Forbes မဂ္ဂဇင်းရဲ့ ကမ္ဘာ့ဝင်ငွေအများဆုံး မင်းသမီးစာရင်းမှာ မင်းသမီး Sofia Vergara က ထိပ်ဆုံးမှာ ရပ်တည်နေတယ်လို့ သိရပါတယ်။ သူဟာ တနှစ်ကာလအတွင်းမှာ ဝင်ငွေဒေါ်လာ ၄၃ သန်းရရှိခဲ့တယ်လို့ ဆိုပါတယ်။
ထိပ်တန်းမင်းသမီး ၁၀ ဦးစာရင်းမှာတော့ Angelina Jolie (ဒေါ်လာ ၃၅ ဒသမ ၅ သန်း)၊ Gal Gadot (၃၁ သန်း)၊ Melissa McCarthy ( ၂၅ သန်း)၊ Meryl Streep (၂၄ သန်း)၊ Emily Blunt (၂၂ ဒသမ ၅ သန်း)၊ Nicole Kidman (၂၂ သန်း)၊ Ellen Pompeo (၁၉ သန်း)၊ Elisabeth Moss (၁၆ သန်း) နဲ့ Viola Davis (၁၅ ဒသမ ၅ သန်း) တို့ ပါဝင်နေကြပါတယ်။
Forbes မဂ္ဂဇင်းရဲ့အဆိုအရ မင်းသမီး Vergara ရဲ့ ဝင်ငွေတွေဟာ “Modern Family” ရုပ်သံအစီအစဉ်နဲ့ “America’s Got Talent” အစီအစဉ်တွေကနေ ရရှိတာ ဖြစ်တယ်လို့ သိရပါတယ်။ “Modern Family” ရုပ်သံအစီအစဉ် တပိုင်းကို ဒေါ်လာ ၅ သိန်းရရှိပြီး “America’s Got Talent” အစီအစဉ်ရဲ့ Season တခုစာကို ဒေါ်လာ ၁၀ သန်း ရရှိပါတယ်။ ဒ့ါအပြင် “Marvel’s Eternals” ရုပ်ရှင်အတွက် အနုပညာကြေး ဒေါ်လာ ၃၅ ဒသမ ၅ သန်းလည်း ပါဝင်ပါသေးတယ်။
ပြီးခဲ့တဲ့နှစ်တုန်းက နံပါတ် ၁ နေရာမှာ ရှိခဲ့တဲ့ မင်းသမီး Scarlett Johansson က ဒေါ်လာ ၅၆ သန်း ဝင်ငွေ ရှိခဲ့ပါတယ်။ မင်းသမီး Blunt ဟာ အခု စာရင်းထဲမှာ ပါဝင်လာတဲ့ မင်းသမီးအသစ်ဖြစ်ပြီး မင်းသား Dwayne Johnson နဲ့အတူ ပါဝင်ထားတဲ့ “Jungle Cruise” ရုပ်ရှင်၊ “A Quiet Place: Part 2” ရုပ်ရှင်တို့အတွက် ဝင်ငွေတော်တော်များများ ရရှိခဲ့တာကြောင့် အဲ့ဒီစာရင်းထဲ ပါဝင်လာခဲ့တာပါ။
အခုနှစ်အတွက် ဝင်ငွေအကောင်းဆုံး မင်းသမီး ၁၀ ဦးရဲ့ စုစုပေါင်းဝင်ငွေဟာ ဒေါ်လာ ၂၅၄ သန်းရှိပြီး ပြီးခဲ့တဲ့ နှစ်ကထက် ၂၀ ရာခိုင်နှုန်း လျော့ကျသွားတာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ဝင်ငွေအကောင်းဆုံးမင်းသားတွေရဲ့ စုစုပေါင်း ဝင်ငွေက ဒေါ်လာ ၅၄၅ သန်းရှိလို့ နှစ်ဆလောက် ကွာခြားနေတာကိုလည်း တွေ့ရပါတယ်။
မင်းသား Dwayne Johnson ကတော့ မင်းသားစာရင်းမှာ ဒေါ်လာ ၈၇ ဒသမ ၅ သန်းနဲ့ ထိပ်ဆုံးမှာ ရပ်တည်နေပါတယ်။ ဝင်ငွေအကောင်းဆုံး မင်းသားစာရင်းမှာ ဘောလိဝုဒ်မင်းသား Akshay Kumar လည်း ပါဝင်နေတာကို တွေ့ရပါတယ်။
တခြားဝင်ငွေအကောင်းဆုံးမင်းသားတွေကတော့ Ryan Reynolds, Mark Wahlberg, Ben Affleck, Vin Diesel, Lin-Manuel Miranda, Will Smith, Adam Sandler နဲ့ Jackie Chan တို့ဖြစ်ကြပါတယ်။
Ref: hindustantimes
You may also like these stories:
“အမေရိကန် ရုပ်ရှင်ရုံတွေရဲ့အနာဂတ် စိုးရိမ်နေရပြီ”လို့ အော်စကာဆုရ ဒါရိုက်တာတွေ ပြော
“No Time To Die” ဟာ Daniel Craig ရဲ့နောက်ဆုံး ဂျိမ်းစ်ဘွန်းရုပ်ရှင်ဟု ဆို
“BTS အဖွဲ့ကို သဘောကျတယ်”လို့ John Cena ပြော