သားဖြစ်တဲ့ Zitao ဟာ သူ လူလားမြောက်လာတဲ့ အချိန်အထိ ဖခင်ဖြစ်သူ ချမ်းသာမှန်း မသိခဲ့ဘူးလို့ ဆိုပါတယ်။
အရင်တုန်းက လုပ်ခဲ့တဲ့ အင်တာဗျူးတွေမှာတော့ Huang ဟာ သူ့မိသားစုရဲ့ငွေကြေး အခြေအနေကို သားဖြစ်သူထံ ဘယ်တုန်းကမှ မပြောခဲ့ဖူးဘူးလို့ ဆိုပါတယ်။ သူတို့ မိသားစုဟာ ဆင်းရဲချို့တဲ့ပြီး သူဆင်းရဲနေတဲ့ အချိန်မှာတောင် Zitao ကို ပြုစုပျိုးထောင်ခဲ့တာဖြစ်ကြောင်း သားဖြစ်သူကို ပြောခဲ့တယ်လို့ ဆိုပါတယ်။
သားဖြစ်သူ Zitao ဟာ အထက်တန်းကျောင်းကနေ ထွက်ခဲ့ရတဲ့အကြောင်းနဲ့ လက်ကမ်းစာစောင်တွေ ဝေခဲ့ရတဲ့ အလုပ်အကြောင်း Huang က ပြောဆိုခဲ့ဖူးပါတယ်။ ဒါပေမဲ့ အဲ့ဒီ လက်ကမ်းစာစောင်တွေ ဝေတဲ့နေရာဟာ ဖခင် Huang ရဲ့ ကုမ္ပဏီအရှေ့မှာဖြစ်နေကြောင်း Zitao က မသိခဲ့ဘူးလို့ ဆိုပါတယ်။
Huang က “ကျနော် ကားထဲမှာထိုင်ပြီး ဆောင်းတွင်းကာလကြီးမှာ လက်ကမ်းစာစောင်တွေ လိုက်ဝေနေတဲ့ Zitao ကို ကြည့်ပြီး ငိုခဲ့ရတယ်။ သူက အများပြည်သူသုံးယာဉ်နဲ့ အိမ်ပြန်တာကို ကြည့်နေခဲ့ရတယ်” လို့ ဆိုပါတယ်။ အခုလိုမျိုး Zitao ဟာ နေ့ချင်းညချင်းဆိုသလို ဘီလီယံနာဖြစ်ခဲ့ရပေမယ့် အနုပညာလုပ်ငန်းထဲကို ပြန်လာဦးမှာ ဖြစ်တယ်လို့ သူနဲ့ ရင်းနှီးတဲ့ သူငယ်ချင်းတွေက ဆိုပါတယ်။
သတင်းရင်းမြစ်တခုက “Zitao ဟာ အရာတိုင်းနီးပါး ဖခင်ရဲ့ ခွင့်ပြုချက်ကို ယူပါတယ်။ သူဟာ ဖခင်အပေါ် တော်တော်လေး မှီခိုသူ ဖြစ်ပါတယ်။ အခုတော့ သူ့အဖေ ရုတ်တရက် ကွယ်လွန်သွားခဲ့ပါပြီ။ တကယ့်ကို သူ့အတွက် ထိုးနှက်ချက် ဖြစ်ပါတယ်။ သူဟာ အရမ်း ပင်ပန်းနွမ်းနယ်နေပုံ ပေါ်ပါတယ်။ သူ့ကိုအနားပေးကြပါ။ သူဟာ ဖျော်ဖြေတင်ဆက်မှုကို သဘောကျတယ်။ သူ့ရဲ့ မိသားစုကိစ္စတွေကို ဖြေရှင်းပြီးရင်တော့ အနုပညာလောကထဲကို သူပြန်လာမှာပါ” လို့ ဆိုပါတယ်။
Ref: asiaone
You may also like these stories:
Blackpink အဖွဲ့ရဲ့ မှတ်တမ်းရုပ်ရှင်ကို Netflix မှာ ပြသမည်
Billboard Single Chart မှာ သမိုင်းမှတ်တမ်းတင်ခဲ့တဲ့ BTS အဖွဲ့