Entertainment

အဆိုတော် Jung Joon Young နဲ့ Choi Jong Hoon တို့ကို ပြစ်ဒဏ် အသီးသီးချမှတ်

လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့် စော်ကားမှုတွေနဲ့ တရားရင်ဆိုင်နေရတဲ့ အဆိုတော် Jung Joon Young နဲ့ Choi Jong Hoon တို့နှစ်ယောက်ရဲ့ အယူခံကို တောင်ကိုရီးယား တရားရုံးချုပ်ကနေ နောက်ဆုံး ကြားနာ ဆုံးဖြတ်ပေးခဲ့ပါတယ်။

တောင်ကိုရီးယား အဆိုတော် နှစ်ယောက် ရင်ဆိုင်နေရတဲ့ ပြစ်မှုတွေအတွက် အပြီးသတ် ပြစ်ဒဏ်တွေကို ချမှတ်ခဲ့တာပါ။ မုဒိမ်းမှုတွေအပြင် တခြားပြစ်မှုတွေကိုလည်း ဝန်ခံခဲ့ပြီးနောက်မှာ အခုလို ပြစ်ဒဏ်အသီးသီး ချမှတ် လိုက်ပါတယ်။

၂၀၁၉ ခုနှစ်၊ နိုဝင်ဘာက ဆိုးလ်ခရိုင်တရားရုံးက အဆိုတော် Jung Joon Young ကို ၆ နှစ်၊ FT Island အဖွဲ့ ဝင်ဟောင်း Choi Jong Hoon ကို ၅ နှစ် အသီးသီးချမှတ်ခဲ့ပါတယ်။ နှစ်ယောက်လုံး အယူခံဝင်ခဲ့တာကြောင့် အမှုကို ၂၀၂၀ ခုနှစ်မှာ ပြန်လည် ကြားနာခဲ့ပါတယ်။

၂၀၂၀ ခုနှစ်၊ မေလမှာတော့ ဆိုးလ်တရားရုံးကနေ ၂၀၁၆ ခုနှစ်က အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာအနိုင်ကျင့် စော်ကားမှုတွေ အပါအဝင် ကျူးလွန်ခဲ့တဲ့ အမှုတွေအတွက် Jung Joon Young ကို ၅ နှစ်နဲ့ Choi Jong Hoon ကို၂ နှစ်ခွဲစီ အသီးသီး ပြစ်ဒဏ် ချမှတ်ခဲ့ပါတယ်။

ချမှတ်ခဲ့တဲ့ ပြစ်ဒဏ်အသီးသီးကို နှစ်ဖက်လုံးက တောင်ကိုရီးယား တရားရုံးချုပ်ကို ထပ်မံ အယူခံဝင်ခဲ့ပေမယ့် စက်တင်ဘာ ၁၂ ရက်က အယူခံဝင်မှုကို ပယ်ချခဲ့ပြီး လက်ရှိပြစ်ဒဏ်အတိုင်း ကျခံဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါကြောင့် ဆိုးလ်တရားရုံးချုပ်က ချမှတ်ခဲ့တဲ့ ပြစ်ဒဏ်အတိုင်း Jung Joon Young က ထောင်ဒဏ် ၅ နှစ်နဲ့ Choi Jong Hoon က ထောင်ဒဏ် ၂ နှစ်နဲ့ ၆ လ ကျခံရတော့မှာဖြစ်ပါတယ်။

အဆိုတော် Jung Joon Young နဲ့ Choi Jong Hoon တို့နှစ်ယောက်ဟာ အုပ်စုလိုက် မုဒိမ်းကျင့်မှုနဲ့ စွဲချက်တင်ခံထားရတာဖြစ်သလို၊ လိင်ဆက်ဆံချိန်မှာ လျှို့ဝှက်ဗီဒီယို ရိုက်ကူးပြီး တရားမဝင် ဖြန့်ချိမှု စတဲ့ စွပ်စွဲချက်တွေနဲ့ ရင်ဆိုင်ခဲ့ရတာပါ။

၂၀၁၉ ခုနှစ်က ပထမဆုံး ကြာနာ စစ်ဆေးမှုမှာတော့ စွပ်စွဲချက်တွေကို ငြင်းဆိုခဲ့ကြပြီး နောက်ပိုင်းမှာ သူတို့အပေါ် စွပ်စွဲချက်တွေကို ဝန်ခံခဲ့ပေမယ့် ပြစ်ဒဏ် အသီးသီးအတွက် အဆင့်ဆင့် အယူခံ ဝင်လာရာကနေ တောင်ကိုရီးယား တရားရုံးချုပ်က အပြီးသတ် စီရင်ချက် အမိန့် ချမှတ်လိုက်တာ ဖြစ်ပါတယ်။

Ref: Soompi

You may also like these stories:

လိင်ပိုင်းဆိုင်ရာ စော်ကားမှုအတွက် Jung Joon Young နဲ့ Choi Jong Hoon တို့ကို ထောင်ဒဏ် ချမှတ်

ကိုယ့်ကိုယ်ကို အဆုံးစီရင်မှုကြောင့် မင်းသမီး Oh In Hye ကွယ်လွန်

Loading