Entertainment

ပထမဆုံး "Wonder Woman" ရုပ်ရှင်အတွက် ဒေါ်လာ ၃ သိန်းသာရခဲ့တဲ့ Gal Gadot

Want create site? Find Free WordPress Themes and plugins.

မင်းသမီး Gal Gadot ဟာ “Wonder Woman” ရုပ်ရှင်နဲ့ မကြာမီ တကျော့ပြန်လာဖို့ ရှိနေပါတယ်။ အစ္စရေး မင်းသမီး Gadot ဟာ ပထမဆုံး Wonder Woman ရုပ်ရှင်အတွက် အနုပညာကြေး ဒေါ်လာ ၃ သိန်းသာရခဲ့ပြီး မကြာမီ ရုံတင်မယ့် နောက်ဆက်တွဲရုပ်ရှင် “Wonder Woman 1984” ရုပ်ရှင်အတွက် ဒေါ်လာ ၁ဝ သန်း ရရှိခဲ့တယ်လို့ ဆိုပါတယ်။

အခုလို သတင်းထွက်လာတာကတော့ မင်းသမီးရဲ့အကြောင်း မကြာသေးမီက Vanity Fair ပရိုဖိုင်မှာ တင်ခဲ့တာကြောင့် ဖြစ်ပါတယ်။ အခုတော့ ပထမဆုံ သူရိုက်ကူးခဲ့တဲ့ ရုပ်ရှင်ထက် ၃၃ ဆ ပိုမြင့်တဲ့ အနုပညာကြေးကို ရရှိနေခဲ့ပြီ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်မှာတော့ မင်းသမီးဟာ ဒေါ်လာ ၃၄ သန်းနဲ့ ဝင်ငွေအများဆုံး အမျိုးသမီး သရုပ်ဆောင်အဖြစ် Forbes မဂ္ဂဇင်းရဲ့ စာရင်းမှာ ဖော်ပြထားပါတယ်။

မင်းသမီးရဲ့ ပရိုဖိုင်မှာ “မင်းသမီး Gadot က အမျိုးသားအက်ရှင် သရုပ်ဆောင်တွေရတဲ့ ဝင်ငွေနဲ့ ယှဉ်ရင် တော်တော်လေးကို ဒေါသထွက်ရအောင် နည်းတဲ့ ဒေါ်လာ ၃ သိန်းသာ ရရှိခဲ့တဲ့ ပထမဆုံး Wonder Woman ရုပ်ရှင်ရဲ့ အောင်မြင်မှုကြောင့် ဟောလိဝုဒ်မှာ ဝင်ငွေအများဆုံးမင်းသမီး စာရင်းမှာ ပါဝင်နိုင်ခဲ့ပါပြီ” လို့ ရေးသားထားပါတယ်။

ဒါပေမဲ့လည်း အဲ့ဒီပရိုဖိုင် ဖော်ပြချက်မှာ “မင်းသမီးဟာ တခြားအမျိုးသား အက်ရှင်မင်းသားတွေထက် အနုပညာကြေး ထက်ဝက်ကျော် လျော့နည်း ရရှိနေပြီး ကျား၊ မ အနုပညာကြေး ကွာဟမှုကို နီးစပ်နိုင်ဖို့က တော်တော်လေးကို အလှမ်းဝေးနေပါသေးတယ်” လို့ ဖော်ပြထားပါတယ်။

နှိုင်းယှဉ်ရမယ်ဆိုရင် မင်းသား Robert Downey Jr ဟာ သူ့ရဲ့ ပထမဆုံး Iron Man ရုပ်ရှင်အတွက် အနုပညာကြေး ၅ သိန်း ရရှိခဲ့ပါတယ်။ ဒါပေမဲ့ သူဟာရုပ်ရှင်အကျိုးအမြတ်ထဲက ဒေါ်လာ ၂ ဒသမ ၅ သန်း ကို ထပ်ဆောင်း ခံစားခွင့် ရရှိခဲ့ပါတယ်။

အဲ့ဒီနောက် မင်းသား Downey ဟာ ပထမဆုံး Avengers ရုပ်ရှင်အတွက် ဒေါ်လာ သန်း ၅၀ နဲ့
“Avengers: Age of Ultron” ရုပ်ရှင်အတွက် ဒေါ်လာ သန်း ၈၀ ရရှိခဲ့ပါတယ်။ မင်းသား Chris Evans ဟာ ပထမဆုံး Captain America ရုပ်ရှင်အတွက် ဒေါ်လာ ၁ သန်း ရရှိခဲ့ပေမယ့် “Captain America: Civil War” ရုပ်ရှင်မှာတော့ အနုပညာကြေး ၁၅ သန်း ရရှိခဲ့ပါတယ်။

မင်းသား Chris Hemsworth ကတော့ ပထမဆုံး Thor ရုပ်ရှင်အတွက် ဒေါ်လာ ၁ သိန်းခွဲပဲ ရရှိခဲ့ပေမယ့် “Thor: Ragnarok” ရုပ်ရှင်မှာတော့ ဒေါ်လာ ၁၅ သန်း ရရှိခဲ့ပါတယ်။ Wonder Woman ရုပ်ရှင်ဒါရိုက်တာ Patty Jenkins ကတော့ မင်းသမီးဟာ ပိုက်ဆံအတွက် ဒါမှမဟုတ် နာမည်ကျော်ကြားမှုအတွက် လုပ်ဆောင်ခဲ့တာမျိုး မဟုတ်ဘူးလို့ ဆိုပါတယ်။

ဒါရိုက်တာက “မင်းသမီး Gal ဟာ သူ့ရဲ့ဇာတ်ကောက်အပေါ်မှာ တော်တော်လေးကို ကောင်းခဲ့ပါတယ်။ အဲ့ဒီလို ထူးခြားချက်ကြောင့် အဲ့ဒီဇာတ်ရုပ်မှာ Wonder Woman တယောက်ကို ရရှိခဲ့တာပါ။ သူဟာ ငွေကြေးနဲ့ နာမည်ကျော်ကြားမှုကို ရှာဖွေနေတဲ့သူ မဟုတ်ပါဘူး။ ကမ္ဘာကြီးအတွက် ကောင်းမွန်တာ ဘာလုပ်နိုင်မလဲလို့ အမြဲမေးနေတဲ့သူပါ”လို့ ပြောဆိုခဲ့ပါတယ်။

ဒါရိုက်တာရဲ့အဆိုအရ COVID-19 ကပ်ရောဂါကြောင့် အကြိမ်ကြိမ် အချိန်ရွှေ့ဆိုင်းနေရတဲ့ “Wonder Woman 1984” ရုပ်ရှင်ကို Streaming ဝန်ဆောင်မှုတွေကနေတဆင့် မဟုတ်ဘဲ ရုပ်ရှင်ရုံတွေကနေပဲ ဖြန့်ချိမှာ ဖြစ်တယ်လို့ ဆိုထားပါတယ်။

Ref: hindustantimes

You may also like these stories:

တတိယမြောက် ‘Wonder Woman’ ရုပ်ရှင်ကို စီစဉ်နေပြီလို့ ဒါရိုက်တာဆို

၂၀၂၀ ပြည့်နှစ်မှာ ရုံတင်မယ့် “Wonder Woman 1984” ရုပ်ရှင် အမြည်းဗီဒီယို ထွက်ရှိလာ

Did you find apk for android? You can find new Free Android Games and apps.
Loading