ဘောလိဝုဒ်မင်းသမီး Deepika Padukone ဟာ ကွယ်လွန်သူမင်းသား Sushant Singh Rajput နဲ့ ပတ်သက်တဲ့ မူးယစ်ဆေးကိစ္စ တစိတ်တပိုင်းအနေနဲ့ စစ်ဆေး မေးမြန်းမှုကို ခံယူဖို့ ဆင့်ခေါ်ခံခဲ့ရကြောင်း အိန္ဒိယရဲတပ်ဖွဲ့က စက်တင်ဘာ ၂၃ ရက်နှောင်းပိုင်းမှာ ပြောကြားခဲ့ပါတယ်။
ကိုယ့်ကိုယ်ကို အဆုံးစီရင်မှု နဲ့ ပြီးခဲ့တဲ့ဇွန်လတုန်းက မွမ်ဘိုင်းမြို့မှာရှိတဲ့ တိုက်ခန်းမှာ သေဆုံးခဲ့တဲ့ မင်းသား Sushant အတွက် မူးယစ်ဆေး ဝယ်ပေးခဲ့တယ်ဆိုတဲ့ စွဲချက်နဲ့ မင်းသားရဲ့ ချစ်သူဟောင်း မင်းသမီး Rhea Chakraborty ဟာလည်း မူးယစ်မှုနဲ့ အဖမ်းခံထားရပါတယ်။
နာမည်ကျော်ရုပ်ရှင် တော်တော်များများမှာ ပါဝင်ခဲ့တဲ့ မင်းသား Sushant ရဲ့ ကိုယ့်ကိုယ်ကို အဆုံးစီရင်မှု သတင်းကြောင့် ငွေကြေး ဒေါ်လာ ဘီလီယံပေါင်းများစွာနဲ့ လည်ပတ်နေတဲ့ ဘောလိဝုဒ် အနုပညာ လောကထဲမှာ စိတ်ကျန်းမာရေးနဲ့ ပတ်သက်လို့ ပြောဆို ဆွေးနွေးမှုတွေ ရှိလာခဲ့ပါတယ်။
မင်းသားရဲ့ မိသားစုကတော့ မင်းသားဟာ စိတ်ကျရောဂါ ခံစားနေရတယ်ဆိုတဲ့ သတင်းတွေကို ငြင်းဆိုထားပြီး အသက် ၂၈ နှစ်အရွယ် မင်းသမီး Chakraborty ဟာ မင်းသားရဲ့ ငွေတွေကို ခိုးယူကာ အနှောင့်အယှက်ပေးခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ မင်းသမီးဘက်ကတော့ အဲ့ဒီစွပ်စွဲချက်တွေကို ငြင်းဆိုထားပါတယ်။
မင်းသား Sushant ရဲ့ ကွယ်လွန်မှုကနေတဆင့် ဘောလိဝုဒ်လောကထဲက “မူးယစ်မာဖီးယား”တွေကို ဖြိုခွင်းဖို့အတွက် ကျယ်ကျယ်ပြန့်ပြန့် စစ်ဆေးပေးရေး တောင်းဆိုမှုတွေဟာ အိန္ဒိယမီဒီယာတွေမှာ ထွက်ပေါ်လာခဲ့ပါတယ်။ ဒါ့အပြင် မင်းသား Sushant အဆုံးစီရင်ဖို့ ဆေးခြောက်တွေကို မင်းသမီး Chakraborty က ဝယ်ပေးခဲ့တယ်ဆိုတဲ့ သတင်းလည်း ထွက်ပေါ်လာပါတယ်။
အခု သီတင်းပတ် အစောပိုင်းမှာ TimesNow ရုပ်သံကနေ မင်းသမီး Padukone နဲ့ သူ့ရဲ့ မန်နေဂျာတို့ စကားပြောဆိုထားတဲ့ WhatsApp စကားပြောဆိုမှုကို ထုတ်လွှင့်ခဲ့ပါတယ်။ ဒါ့ကြောင့် မူးယစ်ထိန်းချုပ်ရေး ဗျူရိုမှ လက်ထောက်ဒါရိုက်တာ K.P.S. Malhotra က မင်းသမီး Padukone အပြင်မင်းသမီးတွေ ဖြစ်ကြတဲ့ Sara Ali Khan, Shraddha Kapoor နဲ့ Rakul Preet Singh တို့ကို စစ်ဆေးမေးမြန်းဖို့ ဆင့်ခေါ်ထားတဲ့အကြောင်း ပြောဆိုခဲ့ပါတယ်။
ဒါ့အပြင် မင်းသမီး Chakraborty ရဲ့ အကိုနဲ့ မင်းသား Sushant ရဲ့ အိမ်ဝန်ထမ်းတို့ အပါအဝင် အဲ့ဒီ အမှုနဲ့ ဆက်နွယ်သူတွေကိုလည်း ဖမ်းဆီး ထိန်းသိမ်းထားပါတယ်။
မင်းသား Sushant ဟာ အိန္ဒိယနိုင်ငံအရှေ့ပိုင်း ဘီဟာပြည်နယ်မှာ မွေးဖွားခဲ့သူဖြစ်ပြီး သရုပ်ဆောင် အလုပ်လုပ်ကိုင်ဖို့ အင်ဂျင်နီယာလေ့လာမှုကို လက်လွှတ်ခဲ့သူဖြစ်ပါတယ်။ ခရစ်ကဒ်အကြောင်း ရိုက်ကူးထားတဲ့ “Kai Po Che” ရုပ်ရှင်နဲ့ နာမည်ရလာခဲ့ပြီးတဲ့နောက် ဘာလင်ရုပ်ရှင်ပွဲတော်မှာလည်း အသိအမှတ်ပြုခံခဲ့ရပါတယ်။
Ref: thejakartapost
You may also like these stories:
အသားဖြူဝင်းအောင် ပြုလုပ်မှုကို ထောက်ခံတဲ့ ဘောလိဝုဒ် အနုပညာရှင်များ ဝေဖန်ခံရ
မကြာခင်မှာ ကြည့်ရှုရတော့မယ့် Ranveer Singh နဲ့ Deepika Padukone တို့ရဲ့ ရုပ်ရှင် “83”
“Chhapaak” ရုပ်ရှင်ဟာ ဘဝမှာ အခက်ခဲဆုံးရုပ်ရှင် ဖြစ်တယ်လို့ Deepika Padukone ပြော