မင်းသား Jamie Foxx ဟာ “Spider-Man 3” ရုပ်ရှင်မှာ Electro အဖြစ် ပြန်လည် သရုပ်ဆောင်မယ်ဆိုတဲ့ သတင်းတွေ ထွက်ခဲ့ပြီးနောက် အရင် ပင့်ကူလူသား ရုပ်ရှင်တွေထဲက ဇာတ်ကောင်တွေ ပြန်လည် ပါဝင်ခွင့်ရမယ့် ဇာတ်လမ်းပုံစံ ဖြစ်လာနိုင်တယ်ဆိုတဲ့ မှန်းဆမှုတွေ ရှိလာခဲ့ပါတယ်။ အခုတော့ မင်းသား Tobey Maguire ဟာ အဲ့ဒီဇာတ်လမ်းအသစ်ထဲမှာ ပါဝင်ဖို့ ဆွေးနွေးနေတယ်ဆိုပြီး သတင်းထွက်လာပါတယ်။
အရင်တုန်းက ပင့်ကူလူသားအဖြစ် သရုပ်ဆောင်ခဲ့ဖူးတဲ့ မင်းသား Maguire ဟာ “Spider-Man: Far From Home” ရဲ့နောက်ဆက်တွဲ ရုပ်ရှင်မှာသာမက “Doctor Strange in the Multiverse of Madness” ရုပ်ရှင်မှာလည်း ပါဝင်လာဖို့ Marvel Studios နဲ့ဆွေးနွေးနေတဲ့အကြောင်း ယုံကြည်ရတဲ့ သတင်းရင်းမြစ်ထံကနေ သိရတယ်လို့ ဖော်ပြခဲ့ပါတယ်။
ဒါပေမဲ့ အဲ့ဒီမီဒီယာကတော့ တကယ်လို့သာ မင်းသားဟာ ပီတာပါကားအဖြစ် ပြန်လည် ပါဝင်ခွင့်ရမှာ မဟုတ်ဘဲ ဇာတ်ကောင်အသစ်တခု အနေနဲ့ ပါဝင်လာမှာဖြစ်တယ်လို့ ဖော်ပြပါတယ်။ FandomWire ကနေ တင်တဲ့ သတင်းတွေအရ ပင့်ကူလူသားအဖြစ် သရုပ်ဆောင်ခဲ့ဖူးကြတဲ့ မင်းသား Maguire နဲ့ မင်းသား Andrew Garfield တို့ဟာ ပင့်ကူလူသား ရုပ်ရှင်အသစ်မှာ ပြန်လည် ပါဝင်လာနိုင်ချေရှိတယ်လို့ သိရပါတယ်။
အဲ့ဒီမီဒီယာရဲ့အဆိုအရ “Sony နဲ့ Marvel တို့ဟာ အရင်တုန်းက ဗီလိန်တွေကို တိုက်ခိုက်ခဲ့ကြတဲ့ ပင့်ကူလူသား ၃ ယောက်လုံး ပါဝင်လာနိုင်မယ့် ဇာတ်ညွှန်းကို အပြီးသတ်ရေးနေတဲ့အကြောင်း” သိရပါတယ်။ ဒါပေမဲ့ “Spider-Man: Far From Home” နောက်ဆက်တွဲအဖြစ် ထွက်လာမယ့် ရုပ်ရှင်အတွက် အဲ့ဒီမင်းသား နှစ်ယောက်လုံးက လက်မှတ် မရေးထိုးရသေးဘူးလို့ ဆိုပါတယ်။
“The Amazing Spider-Man 2” ရုပ်ရှင်မှာ သရုပ်ဆောင်ခဲ့တဲ့ Electro ဇာတ်ကောင်နဲ့ပဲ ပါဝင်လာမယ်လို့ အခုလ အစောပိုင်းမှာ မင်းသား Foxx က အတည်ပြုထားပါတယ်။ ပြီးတော့ သူ့ရဲ့ဇာတ်ကောင်ဟာ အဲ့ဒီရုပ်ရှင်အသစ်မှာ ပုံစံအသစ်နဲ့ ပြန်လာမှာဖြစ်တယ်လို့လည်း ထုတ်ဖော် ပြောဆိုထားပါတယ်။
သီတင်းတပတ်လောက် ကြာခဲ့ပြီးတဲ့နောက် မင်းသား Benedict Cumberbatch ရဲ့ Doctor Strange ဇာတ်ကောင်ဟာလည်း အဲ့ဒီရုပ်ရှင်မှာ ပါဝင်လာမယ်လို့ သိရပါတယ်။ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၇ ရက်နေ့မှာ ရုံတင်မယ့် “Spider-Man 3” ရုပ်ရှင်ကို ဒါရိုက်တာ Jon Watts က ရိုက်ကူးမှာဖြစ်ပြီး မင်းသား Tom Holland က ပင့်ကူလူသားအဖြစ် ပြန်လည် ပါဝင်လာဦးမှာ ဖြစ်ပါတယ်။
Ref: aceshowbiz
You may also like these stories:
Spider-Man ရုပ်ရှင်သစ်မှာ ပင့်ကူလူသားရဲ့ ကြီးကြပ်သူအဖြစ် Doctor Strange ပါဝင်မည်
ရုပ်သံလိုင်းတချို့ကို အသရေဖျက်မှုဖြင့် ဘောလိဝုဒ် ရုပ်ရှင်ထုတ်လုပ်သူတွေ တရားစွဲ
ရုပ်ရှင်အသစ်မှာ ကလီယိုပတ်ထရာအဖြစ် သရုပ်ဆောင်မယ့် မင်းသမီး Gal Gadot