• English
Tuesday, May 20, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

ဖခင်ဖြစ်သူကို ရည်စူးပြီး ဧရာဝတီ ဖောင်ဒေးရှင်းသို့ ဒါရိုက်တာ ထူးပိုင်ဇော်ဦး လှူဒါန်း

by ယုဖြူဟန်
12 October 2020
in Entertainment
A A
ဒါရိုက်တာ ထူးပိုင်ဇော်ဦးတို့ မိသားစု / Htoo Paing Zaw Oo's Facebook

ဒါရိုက်တာ ထူးပိုင်ဇော်ဦးတို့ မိသားစု / Htoo Paing Zaw Oo's Facebook

14.2k
VIEWS
Share on FacebookShare on Twitter

COVID-19 ရောဂါ Positive ကြောင့် ကွယ်လွန်သွားခဲ့တဲ့ ဖခင်ဖြစ်သူကို ရည်စူးကာ ဒါရိုက်တာ ထူးပိုင်ဇော်ဦးက ဧရာဝတီ ဖောင်ဒေးရှင်းမှာ အလှူငွေကျပ် ၅ သိန်း လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

“ပါပါးကို ရည်စူးပြီး ဧရာဝတီ ဖောင်ဒေးရှင်းကို အလှူငွေ ၅ သိန်း လှူဒါန်းခဲ့ပါတယ်။ ပါပါး သာဓုခေါ်နိုင်ပါစေ။ အခုလို ကျနော်တို့ မိသားစု စိတ်ဒုက္ခ အခက်အခဲ ကြုံနေရတဲ့အချိန်မှာ မိသားစု၊ ဆွေမျိုး၊ မိတ်ဆွေ၊ သူငယ်ချင်းများရဲ့ အကူအညီများကြောင့် အထိုက်အလျောက် စိတ်သက်သာရာ ရပါတယ်” လို့ ဒါရိုက်တာ ထူးပိုင်ဇော်ဦးက ပြောပါတယ်။

RelatedPosts

မဟာ အလက်ဇန္ဒား

မဟာ အလက်ဇန္ဒား

18 May 2025
759
အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

17 May 2025
1.4k
ဂုန်းနိုင်ငံရေး

ဂုန်းနိုင်ငံရေး

17 May 2025
517

ဖခင်ဖြစ်သူရဲ့ သက်ပျောက်ဆွမ်းကို အဆင်ပြေပြေ ကပ်နိုင်အောင် စီစဉ်ပေးပြီး တရားဟောပေးတဲ့ ကျောက်တလုံး ဘုန်းဘုန်းကိုလည်း ကျေးဇူးတင်ရှိခိုးကြောင်း ပြောထားပါတယ်။

“ပါပါး ရဲ့ သက်ပျောက်ဆွမ်းနဲ့ ရက်လည်အတွက် အွန်လိုင်းပေါ်ကနေ အဆင်ပြေအောင် ကပ်ဖို့ စီစဉ်ပေးသော၊ တရားဟောပေးသော ကျောက်တလုံး ဘုန်းဘုန်းကိုလည်း ကျေးဇူးတင် ရှိခိုးပါတယ်” လို့ ဒါရိုက်တာ ထူးပိုင်ဇော်ဦးက ဆိုပါတယ်။

ဒါရိုက်တာ ထူးပိုင်ဇော်ဦး မိသားစုမှ ဧရာဝတီ ဖောင်ဒေးရှင်းသို့ လှူဒါန်းစဉ်

ယနေ့ အောက်တိုဘာလ ၁၂ ရက်နေ့မှာတော့ မိခင်ဖြစ်သူနဲ့ ထူးပိုင်ဇော်ဦးတို့ဟာ Quarantine ဝင်နေရာမှ အိမ်သို့ ပြန်လည် ရောက်ရှိလာပြီဖြစ်ပြီး ကိုယ်တိုင်က Negative ဖြစ်ခဲ့ပေမယ့် မိခင်ဖြစ်သူမှာ COVID-19 Positive ကြောင့် ဧရာဝတီ ကိုဗစ် စင်တာကို သွားရောက်ခဲ့ရတယ်လို့ သိရပါတယ်။

“ဒီနေ့ အမေရော ကျနော်ပါ အိမ်ပြန်ရောက်ပါပြီ။ ဆေးစစ်ချက်အရ အမေကတော့ Positive ဖြစ်တဲ့အတွက် ဧရာဝတီ ကိုဗစ် စင်တာကို သွားခဲ့ရပြီး ကျနော်ကတော့ Negative ဖြစ်လို့ Hotel Quarantine ပဲ ဆက်နေခဲ့ရပါတယ်။ အခု နှစ်ယောက်လုံး ကျန်းကျန်းမာမာ ရှိပါတယ်” လို့ ထူးပိုင်ဇော်ဦးက ဆိုပါတယ်။

ဒီအတောအတွင်း မိသားစုဝင်များအတွက် လိုအပ်တာများကို ကူညီအကြံပေးခဲ့ကြတဲ့သူများကိုလည်း ကျေးဇူးတင်ရှိတဲ့အကြောင်း ပြောခဲ့ပါတယ်။

“အဖေဂျပန်ဆေးရုံ ICU မှာ နေခဲ့ရစဉ်၊ ဖောင်ကြီးကို ပြောင်းရွှေ့ရစဉ်နဲ့ ဖောင်ကြီးရောက်စဉ်မှာ စောင့်ရှောက် ကြည့်ရှုပေးသော တာဝန်ရှိ ဆရာဝန်များ၊ သူနာပြုများ၊ Emergency Team များ တဦးချင်းစီကို အထူး ကျေးဇူးတင်ပါတယ်”

“အထူးသဖြင့် ကျ‌နော်တို့ကို လိုအပ်သမျှ ကူညီအကြံ‌ပေးသော ဆရာ ဒေါက်တာ ရာပြည့်နဲ့ အထူးအားပေးကူညီ‌ စောင့်‌ရှောက်သော ဆရာမ ဒေါက်တာ ခင်စောယုအောင်တို့ကို အထူး‌ ကျေးဇူးတင်ပါတယ်။ အမေ ကိုဗစ်စင်တာမှာ နေထိုင်စဉ် ကူညီပေးသော တာဝန်ရှိသူ ကိုကိုသိန်းနဲ့ စောင့်ရှောက်ပေးသော တယောက်ချင်းစီကိုလည်း ကျေးဇူးတင်ပါတယ်” လို့ ထူးပိုင်ဇော်ဦးက ပြောပါတယ်။

ဒါရိုက်တာ ထူးပိုင်ဇော်ဦးရဲ့ ဖခင်ဖြစ်သူဟာ စက်တင်ဘာ ၂၇ ရက်နေ့က COVID–19 ရောဂါ ကုသရေးဌာန (ဖောင်ကြီး) မှာ ဆုံးပါးသွားခဲ့တာ ဖြစ်ပါတယ်။

You may also like these stories:

ဒါရိုက်တာ ထူးပိုင်ဇော်ဦးရဲ့ ဖခင် COVID-19 ရောဂါကြောင့် ကွယ်လွန်

Your Thoughts …
Tags: COVID-19ဒါရိုက်တာ ထူးပိုင်ဇော်ဦးလှူဒါန်းဧရာဝတီ ဖောင်ဒေးရှင်း
ယုဖြူဟန်

ယုဖြူဟန်

ဧရာဝတီ

Similar Picks:

ထိုင်းနိုင်ငံ၊ အယုဒ္ဓယမြို့

ထိုင်းမှာ အယုဒ္ဓယမြို့ဟောင်း ပြန်ဖွင့်ပြီ

by ညီညီသူ
25 May 2020
8.4k

အခုချိန်မှာတော့ ရှေးဟောင်းအယုဒ္ဓယမြို့တော်ကို တခြားပြည်နယ်ကလူတွေ လာရောက် လည်ပတ်နေကြပြီး အများစုကတော့ ဘန်ကောက်မြို့ကလူတွေ ဖြစ်ကြတယ်လို့ သိရပါတယ်။

သရုပ်ဆောင် သင်ဇာဝင့်ကျော်  / Thin Zar Wint Kyaw's Facebook

Stay home ကာလ နေထိုင် စားသောက်မှု ပုံစံကို မျှဝေခဲ့တဲ့ သင်ဇာဝင့်ကျော်

by ဧရာဝတီ
13 July 2021
52.2k

ဒီကာလမှာ ပိုစားပါ။ ပိုအိပ်ပါ။ ကိုယ်ခံအား ကောင်းနေဖို့ အရေးကြီးပါတယ်။ စိတ်ညစ်စရာတွေ သိပ်မတွေးပါနဲ့။

ခုတ်ထွင်ရှင်းလင်းခံထားရတဲ့ ဒီရေတောတတော /  Oliver S. - Madagascar General  / Alamy Stock Photo 

သဘာဝပတ်ဝန်းကျင် ပျက်စီးမှုများလေ လူတွေ ဘေးဒုက္ခများလေ

by သဇင်လှိုင်
9 July 2020
8.6k

သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင် ဒေါက်တာ မြင့်ဇော်နဲ့ ဧရာဝတီက တွေ့ဆုံမေးမြန်းထားပါတယ်။

--

ကိုဗစ်လှိုင်းကြားက မြန်မာ့ရိုးရာ သင်ဖြူးဖျာ

by အောင်ကျော်ထက်
28 August 2020
6.5k

စီးပွားရေးအကျပ်အတည်းရင်ဆိုင်နေရသော လုပ်ငန်းကဏ္ဍများစုံထဲတွင် မြန်မာနိုင်ငံ၏ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်လည်းဖြစ်၊ မြန်မာ့ရိုးရာလက်မှုထုတ်ကုန်တခုလည်းဖြစ်သည့် ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့က သင်ဖြူးဖျာလုပ်ငန်းများသည်လည်း တခုအပါအဝင် ဖြစ်သည်။

၂၀၂၀ အတွင်း ကွယ်လွန်သွားခဲ့တဲ့ အနုပညာရှင်များ

၂၀၂၀ ပြည့်နှစ်အတွင်း ကြွေလွင့်သွားခဲ့တဲ့ အနုပညာရှင်များ

by ချစ်ပိုး
30 December 2020
9.7k

၂၀၂၀ ပြည့်နှစ်ဟာ COVID-19 ရောဂါကြောင့် ကမ္ဘာတဝှမ်းမှာ စိတ်မချမ်းမြေ့စရာ သတင်းတွေ ကြုံတွေ့ခဲ့ရပြီး ဒီနှစ်ထဲမှာလည်း အနုပညာရှင်များစွာ ကြွေလွင့်ခဲ့ရပါတယ်။

မြန်မာနိုင်ငံရှိ နေရာဒေသတချို့မှ KTV၊ ဘား၊ အနှိပ်ခန်း တို့ကို ဖမ်းဆီးမှုများ ပြုလုပ်နေစဉ် / ရဲဇာနည်

တောင်ကြီးမြို့ရှိ KTV အယောင်ပြ ပြည့်တန်ဆာလုပ်ငန်း လုပ်သူများအား ဖမ်းဆီး

by လဲ့လဲ့
7 September 2020
30.4k

COVID-19 ကာလအတွင်း ရောဂါကူးစက်မှု ထိန်းချုပ်နိုင်ရန်အတွက် ဖွင့်လှစ်ခွင့် မရှိသေးသည့် သက်ဖူးဝေ KTV အား စက်တင်ဘာ ၆ ရက်တွင် ဝင်ရောက်စစ်ဆေးရာတွင် ၎င်းတု့ိ ၇ ဦးအား ဖမ်းဆီးမိခဲ့ခြင်းဖြစ်သည်။

Next Post
ကရင် ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC) တပ်ဖွဲ့ဝင်များ  / KNU / KNLA Peace Council -HQ Office

ကော့ကရိတ်တွင် ငြိမ်းချမ်းရေးကောင်စီနှင့် မွန်ပြည်သစ်ပါတီ တိုက်ပွဲဖြစ်

လိင်တူချစ်သူ တဦးပြောပြတဲ့ မဲပေးရတဲ့ အကြောင်းအရင်း

လိင်တူချစ်သူ တဦးပြောပြတဲ့ မဲပေးရတဲ့ အကြောင်းအရင်း

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

1 week ago
7.4k
မျက်ရည်ကျရုံကလွဲလို့  ဘာမှမတတ်နိုင်ဘူး

မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

6 days ago
2.4k

Most Read

  • အိန္ဒိယစစ်တပ်ပစ်ခတ်၍ တမူးပကဖ ၁၀ ဦး သေဆုံး

    အိန္ဒိယစစ်တပ်ပစ်ခတ်၍ တမူးပကဖ ၁၀ ဦး သေဆုံး

    shares
    Share 0 Tweet 0
  • အာဏာသိမ်းစစ်တပ်၏ ဗြောင်လိမ်ဗြောင်ညာ ဝါဒဖြန့်သူများ

    shares
    Share 0 Tweet 0
  • ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

    shares
    Share 0 Tweet 0
  • တရုတ်သမ္မတ ရှီနဲ့ မော်စကိုမှာတွေ့ပြီး မင်းအောင်လှိုင် သံတမန်ရေး အသာစီးရ

    shares
    Share 0 Tweet 0
  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate