သရုပ်ဆောင် အကယ်ဒမီ ခန့်စည်သူဟာ ယနေ့ စက်တင်ဘာလ ၂၄ ရက်နေ့မှာ ရန်ကုန်မြို့ရှိ အောင်ဆန်း တီဘီရောဂါ အထူးကုဆေးရုံကြီးသို့ အလှူငွေ ၁၅ သိန်းနဲ့ တခြားသော ပစ္စည်းများ သွားရောက် လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
“ရန်ကုန်တိုင်းဒေသကြီး၊ အောင်ဆန်း တီဘီရောဂါ အထူးကုဆေးရုံကြီးရှိ Home Lockdown ဖြစ်နေတဲ့ ဆေးရုံ ဝန်ထမ်းများ၊ COVID-19 Positive ဆေးရုံ ဝန်ထမ်းများနဲ့ လူနာများအတွက် အလှူငွေ ၁၅ သိန်း၊ ဆန် ၁၀ အိတ်၊ ပုဆိုးအထည် ၁၀၀ တို့ကို ဆေးရုံအုပ်ကြီး ဒေါက်တာ ဒေါ်သန္တာမွှန်းထံ သွားရောက် လှူဒါန်းခဲ့ပါတယ်”လို့ ခန့်စည်သူက ပြောပါတယ်။
ဆေးရုံမှာ Lockdown ဖြစ်နေကြတဲ့ ဝန်ထမ်းများ၊ COVID-19 ရောဂါ Positive ဖြစ်နေတဲ့ ဆေးရုံ ဝန်ထမ်းများ၊ လူနာများအတွက် အလှူငွေအပြင် ဆန် ၁၀ အိတ်နဲ့ ပုဆိုးအထည် ၁၀၀ တို့ကို ဆေးရုံအုပ်ကြီးထံ လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။
ဒီလို လှူနိုင်ရန်အတွက် ဝိုင်းဝန်း လှူဒါန်းပေးကြတဲ့ မေတ္တာသင်္ဂဟအဖွဲ့ကိုလည်း ကျေးဇူးတင်ကြောင်း ခန့်စည်သူက ပြောထားပါတယ်။
“အခက်အခဲများကြားမှ ဝိုင်းဝန်း လှူဒါန်းပေးကြပါသော အလှူရှင်များနှင့် မေတ္တာသင်္ဂဟ အဖွဲ့ဝင်များ အားလုံးကိုလည်း အထူးပဲ ကျေးဇူးတင်ရှိပါတယ်။ ဆေးရုံ ဝန်ထမ်းများ၊ လူနာများနှင့် အလှူရှင်များ ကောင်းကျိုးလိုရာ ဆန္ဒများ ပြည့်ဝကြပါစေ” လို့ ဆိုပါတယ်။
ခန့်စည်သူကတော့ COVID-19 ပထမလှိုင်းမှာလည်း မေတ္တာသင်္ဂဟအဖွဲ့နဲ့ ဖြစ်စေ၊ တဦးတည်းဖြစ်စေ အလှူများများစွာ ပြုလုပ်ခဲ့ပြီး ဆက်လက်ပြီးတော့လည်း လှူဒါန်းနေဆဲ ဖြစ်ပါတယ်။
You may also like these stories:
တကိုယ်တည်းသမားဖြစ်တဲ့အတွက် မိဘကို စောင့်ရှောက်နေတဲ့ ခန့်စည်သူ
“အားလုံး အဆင်မပြေဖြစ်နေချိန် ရုပ်ရှင်အစည်းအရုံးက ဘာလုပ်ပေးနိုင်မလဲ သိချင်တယ်”