မင်းသား Sushant Singh Rajput ကွယ်လွန်ခဲ့မှုနဲ့ပတ်သက်လို့ ထွက်ပေါ်လာခဲ့တဲ့ ဂယက်တွေဖြစ်ပေါ်ခဲ့ပြီး နောက်ပိုင်းမှာ ဘောလိဝုဒ် မင်းသား အရှေးကူမား (Akshay Kumar) က အိန္ဒိယရဲ့ ရုပ်ရှင်လုပ်ငန်းအတွင်းမှာ မူးယစ်ဆေးပြဿနာကို သိရှိထားကြောင်း ပြောဆိုလိုက်ပါတယ်။
မင်းသား Sushant ကို မွမ်ဘိုင်းမှာ ရှိတဲ့ သူ့ရဲ့တိုက်ခန်းမှာ သေဆုံးလျက်တွေ့ရှိခဲ့ပြီးတဲ့နောက် ရုပ်ရှင်ကို စိတ်ဝင်တစားအားပေးကြတဲ့ အိန္ဒိယနိုင်ငံမှာ မူးယစ်ဆေးနဲ့ပတ်သက်လို့ တော်တော်လေး ဂယက်ထသွားခဲ့တာ ဖြစ်ပါတယ်။
အသက် ၃၄ နှစ်အရွယ် မင်းသား Sushant ကွယ်လွန်မှုကို စုံစမ်းစစ်ဆေးမှုကနေ တဆင့် မူးယစ်ဆေးဝါး အမှုအဖြစ် ထဲထဲဝင်ဝင် လုပ်ဆောင်လာခဲ့ပါတယ်။ မင်းသားရဲ့ ချစ်သူဟောင်း မင်းသမီး Rhea Chakraborty ဟာ မင်းသားအတွက် ဆေးခြောက်ဝယ်ပေးတယ်ဆိုပြီး အခုလအစောပိုင်းမှာ အဖမ်းခံခဲ့ရပါတယ်။
“မူးယစ်ဆေး မာဖီးယား” လို့ ခေါ်ကြတဲ့ ဒေါ်လာ ဘီလီယံနဲ့ချီပြီး တန်ကြေးရှိတဲ့ ရုပ်ရှင်လုပ်ငန်းထဲကို ကျယ်ကျယ်ပြန့်ပြန့် စစ်ဆေးပေးဖို့ အိန္ဒိယမီဒီယာတွေက တောင်းဆိုနေကြပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၃ ရက်နေ့တုန်းက Twitter အကောင့်မှာ တင်ခဲ့တဲ့ ၄ မိနစ်ကြာ ဗီဒီယိုမှာ မင်းသား Kumar က ဘောလိဝုဒ်လောကမှာရှိတဲ့ လူတိုင်းကို တကျိတ်တည်း တဉာဏ်တည်းဖြစ်ကြောင်း မသတ်မှတ်ဖို့ ပရိသတ်တွေကို တောင်းဆိုလိုက်ပါတယ်။
အကြိမ်ရေ ၂ ဒသမ ၅ သန်းကျော် ကြည့်ရှုခဲ့ကြတဲ့ အဲ့ဒီဗီဒီယိုထဲမှာ အသက် ၅၃ နှစ်အရွယ် မင်းသား Kumar က “ကျနော့် နှလုံးသားနဲ့ ပြောရမယ်ဆိုရင် ကျနော်တို့ အနုပညာလောကထဲမှာ မူးယစ်ဆေးဝါးပြဿနာ မရှိဘူးလို့ ကျနော် ဘယ်လိုလုပ်ပြီး လိမ်ပြောလို့ရမှာလဲ။ အလုပ်တိုင်းမှာလိုပဲ အလားတူပြဿနာတွေက ကျနော်တို့ အလုပ်ထဲမှာလည်း ရှိနေပါတယ်။ ဒါပေမဲ့ အလုပ်တိုင်းမှာရှိတဲ့ လူတိုင်းက အဲ့ဒီ ပြဿနာတွေထဲမှာ ပါဝင်နေတယ်လို့ ပြောမယ်ဆိုရင်တော့ မှားသွားပါလိမ့်မယ်” လို့ ဟင်ဒီဘာသာစကားနဲ့ ပြောဆိုခဲ့ပါတယ်။
အသက် ၃၄ နှစ်အရွယ် မင်းသမီး Deepika Padukone ၊ Sara Ali Khan, Shraddha Kapoor နဲ့ Rakul Preet Singh တို့အပါအဝင် နာမည်ကျော် မင်းသမီးတွေဟာလည်း စစ်ဆေးမေးမြန်းဖို့ ဆင့်ခေါ်ခံခဲ့ရပါတယ်။ မင်းသမီး Padukone နဲ့ သူ့ရဲ့မန်နေဂျာတို့ကြား WhatsApp ကနေတဆင့် ပြောဆိုမှုတွေကို TimesNow ရုပ်သံလိုင်းကနေ ပြီးခဲ့တဲ့လတုန်းက ချပြခဲ့ပြီးတဲ့နောက် ဘောလိဝုဒ် မူးယစ်ဆေးကိစ္စဟာ နိုင်ငံတော်အဆင့်အထိ စိတ်ဝင်စားမှု မြင့်တက်လာခဲ့ပါတယ်။
ဒါပေမဲ့ မင်းသား Sushant ဟာ စိတ်ကျရောဂါကို ခံစားနေခဲ့ရတယ်ဆိုတဲ့သတင်းကို မိသားစုက ပယ်ချထားပြီး မင်းသမီး Chakraborty ဟာ မင်းသားရဲ့ ပိုက်ဆံတွေကို ခိုးပြီး အနိုင်ကျင့်ခဲ့ကြောင်း စွပ်စွဲထားပါတယ်။ အသက် ၂၈ နှစ်အရွယ် မင်းသမီး Chakraborty ကတော့ သူဘာမှ အမှားလုပ်မိထားခြင်း မရှိခဲ့တဲ့အကြောင်း ပြန်လည်ပြောဆိုထားပါတယ်။
Ref: thejakartapost
You may also like these stories:
အမီရာခန်းရဲ့ တောင်းဆိုမှုကြောင့် ရုပ်ရှင် ဖြန့်ချိမယ့်ရက်ကို ရွှေ့ဆိုင်းပေးခဲ့တဲ့ အရှေးကူမား
ပျော်ရွှင်ချင်တာကြောင့် နိုင်ငံရေးလောကထဲ ဝင်မှာမဟုတ်ဘူးလို့ မင်းသား Akshay Kumar ပြော
နာမည်ကျော် ဒါရိုက်တာတွေ ခေါ်မသုံးလို့ တက်သစ်စတွေနဲ့ အလုပ်တွဲလုပ်နေတဲ့ Akshay Kumar