အိန္ဒိယဘာသာစကား ၁၆ မျိုးနဲ့ သီချင်း ၄ သောင်းကျော် သီဆိုခဲ့သူ အဆိုတော် S.P. Balasubrahmanyam ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၅ ရက်နေ့မှာပဲ COVID-19 ရောဂါနဲ့ ကွယ်လွန်ခဲ့ကြောင်း သိရပါတယ်။ သူဟာ ကွယ်လွန်ချိန်မှာ အသက် ၇၄ နှစ်ရှိနေပြီ ဖြစ်ပါတယ်။
သူဟာ ဆယ်စုနှစ်ချီ ကြာမြင့်ခဲ့တဲ့ အနုပညာ သက်တမ်း တလျှောက်လုံးမှာ ဂီတပညာရှင်၊ တေးရေးဆရာ၊ ထုတ်လုပ်သူ၊ အသံနောက်ခံပြောကြားသူ တဦးအနေနဲ့ လှုပ်ရှားခဲ့ပြီး အိန္ဒိယနိုင်ငံတဝန်းလုံးမှာ ပရိသတ် သန်းနဲ့ချီရှိတဲ့ အဆိုတော် တဦးလည်း ဖြစ်ပါတယ်။
SPB လို့ ပရိသတ်တွေ သိကြတဲ့ အဆိုတော်ဟာ ပြီးခဲ့တဲ့လမှာ COVID-19 ရောဂါ ကူးစက်ခံခဲ့ရပြီးနောက် ချန်နိုင်းမြို့မှာရှိတဲ့ ဆေးရုံတရုံမှာ တက်ရောက် ကုသမှု ခံယူခဲ့ရတာပါ။
ပြီးခဲ့တဲ့ မေလမှာ တေးရေးဆရာ Wajid Khan ၊ ဧပြီလမှာ သရုပ်ဆောင်တွေ ဖြစ်ကြတဲ့ Irrfan Khan နဲ့ Rishi Kapoor တို့လည်း ရှေ့ဆင့်နောက်ဆင့် ဆိုသလို ကွယ်လွန်ခဲ့ကြတာကြောင့် သူ့ရဲ့ ကွယ်လွန်မှုဟာ အိန္ဒိယရုပ်ရှင် လောကအတွက် အထူးဝမ်းနည်း ကာလတခုကို ဆက်တိုက် ဖြစ်ပေါ်စေခဲ့ပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ ဇွန်လမှာလည်း မင်းသား Sushant Singh Rajput လည်း ကွယ်လွန်ခဲ့ရပါတယ်။
SPB ဟာ အင်ဂျင်နီယာတဦးဖြစ်ဖို့ ကြိုးပမ်းခဲ့ပေမယ့် သူဟာ တက္ကသိုလ်တက်နေတုန်း အဆိုပြိုင်ပွဲတွေ ဝင်ပြိုင်ပြီး ဆုတွေ ရခဲ့ရာကနေ ဂီတလောကထဲ ရောက်ရှိခဲ့ပါတယ်။ သူဟာ ၁၉၆၆ ခုနှစ်တုန်းက Telugu စကားပြော ရုပ်ရှင်တကားမှာ ပွဲဦးထွက်ခဲ့ပါတယ်။
သူဟာ လျင်လျင်မြန်မြန် နာမည်ရလာခဲ့ပြီး Tamil, Telugu, Kannada နဲ့ Hindi တို့အပါအဝင် ဘာသာစကား ၄ မျိုးနဲ့ သီဆိုတဲ့ သီချင်းတွေနဲ့ နိုင်ငံတော်အဆင့် ဆု ၆ ခုကိုလည်း ရရှိခဲ့ပါတယ်။
အိန္ဒိယရဲ့ တတိယမြောက်အမြင့်ဆုံး အရပ်သားဂုဏ်ပြုဆု “Padma Bhushan” ကို ချီးမြှင့်ခံထားရတဲ့ SPB ဟာ ဘောလိဝုဒ်စူပါစတား ရှရွတ်ခန်ရဲ့ ဇာတ်ကားတွေထဲမှာ သီချင်းသီဆိုသူအဖြစ် လူသိများပါတယ်။
သူတို့နှစ်ဦးဟာ ၁၉၈၉ ခုနှစ်မှာထွက်ရှိခဲ့တဲ့ “Maine Pyar Kiya” ရုပ်ရှင်ကနေ အစပြုခဲ့ပြီး အဲ့ဒီရုပ်ရှင်နဲ့ပဲ မင်းသား ခန်ဟာ နေ့ချင်းညချင်း နာမည်ရလာခဲ့ပါတယ်။ အဲ့ဒီနောက် ၁၉၉၁ ခုနှစ်မှာ “Saajan” ရုပ်ရှင်၊ ၁၉၉၄ ခုနှစ်မှာ “Hum Aapke Hain Koun!” ရုပ်ရှင်တွေမှာလည်း ပူးပေါင်းခဲ့ကြပါတယ်။
SPB ရဲ့ကွယ်လွန်မှုနဲ့ ပတ်သက်လို့ မင်းသားခန်က “ဆရာ SPB ကွယ်လွန်ခဲ့တာကို ကြားရတဲ့အခါ နှလုံးထိခိုက်ရပါတယ်။ ခင်ဗျားဟာ ဂီတမှာ အငြင်းပွားစရာ မရှိတဲ့ အမွေအနှစ်တွေထဲမှာ ထာဝရ ရှင်သန်နေမှာပါ” လို့ Twitter ကနေ ရေးသားခဲ့ပါတယ်။
အဆိုတော် SPB ရဲ့ ၂၀၁၃ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ မင်းသားခန်ရဲ့ နာမည်ကျော် ရုပ်ရှင် “Chennai Express” မှာ ပါဝင်သီဆိုခဲ့ပြီးတဲ့နောက် တောင်ပိုင်း Tamil နဲ့ Telugu ရုပ်ရှင်လုပ်ငန်းတွေမှာလည်း အောင်မြင်တဲ့ ဂီတဘဝကို ပိုင်ဆိုင်ခဲ့ပါတယ်။
အိန္ဒိယဝန်ကြီးချုပ် မိုဒီကလည်း SPB ရဲ့ အသံဟာ ဂီတကျူးရင့်တဲ့ အသံဖြစ်တယ်လို့ ချီးကျုးခဲ့ပြီး သူ့ရဲ့ ကွယ်လွန်မှုကြောင့် အိန္ဒိယယဉ်ကျေးမှုကမ္ဘာဟာ တော်တော်လေး ချို့တဲ့ဆင်းရဲခဲ့ရပြီ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
Ref: thejakartapost
You may also like these stories:
“Forrest Gump” ရုပ်ရှင်ကုန်ကျစရိတ်အတွက် ကူညီခဲ့ဖူးတဲ့ မင်းသား Tom Hanks
တောင်ကိုရီးယား ရသစုံရှိုးအသစ် “We Got Divorced”
မူးယစ်ဆေးကိစ္စ စစ်ဆေးမှုခံယူရန် မင်းသမီး Deepika Padukone ဆင့်ခေါ်ခံရ