Entertainment

ကိုဗစ်ကြောင့် မြန်မာ့ရုပ်ရှင် သက်ကြီးပူဇော်ပွဲကို ရက်ရွှေ့ထား

Want create site? Find Free WordPress Themes and plugins.

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးကနေ ဦးဆောင်ပြီး နှစ်စဉ်နှစ်တိုင်း ရုပ်ရှင်သက်ကြီးပူဇော်ပွဲကို အောက်တိုဘာလ ၁၃ ရက်နေ့မှာ ကျင်းပပြုလုပ်လေ့ရှိပေမယ့် ဒီနှစ်မှာတော့ (၄၃) ကြိမ်မြောက် ရုပ်ရှင်သက်ကြီးပူဇော်ပွဲကို အောက်တိုဘာ ၂၁ ရက်နေ့ နောက်ပိုင်းမှသာ ပြုလုပ်ဖို့ တိုင်ပင်ထားကြောင်း ရုပ်ရှင်အစည်းအရုံး ဒုဥက္ကဋ္ဌ ဦးအေးကြူလေးက ဧရာဝတီကို ပြောပါတယ်။

“ကျနော်တို့မှာ လုပ်စရာတွေက အများကြီး ရှိတယ်။ အောက်တိုဘာ ၂၁ ရက်နေ့ ကျော်မှပဲ စဉ်းစားလို့ရမယ်။ အမှန်ဆိုရင် အောက်တိုဘာ ၁၃ ရက်နေ့က ရုပ်ရှင်သက်ကြီး ပူဇော်ပွဲ၊ အဲဒီမှာ ရုပ်ရှင်နှစ် ၁၀၀ ပြည့်နဲ့ တိုက်နေတော့ နှစ် ၁၀၀ ပြည့်လုပ်မယ်ဆိုရင် သက်ကြီးပူဇော်ပွဲကို ရွှေ့လိုက်မယ် ဆိုပြီးတော့ အမှုဆောင်တွေက အစည်းအဝေးလုပ်ပြီး ပြောင်းလိုက်တယ်”

“အခုချိန်မှာ အခြေအနေက ပိုဆိုးလာတော့ အိမ်တွေ လိုက်ပေးလို့လည်း မရတော့ဘူး။ အောက်တိုဘာ ၂၁ ရက်နေ့ ကျော်ရင်တော့ နည်းနည်းအဆင်ပြေလာမယ် ထင်လို့ အခုလို ကြေညာလိုက်တာပါ။ ဒါပေမဲ့ ဘယ်ရက်မှာလုပ်မယ် ဆိုတာတော့ အတိအကျ ပြောလို့ မရသေးပါဘူး”လို့ ဦးအေးကြူလေးက ပြောပါတယ်။

COVID-19 ရောဂါကြောင့် မြန်မာ့ရုပ်ရှင် နှစ် ၁၀၀ ပြည့်ပွဲကိုလည်း မြန်မာ့အသံကနေ အောက်တိုဘာလ ၁၃ ရက်နေ့မှာ လွှင့်ဖို့ စီစဉ်နေတယ်လို့ ဦးအေးကြူလေးက ဆိုပါတယ်။

“ကျနော်တို့ မြန်မာ့ရုပ်ရှင်နေ့ကို လုပ်ဖို့လည်း တိုင်ပင်ထားတယ်။ လူနည်းနည်း ကျဲကျဲလေးနဲ့ ရင်ပြင်မှာ လုပ်ဖို့လည်း တိုင်ပင်ထားတယ်။ နောက် ဝဇီရာမှာ စာတမ်းဖတ်ပွဲ လုပ်မယ်ဆိုပြီး လုပ်လိုက်တယ်။ အခုရောဂါ အခြေအနေက ဆိုးလာတော့ မြန်မာ့အသံ ခန်းမကို ရွှေ့လိုက်ရတယ်။ မြန်မာ့အသံကနေ အောက်တိုဘာ ၁၃ ရက်ဆို လွှင့်မယ်”

“အခမ်းအနား အစီအစဉ် ကျင်းပသွားမယ်။ ကျနော်တို့ ရိုက်ကူးထားတာတွေ ထုတ်ပြသွားမယ်။ အခမ်းအနားကိုတော့ အကျဉ်းချုံးပြီး မြန်မာ့အသံကနေ လွှင့်ဖို့ လုပ်နေတယ်။ အတတ်နိုင်ဆုံးတော့ ဖုန်းနဲ့ ရိုက်တာတွေ ဖော်ပြမယ်။ ရုပ်ရှင်သမား တော်တော်များများ ပါနိုင်အောင် လုပ်နေပါတယ်”လို့ ဦးအေးကြူလေးက ပြောပါတယ်။

မြန်မာ့ရုပ်ရှင် သက်ကြီးပူဇော်ပွဲ အခမ်းအနားကို ယခင်နှစ်တွေက အောက်တိုဘာလ ၁၃ ရက်နေ့ ရောက်တိုင်း နှင်းဆီကုန်း ဘိုးဘွားရိပ်သာမှာ ကျင်းပပြုလုပ်တာ ဖြစ်ပါတယ်။ လက်ရှိမှာလည်း မြန်မာ့ရုပ်ရှင် နှစ် ၁၀၀ ပြည့် ဂုဏ်ပြု ဖျော်ဖြေပွဲများကို အပတ်စဉ် တီဗီကနေ ထုတ်လွှင့် ပြသလျက် ရှိပါတယ်။

You may also like these stories:

ကိုဗစ်ကြောင့် မြန်မာ့ရုပ်ရှင် ရာပြည့် ဖျော်ဖြေပွဲကို မသွားဖြစ်တဲ့ ဖြူဖြူကျော်သိန်း

“ရုပ်ရှင်ပြတိုက်မှာ ကျန်ခဲ့တဲ့ ပုံတွေ ပြန်ဖြည့်မှာပါ”လို့ ဦးအေးကြူလေး ပြော

Did you find apk for android? You can find new Free Android Games and apps.
Loading