ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နှင့် ပြန်ကြားရေး ဝန်ကြီးဌာန၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတို့ ပူးပေါင်းတင်ဆက်တဲ့ “ရွေးကောက်ပွဲမှာ ဆုံတဲ့ဖူးစာ” မဲဆန္ဒရှင် အသိပညာပေး ဇာတ်လမ်းတိုကို ယနေ့၊ စက်တင်ဘာလ ၂၂ ရက်နေ့မှ စတင်ကာ ၂၅ ရက်နေ့အထိ ပြသသွားမယ်လို့ သိရပါတယ်။
အပိုင်း ၅ ပိုင်း ပါဝင်တဲ့ ဇာတ်လမ်းတိုကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (Union Election Commission) ရဲ့ Facebook Page မှာ ထုတ်လွှင့် ပြသသွားမယ်လို့ သိရပါတယ်။
အဆိုပါ “ရွေးကောက်ပွဲမှာ ဆုံတဲ့ဖူးစာ” ဇာတ်လမ်းတိုကိုတော့ ဥရောပသမဂ္ဂရဲ့ ရန်ပုံငွေဖြင့် International IDEA အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိတဲ့ STEP Democracy – ရှေ့သို့မြန်မာ အစီအစဉ်က ပံ့ပိုးကူညီထားတယ်လို့ သိရပါတယ်။
ဇာတ်လမ်းကိုတော့ ကိုငယ်(စိတ်ပညာ)၊ ကနုတ်မေ တို့က ဇာတ်ညွှန်းရေးသားထားပြီး ဒါရိုက်တာ ကိုဝဏ္ဏ (မန္တလေး) က ရိုက်ကူးထားတာ ဖြစ်ပါတယ်။
ဇာတ်လမ်းမှာ သရုပ်ဆောင်များအဖြစ် သရုပ်ဆောင် အောင်ရဲလင်း၊ ခေးဆက်သွင်၊ မင်းစစ်အောင်၊ ဖူးဝေသာ၊ အံ့မင်းညို၊ စိန်ချစ်၊ ချစ်စုစုဟန် ၊ စန္ဒီမြင့်၊ မင်းချစ်သူနဲ့ ကလေးသရုပ်ဆောင်များလည်း ပါဝင်ထားပါတယ်။
“ရွေးကောက်ပွဲမှာ ဆုံတဲ့ဖူးစာ” ဇာတ်လမ်းတိုကိုတော့ ယနေ့၊ စက်တင်ဘာ ၂၂ရက်နေ့မှာ အပိုင်း ၂ ပိုင်းပြသမှာဖြစ်ပြီး စက်တင်ဘာ ၂၃ ၊ ၂၄ ၊ ၂၅ ရက်နေ့များမှာတော့ အပိုင်း ၁ ပိုင်းစီ UEC Facebook Page မှာ ပြသသွားမှာ ဖြစ်ပါတယ်။
You may also like these stories:
Facebook ပေါ်မှာထက် အပြင်မှာပဲ ဘဝကို အကောင်းဆုံး ဖြတ်သန်းနေတဲ့ အောင်ရဲလင်း
“လူပျိုလူလွတ် မဟုတ်ရင် ပန်းစည်းတွေ မပို့ပါနဲ့”လို့ ပြောလိုက်တဲ့ ခေးဆက်သွင်
“နှင်းဆီ” ဇာတ်လမ်းတွဲမှာ ပရိသတ်တွေရဲ့ အထူးအားပေးမှုကို ရရှိခဲ့တဲ့ ခေးဆက်သွင်