Entertainment

“မြန်မာပြည်မှာ အသက်ကြီးတာကို ရယ်စရာ ထင်ကြတယ်”လို့ ဝင်းမင်းသန်း ပြော

Want create site? Find Free WordPress Themes and plugins.

ဆိုရှယ်မီဒီယာမှာ Content များစွာ ဖန်တီးပြီး ဗဟုသုတများ ဝေမျှလျက်ရှိတဲ့ Beauty Blogger ဝင်းမင်းသန်းကတော့ မြန်မာပြည်က လူတချို့ဟာ အသက်ကြီးတာကို ရယ်စရာလို့ ထင်ကြကြောင်း ပြောပါတယ်။

“တခါတလေကျရင် ကျမတို့ ဒီမြန်မာပြည် အသိုင်းအဝိုင်းမှာက အသက်ကြီးတာကို ရယ်စရာလို့ ပြောကြတယ်။ အသက်ကြီးမှာကို ကြောက်ကြတယ်။ အသက်ကြီးရင် စိတ်ညစ်စရာ တခုလို့ အရမ်းထင်ကြတာပဲ။ သူငယ်ချင်း အချင်းချင်းတောင် ငါက နင့်ထက် ၃ ၊ ၄ လ ပိုငယ်တယ်ဆိုရင် အရမ်းကို ငယ်ပါတယ်ပေါ့။ အဲ့လိုတွေ ဖြစ်ကြတယ်”

“ကျမက လူငယ်တွေကို နေပြတယ်ဆိုတာက ကျမ အသက် ၃၇ နှစ်၊ ၃၈ နှစ် ပြည့်တော့မယ်။ ဒါပေမဲ့ကိုယ့်စိတ်ပဲ ကိုယ်ပျော်ပျော်ရွှင်ရွှင် တက်တက်ကြွကြွနဲ့ ကျန်းမာတဲ့ ဘဝကို ကိုယ်တိုင် ဖန်တီးယူလို့ ရတယ်ဆိုတာ လူငယ်တွေကို သိစေချင်တာပေါ့”လို့ ဝင်းမင်းသန်းက ပြောပါတယ်။

ကိုယ့်စိတ်နဲ့ကိုယ် ပျော်ပျော်ရွှင်ရွှင် တက်တက်ကြွကြွနဲ့ ကျန်းမာတဲ့ ဘဝကို ကိုယ်တိုင်ဖန်တီးယူလို့ရတယ်ဆိုတာကို လူငယ်တွေကို သိစေချင်တယ်လို့ ဆိုပါတယ်။

“ကျမကလေ အမှန်အတိုင်းပြောရရင် ပျင်းမှာကြောက်တဲ့သူ၊ အရမ်းပျင်းတတ်တဲ့သူ၊ အမြဲတမ်းပေါက်တတ်ကရတွေ လျှောက်လုပ်နေတာ။ ကျမ ပေါက်တတ်ကရ လုပ်တာကို ဝိုင်းပြီးတော့ အားပေးကြတယ်။ လိုက်လည်း လုပ်ကြတယ်။ နောက်တခုက ကျမက ကိုယ်တိုင် အပျင်းမပြေပြေအောင် လုပ်နေတာဆိုတော့ ကိုယ်လုပ်တာတွေကို ကြည့်ပြီးတော့လည်း အပျင်းပြေမယ် ထင်ပါတယ်။ အဲဒါကြောင့်ပဲလုပ်ဖြစ်တာပါ။ ကိုယ်စိတ်ထဲမှာရှိတာပဲ လုပ်တာပါ” လို့ ဝင်းမင်းသန်းက ပြောပါတယ်။

လက်ရှိမှာလည်း ရွှေတွေ ဝယ်စုဖြစ်တဲ့အကြောင်းနဲ့ သူ့ရဲ့ Follower တွေကလည်း လိုက်လုပ်ကြတာကို အခုလိုမျိုး ပြောပါတယ်။

“ကျမက စိတ်ထဲမှာ ရှိတာလုပ်တာ။ စဉ်းစားရင်းစဉ်းစားရင်းနဲ့ ငါရွှေဝတ်ချင်တယ်လို့ စဉ်းစားလိုက်တယ်။ စွပ်ကျယ်လေးနဲ့ ဂျင်းဘောင်းဘီကို ရွှေနဲ့ သိပ်ဝတ်ချင်တာ။ ဟုတ်ပြီ ရွှေတွေ ဝယ်မယ်ပေါ့။ တခြား ဖိနပ်တွေ အိတ်တွေ ဝယ်ရင်က ရောင်းလို့ မရဘူးလေ။ ရွှေတွေ ဝယ်ထားရင်က အေးဆေးပဲ။ ကိုယ့်ရှိတဲ့ပိုက်ဆံ စုထားတဲ့ထဲက ရွှေတွေ ဝယ်ဝတ်လိုက်တယ်”

“ပြီးရင်တခုခု အလုပ်လုပ်စားဖို့ ရင်းနှီးဖို့လိုရင်လည်း ရွှေတွေက ပြန်ရောင်းလို့ရတယ်လေ။ အဲဒါကြောင့် အခုလောလောဆယ်ကတော့ ကြိုက်လို့ ဝတ်ထားတယ်ပေါ့။ နောက်ပိုင်းကျ လိုရင် ရောင်းစားမယ်ပေါ့။ ဟိုလိုမျိုး ရှိလို့တော့ မဟုတ်ပါဘူး။ ပိုလျှံနေလို့တော့ မဟုတ်ဘဲ ရွှေဝယ်စုတဲ့ သဘောပါပဲ”လို့ ပြောပါတယ်။

ဆက်လက်ပြီး “စကားတခု ရှိတယ်လေ။ ဇမ္ဘူဒီပါ လက်ယာတောင်ကျွန်း သြဇာ နိမိတ်ထွန်းတယ်ဆိုတာ ရှိတယ်။ နိမိတ်နဲ့ အတိတ်နဲ့ အယူတော် မင်္ဂလာပေါ့။ အဲ့လိုမျိုးလေးတွေလည်း ကြိုက်တယ်။ ယုံကြည်တယ်။ ကိုယ့်ရဲ့ Newfeed မှာ Comment မှာ ဟိုလူကလည်း ရွှေတွေ လာကြွား ၊ ဒီလူကလည်း ကြွားနဲ့ကြည့်ရတာ မင်္ဂလာရှိတယ်လေ” လို့ ပြောပါတယ်။

အခုလိုအချိန်မျိုးကို ကိုယ်ကျန်းမာရေးရော စိတ်ကျန်းမာရေးကိုပါ ဂရုစိုက်ကြပါလို့လည်း ပြောပါတယ်။

“အခုလို အချိန်မျိုးမှာ ကိုယ့်ကျန်းမာရေးကို ဂရုစိုက်ရုံတင် မဟုတ်ဘဲနဲ့ စိတ်ကျန်းမာရေးကိုလည်း မမေ့စေချင်ဘူး။ ကိုယ့်ရဲ့စိတ်ကိုလည်း ကျန်းမာအောင် ထားပါ။ ကိုယ့်ရဲ့ကိုယ်ခန္ဓာကိုလည်း ကျန်းမာအောင်ထားရင်းနဲ့ အားလုံး လိုက်နာစရာရှိတဲ့ စည်းကမ်းတွေကို လိုက်နာရင်းနဲ့ ခက်ခဲတဲ့အချိန် ကာလကြီးကို ကျော်ဖြတ်ပြီးတဲ့အခါမှာ ပြန်လည်ထူထောင်ရေးအတွက် အားအင်အသစ်တွေ ဖြစ်အောင်လို့ ဒီအချိန်မှာ ဂရုစိုက်ပြီးနေပါ” လို့ ဝင်းမင်းသန်းက ပြောပါတယ်။

ဝင်းမင်းသန်းကတော့ အလှအပ ရေးရာ အကြောင်းအရာများနဲ့ Lifestyle ၊ ဖက်ရှင် စတဲ့ အကြောင်းအရာများကို ဆိုရှယ်မီဒီယာကတဆင့် မျှဝေပေးနေသူဖြစ်ပြီး အသားအရေ ထိန်းသိမ်းစောင့်ရှောက်ပုံတွေကိုလည်း ပုံမှန် အမြဲ Live လွှင့်ကာ တင်ဆက်ပေးနေသူ ဖြစ်ပါတယ်။

You may also like these stories:

တေးရေးအသစ်များကို ခေါ်ယူနေတဲ့ အဆိုတော် နီနီခင်ဇော်

COVID–19 အတွေ့အကြုံများကို ပြန်လည် မျှဝေခဲ့တဲ့ သရုပ်ဆောင် မောင်

ကိုဗစ်ကာလမှာ တကိုယ်တော်ခွေအတွက် သီချင်းသစ် ရေးနေတဲ့ ချယ်ရီသင်း

Did you find apk for android? You can find new Free Android Games and apps.
Loading