လက်ရှိ MRTV-4 ရုပ်သံလိုင်းမှာ ထုတ်လွှင့်ပြသနေတဲ့ The Voice Myanmar Season 3 မှာတော့ ပရိသတ် သိရှိပြီးသား သီချင်းတွေ ထွက်ရှိထားတဲ့ အဆိုတော်တချို့ ပါဝင်လာတာကို တွေ့ရပါတယ်။ ပြီးခဲ့တဲ့ Season တွေမှာလည်း ပါဝင်ခဲ့တယ်ဆိုပေမယ့် ယခု Season 3 မှာတော့ ပိုမိုများပြားစွာ ဝင်ရောက် ယှဉ်ပြိုင်လျက် ရှိပါတယ်။
Melody World သီချင်းပြိုင်ပွဲမှတဆင့် အဆိုတော်တယောက် ဖြစ်လာသူ အဆိုတော် ဖြိုးကျော်ထိုက် (ခေါ်) ထိုက်ကြီးကလည်း သီချင်းခွေ ထွက်ရှိပြီးဖြစ်ပေမယ့် ပြိုင်ပွဲမှတဆင့် ဆုကြေးငွေ ရရှိပါက သူ့မှာ ရှိနေတဲ့ အကြွေးများကို ဆပ်နိုင်ရန်အတွက် ပြိုင်ပွဲဝင်ပြိုင်ခဲ့တာလို့ အင်တာဗျူးများ ဖြေဆိုခဲ့ပါတယ်။
လက်ရှိအချိန်ထိ အိပ်မက်ဆုံရာ သီချင်းဆိုပြိုင်ပွဲမှ ပြိုင်ပွဲဝင်များဖြစ်ခဲ့ကြတဲ့ ရွှေမှုန်၊ ဆလိုင်းတေးလျန်တို့ ယှဉ်ပြိုင်ခဲ့ကြသလို စက်တင်ဘာလ ၂၀ ရက်နေ့ ထုတ်လွှင့်မှုမှာ ပရိသတ်များကို အံ့အားသင့်ခဲ့တဲ့ ပြိုင်ပွဲဝင်အနေနဲ့ ပြန်တွေ့ရတာကတော့ The Voice Myanmar Season 1 မှာ ယှဉ်ပြိုင်ခဲ့ဖူးတဲ့ “ဘဝ” ဝင်ရောက် ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် The X factor Myanmar မှတဆင့် ပရိသတ် သိရှိခဲ့တဲ့ ဇော်ခွန်ကလည်း ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပါတယ်။ ဘဝကတော့ ပြိုင်ပွဲကို ပြန်လာပြိုင်တာဟာ သူ့ကို လူအများသိစေခဲ့တဲ့ ပြိုင်ပွဲကို ကျေးဇူးဆပ်တဲ့ အနေနဲ့ ပြန်လည် ယှဉ်ပြိုင်ခဲ့တာဖြစ်တယ်လို့ ပြိုင်ပွဲမှာ ပြောခဲ့ပါတယ်။

“အဆင်မပြေမှုများစွာထဲက ကျုပ်ကိုယ်ကျုပ် ပြောင်းလဲ နေတာပါ။ အထင်သေးလည်း ကျနော် ဘာကိုမှ ဂရုစိုက်နေစရာ မဟုတ်တဲ့အတွက် အားလုံးကို အပြုံးနဲ့ နှုတ်ဆက်ပါရစေ” လို့ ဘဝက သူ့ Facebook အကောင့်မှာ ပြောထားပါတယ်။

ဇော်ခွန်ကလည်း “ကျနော် ဝင်ပြိုင်တာနဲ့ပဲ နောက်လူတွေကို နေရာမပေးသလို ဖြစ်သွားရင် တောင်းပန်ပါတယ်။ အဲ့လိုတွေ အပြောခံရမှာစိုးလို့ နည်းနည်းမှတောင် ဒီအကြောင်း မဟဖြစ်ခဲ့ပါဘူး။ တကယ် တမ်း ကျနော့်ကို လှည့်တာကလည်း နှစ်ယောက်တည်းပါဗျာ” လို့ ပြောခဲ့ပါတယ်။
The Voice Myanmar Season 3 ရဲ့ ယှဉ်ပြိုင်မှုမှာတော့ Blind Audition သာ ရှိသေးပြီး တပတ်ထက် တပတ် မတူညီတဲ့ ဝေဖန်မှုများ ရှိနေဆဲ ဖြစ်ပါတယ်။
You may also like these stories:
မိန်းကလေး ပရိသတ်တွေ ကြိုက်မယ့် သီချင်းတွေပါ ဆိုတော့မယ့် ဖြိုးမြတ်အောင်
ဘင်ဂျမင်ဆုမ်းရဲ့ သီချင်းအသစ်ကို ချီးကျူးလိုက်တဲ့ ဖြူဖြူကျော်သိန်း
ပြိုင်ပွဲမှာ Winner မရတဲ့သူက ဘာမှ မရတာ မဖြစ်သင့်လို့ သဘောတူညီချက် တခုလုပ်ခဲ့တဲ့ နိုဗန်ထူး