ပြီးခဲ့တဲ့ရက်ပိုင်းက အစ်မဖြစ်သူ ဇနီးမောင်နှံထံ COVID–19 ရောဂါ Positive ဖြစ်ခဲ့တဲ့အတွက် တူ၊ တူမများ၊ အသက် ၈၆ နှစ်အရွယ် အဘွားတို့နဲ့ အတူ ဟိုတယ် Quarantine ဝင်ခဲ့တဲ့ သရုပ်ဆောင် မောင်ကတော့ စက်တင်ဘာ ၂၂ရက်နေ့က အဖြေသိရှိခဲ့ရာ Positive ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
“ကျနော်တို့ စစ်ထားတဲ့ အဖြေရပါပြီ။ ကျနော်ရယ်၊ ၅ နှစ်လေးရယ်၊ အိမ်အကူ ၃ ယောက်ရယ် Positive ဖြစ်ပြီး၊ အကြီး နှစ်ယောက်ရယ်၊ ၈၆ နှစ်အဖွားရယ်က Negative ပါ” လို့ သရုပ်ဆောင် မောင်က လူမှုကွန်ရက် စာမျက်နှာမှတဆင့် ပြောထားပါတယ်။
အစ်မဖြစ်သူရဲ့ ခင်ပွန်းမှာလည်း ပြီးခဲ့တဲ့ရက်ပိုင်းက ဆုံးပါးသွားခဲ့ပြီး ကလေးများမှာ ထားခဲ့စရာ လူခွဲမရှိတာကြောင့် အတူလိုက်ပါရင်း ကူးစက်ခံရတာ ဖြစ်ပါတယ်။
အခုလို သရုပ်ဆောင် မောင် ကူးစက်ခံရပြီး ဆေးကုသမှု ခံယူရန် သွားရတဲ့ အချိန်မှာတော့ ကျန်ရှိနေတဲ့ ကလေးများနဲ့ အဘွားဖြစ်သူတို့ကို မောင်ရဲ့ ချစ်သူဖြစ်တဲ့ ရီရီပွင့်ဖြူက အတူပေးနေတယ်လို့လည်း သိရပါတယ်။
“၁၀ နှစ်သားဝန်းကျင် ကလေးနှစ်ယောက်နဲ့ ၈၆ နှစ်အဖွားကို ဒီတိုင်းထားခဲ့လို့ မဖြစ်နိုင်လို့ ရီရီက Q လိုက်ဝင်ပြီး ကလေးနှစ်ယောက်နဲ့ နေပေးနေပါတယ်။ အငယ်ဆုံးလေးကို အမေရှိတဲ့ တောင်ဥက္ကလာဆေးရုံ လိုက်ပို့ပေးလို့ရအောင် ကူညီပေးတဲ့ ကျန်းမာရေးက အစ်ကိုတွေနဲ့ သူငယ်ချင်းတွေကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်” လို့ သရုပ်ဆောင် မောင်က ပြောပါတယ်။
မောင်ကတော့ သုဝဏ္ဏအားကစားကွင်းမှာရှိတဲ့ ဧရာဝတီ Quarantine Center မှာ ရောက်ရှိနေပြီး အားလုံးလည်း ကျန်းကျန်းမာမာရှိတယ်လို့ သိရပါတယ်။
“ကျနော်ကတော့ ဧရာဝတီစင်တာမှာ ရောက်နေပါပြီ။ အားလုံးကတော့ ကျန်းကျန်းမာမာပါပဲ။ အငယ်လေးလည်း Positive ဆိုပေမယ့် အမေဆီ ရောက်သွားလို့ စိတ်အေးရပါပြီ။ အကြီးနှစ်ယောက်လည်း အန်တီ အသစ်လေးနဲ့ အဆင်ပြေနေတယ် ပြောပါတယ်” လို့ ပြောပါတယ်။
အဆိုပါ Positive တွေ့ရှိခဲ့သူ အစ်မဖြစ်သူရဲ့ ကလေးများမှာ အစ်မလတ်ဖြစ်သူ နန္ဒာလှိုင်တို့ နေထိုင်ရာ နေအိမ်ကို ဝင်ထွက်ခဲ့တာရှိတဲ့အတွက် နန္ဒာလှိုင်တို့နေထိုင်ရာ နေအိမ်ကိုလည်း Lockdown ပြုလုပ်ထားပြီး ဖြစ်တယ်လို့ သိရပါတယ်။
You may also like these stories:
ကမ္ဘာတဝှမ်း COVID-19 ကူးစက်ခံရသူ သန်း ၃၀ ကျော်ပြီ
Stay Home အမိန့်အောက်က ရန်ကုန်
အစိုးရ Quarantine မူဝါဒ မေးခွန်းထုတ်မှုများ ရှိလာနေ