K-pop အမျိုးသား အဆိုတော်အဖွဲ့ BTS ဟာ အခုသီတင်းပတ်ထဲမှာ ကျင်းပမယ့် ၇၅ ကြိမ်မြောက် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ အထူးသတင်းစကားတခုကို ပါးမယ်လို့ သိရပါတယ်။ စက်တင်ဘာလ ၂၂ ရက်နေ့မှာ UNICEF ရဲ့ တောင်ကိုရီးယားကော်မတီရဲ့အဆိုအရ လွန်ခဲ့တဲ့ ၂ နှစ်တုန်းကလည်း အဲ့ဒီအဖွဲ့ဟာ အခုလို နှစ်ပတ်လည် ကုလသမဂ္ဂ အခမ်းအနားမှာ မိန့်ခွန်းပြောသူအဖြစ် တာဝန်ယူခဲ့ဖူးတယ်လို့ သိရပါတယ်။
UNICEF ဆိုင်ရာ ကိုရီးယားကော်မတီရဲ့ အဆိုအရ ကမ္ဘာတဝန်းကျန်းမာရေးဆိုင်ရာ လုံခြုံရေးအတွက် ပူးပေါင်းဆောင်ရွက်တဲ့ ကုလသမဂ္ဂ မိတ်သဟာယအဖွဲ့ရဲ့ အစည်းအဝေးအတွင်း အမေရိကန် အရှေ့ဘက်ကမ်းရိုးတန်းစံတော်ချိန် စက်တင်ဘာလ ၂၃ ရက်၊ နံနက် ၉ နာရီမှာ BTS အဖွဲ့ရဲ့ “မျှော်လင့်ချက် သတင်းစကား” မိန့်ခွန်းကို ထုတ်လွှင့်မှာ ဖြစ်ပါတယ်။
အဲ့ဒီတောင်ကိုရီးယား အမျိုးသားအဆိုတော် အဖွဲ့ဟာ COVID-19 ကြောင့် အနာဂတ်မျိုးဆက်သစ်တွေ ရင်ဆိုင်ရမယ့် အခက်အခဲတွေအကြောင်း ပြောဆိုမှာ ဖြစ်တယ်လို့ ကော်မတီက ဆိုပါတယ်။
ကမ္ဘာတဝန်း ကျန်းမာရေးဆိုင်ရာ လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု ကုလသမဂ္ဂမိတ်သဟာယအဖွဲ့ဟာ ကျန်းမာရေးဆိုင်ရာ လုံခြုံရေး ကိစ္စရပ်တွေကို ဆွေးနွေးဖို့ အခုနှစ်အတွင်း တောင်ကိုရီးယားနိုင်ငံမှာ စတင်ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီအဖွဲ့အစည်းထဲမှာ ကုလအဖွဲ့ဝင်နိုင်ငံပေါင်း ၄၀ ပါဝင်ပြီး တောင်ကိုရီးယား၊ ဒိန်းမတ်၊ ဆီယာရာလီယုံး၊ ကာတာနဲ့ ကနေဒါနိုင်ငံတို့က ပူးတွဲ သဘာပတိတွေ ဖြစ်ကြပါတယ်။
အခုအလိုမိန့်ခွန်းပြောဆိုမှုဟာ BTS အဖွဲ့အတွက်တော့ ကုလအထွေထွေ ညီလာခံမှာ စကားပြောဆိုတဲ့ ဒုတိယအကြိမ်မြောက် ဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်က ၇၃ ကြိမ်မြောက် အထွေထွေ ညီလာခံရဲ့ UNICEF မျိုးဆက်သစ် အကန့်အသတ်မဲ့ အစီအစဉ် ဖွင့်ပွဲအခမ်းအနားမှာလည်း မိန့်ခွန်း ပြောဆိုခဲ့ဖူးပါတယ်။
BTS အဖွဲ့ဟာ လူငယ်တွေကို ပစ်မှတ်ထားတဲ့ အကြမ်းဖက်မှုတွေ အဆုံးသတ်ဖို့ “Love Myself” ဆိုတဲ့ ကမ်ပိန်းကို ၂၀၁၇ ခုနှစ်ကစလို့ UNICEF နဲ့အတူ ပူးတွဲလုပ်ကိုင်နေပါတယ်။ အဖွဲ့ဝင် ၇ ဦး ပါဝင်တဲ့ သူတို့အဖွဲ့ဟာ နောက်ဆုံးထွက်ရှိထားတဲ့ “Dynamite” သီချင်းနဲ့ Billboard ရဲ့ Hot 100 စာရင်းမှာ နံပါတ် ၁ ရခဲ့တဲ့ ပထမဆုံး တောင်ကိုရီးယား အနုပညာရှင်အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
Ref: Yonhap
You may also like these stories:
BTS ကြောင့် ကိုရီးယားစစ်မှုထမ်းဥပဒေ အပြောင်းအလဲ လုပ်ဖို့ရှိနေ
Billboard Single Chart မှာ သမိုင်းမှတ်တမ်းတင်ခဲ့တဲ့ BTS အဖွဲ့
BTS သီချင်းနဲ့ ကခုန်မိလို့ မြောက်ကိုရီးယား စစ်သား ၃ ဦး အဖမ်းခံရ