လက်ရှိ မြန်မာနိုင်ငံမှာ COVID-19 ရောဂါ ပြည်တွင်း ကူးစက်မှုများ ပြင်းထန်လာတာကြောင့် အစိုးရရဲ့ လမ်းညွှန်မှုများနဲ့အတူ ပြည်သူများက Stay At Home နေနေကြရပါတယ်။ ဒီလိုနေရင်းနဲ့မှ စည်းကမ်းချိုးဖောက်တဲ့သူတွေလည်း ရှိတာကြောင့် အိမ်ထဲမှာ ၁၄ ရက် နေထိုင်ပေးကြဖို့အတွက် သရုပ်ဆောင် နိုင်းနိုင်းက တိုက်တွန်းခဲ့ပါတယ်။
“ကျနော် အကြံလေးတခု ပေးချင်ပါတယ်။ ၁၄ ရက်ဆိုတဲ့ အချိန်ကာလဟာ အင်မတန်မှ တိုတောင်းပါတယ်။ ကိုယ်အသက်ရှင်မယ်ဆိုရင် ၁၄ ရက်ထက်မက အသက်ရှင်ချိန်တွေ အများကြီး ရှိပါသေးတယ်။ ကိုယ်ကိုယ်တိုင် သွားလာခဲ့တဲ့ နေရာတွေဟာ ကိုယ်နဲ့ ကိုယ့်မိသားစုအတွက် စိတ်မချရဘူးဆိုရင် ကိုယ်တိုင် ကိုယ့်အသိစိတ်ဓာတ်လေးနဲ့ အသွားအလာ အနေအထိုင် ဆင်ခြင်လိုက်ပါ” လို့ နိုင်းနိုင်းက ပြောပါတယ်။
ဒီလို နေရမယ့် ၁၄ ရက်ဆိုတဲ့ အချိန်ကာလဟာ တိုတောင်းလှပြီး အသက်ရှင်မယ်ဆိုရင် ၁၄ ရက်ထက်မကတဲ့ အချိန်တွေ ရှိတာကြောင့် အိမ်မှာနေဖို့ လိုအပ်ကြောင်း ပြောခဲ့ပါတယ်။
ကိုယ်တိုင်နဲ့ ကိုယ့်ပတ်ဝန်းကျင်က လူများကို နှစ်အများကြီး အသက်ရှင်ချိန် ပေးလိုက်တာနဲ့ တူတာကြောင့် ၁၄ ရက် အိမ်မှာနေဖို့ လိုအပ်ကြောင်း ပြောခဲ့ပါတယ်။
“ကိုယ်တိုင်ရော၊ ကိုယ့်ပတ်ဝန်းကျင်က လူတွေရောဟာ နှစ်အများကြီး အသက်ရှင်ချိန် လုပ်ပေးလိုက်တာနဲ့ အတူတူပါပဲ။ ၁၄ ရက်တိတိ အိမ်မှာ နေပေးပါ။ အခုအချိန်က အိမ်မှာ နေရမယ့် အချိန်ပါ။ အခုအချိန်ဟာ မျှော်လင့်ချက်တွေ ရှင်သန်နေရမယ့် အချိန်ပါ”
“အခုအချိန်ဟာ အကြင်နာ ကရုဏာထားရမယ့် အချိန်ပါ။ တယောက်နဲ့ တယောက် အားပေး ကူညီရမယ့် အချိန်ပါ။ ကိုယ်နဲ့ ကိုယ့်မိသားစုအတွက်၊ လူသားအားလုံးအတွက် ဘေးကင်းလုံခြုံဖို့ မိမိတာဝန်ပါ။ ခက်ခဲပေမယ့် အတူတူ ကျော်ဖြတ်ကြမယ်။ အိမ်ထဲမှာပဲ နေကြစို့” လို့ နိုင်းနိုင်းက ပြောပါတယ်။
နိုင်းနိုင်းကတော့ ပြီးခဲ့တဲ့လက အမေရိကားမှာရှိတဲ့ မိသားစုထံမှ သြဂုတ်လအတွင်း သွားရောက်ခဲ့ပြီး မြန်မာနိုင်ငံကို ပြန်လည် ရောက်ရှိလာတာကြောင့် Hotel Quarantine ဝင်ရောက်ခဲ့ပြီး အခုဆိုရင်လည်း ရန်ကုန်မြို့ နေအိမ်မှာပဲ နေထိုင်လျက် ရှိပါတယ်။
You may also like these stories:
“2020 Asia Song Festival” မှာ ဖျော်ဖြေမယ့် အနုပညာရှင်စာရင်း ကြေညာ
“တို့မမနဲ့တို့” ဇာတ်လမ်းတွဲမှာ ဇာတ်ဝင်သီချင်း ပါဝင်သီဆိုထားတဲ့ မြတ်သူသူ
Facebook မှာ Live ဖျော်ဖြေရင်း အလှူခံနေတဲ့ “ဆေးရောင်ခြယ် တွဲလက်တဖက်”