သရုပ်ဆောင် ဆောင်းအိန္ဒြေထွန်းက အခုလို ကိုဗစ်ကာလမှာ အိမ်မှာနေရင်း အနုပညာအလုပ်တွေ လုပ်ဖြစ်နေတယ်လို့ ဧရာဝတီကို ပြောပါတယ်။
“မမဆောင်းက ကိုဗစ်ကာလမှာ အနုပညာတော့ လုပ်ဖြစ်နေတယ်။ ကိုယ်က လိုင်းပေါ်မှာ Cele မင်းသမီးလိုလည်း ဖြစ်သွားတယ်။ အိမ်မှာ နေရင်းအလုပ်လုပ်လို့ ရသွားတာပေါ့။ ငွေရေးကြေးရေး ခက်ခဲနေကြတဲ့ ပရိသတ်တွေအတွက်တော့ စိတ်မကောင်းဖြစ်တယ်။ မမဆောင်း နေ့တိုင်း အလှူတွေ လုပ်နေတယ်”လို့ ဆောင်းအိန္ဒြေထွန်းက ပြောပါတယ်။
အခုလို ကြော်ငြာအလုပ်တွေ အွန်လိုင်းမှာ လက်ခံ ရရှိတာဟာ ပရိသတ်တွေကြောင့် ဖြစ်ပြီး အလှူတွေ လုပ်ခွင့်ရအောင်လည်း ပရိသတ်တွေ အားပေးကြပါဦးလို့ ဆိုပါတယ်။
“ကြော်ငြာတွေ ရလာတာကလည်း ချစ်တဲ့ ပရိသတ်တွေ အားပေးတာရယ်၊ ကြော်ငြာ လုပ်ငန်းရှင်တွေ အလုပ်တွေ လာအပ်တာကြောင့်ရယ် ပိုပြီး အလှူတွေ လုပ်ခွင့်ရလာတယ်။ မမဆောင်း အရမ်းပီတိ ဖြစ်ရပါတယ်။ အများကြီး လှူချင်တာကြောင့် ချစ်တဲ့ ပရိသတ်တွေက မမဆောင်းကို အားပေးကြပါဦး”လို့ ဆောင်းအိန္ဒြေထွန်းက ပြောပါတယ်။
မကြာသေးခင်ကလည်း Live လွှင့်ပြီး ရေချိုးပြတဲ့ ကြော်ငြာတခုကြောင့် ဆိုရှယ်မီဒီယာမှာ ပြောစမှတ် ဖြစ်သွားတဲ့အပေါ်လည်း အခုလို ဆိုပါတယ်။
“မမဆောင်း Scrub ရောင်းတော့ ရေချိုးပြတယ်။ ထဘီ အထက်စင်လေးနဲ့ Fitting လုပ်ပြီး ရေချိုးပြတယ်။ အဲ့လို ရေချိုးပြတာကလည်း လုံလုံခြုံခြုံနဲ့ ရေချိုးပြခဲ့တာ။ ဘာမှပေါ်ခြင်း ဘာခြင်း မရှိဘူး။ မယ်တွေလည်း ရထားတော့ မမဆောင်းကို ပရိသတ်တွေက လုံးကြီးပေါက်လှဆိုတော့ ဝိုင်းပြီးတော့ကြည့်သွားကြတယ်။ ပန်ပန် Body Scrub က မမဆောင်းကို Live လွှင့်ဖို့ စာချုပ် ချုပ်ထားတယ်”
“မမဆောင်းလိုပဲ Scrub လိုက်ရောင်းကြတယ်။ မြန်မာဝတ်စုံ ကြိုးတလုံး ရင်ပြတ်လေးတွေ လိုက်ဝတ် ပြီး Scrub တိုက်ကြတယ်။ မမဆောင်းက မြန်မာပြည် ကိုယ်စားပြု မြန်မာ အမျိုးသမီးတွေ ကိုယ်စားပြု၊ အဲ့လို မြန်မာဝတ်စုံလေး တန်ဖိုးထားပြီး လိုက်ဝတ်ကြတာကို ဂုဏ်ယူတယ်။ အဲ့အတွက် အဲ့လို မြန်မာဝတ်စုံတွေ ဝတ်တဲ့ ပရိသတ်တွေကို ကျေးဇူးတင်ပါတယ်”လို့ ဆောင်းအိန္ဒြေထွန်းက ပြောပါတယ်။
ဆက်ပြီး “အဲ့ဒါမှ မြန်မာဝတ်စုံတွေ ဝတ်ပြီးလည်း လန်းလို့ရပါတယ်ဆိုတာကို ပရိသတ်တွေက သိသွားမယ်။ ကြော်ငြာရှင်တွေနဲ့လည်း လက်တွဲပြီး အလုပ်လုပ်နေတယ်။ ကြော်ငြာတွေကလည်း ပေါက်သွားတော့ မမဆောင်း ကြိုးစားရကျိုး နပ်ပါတယ်”လို့ ဆိုပါတယ်။
သရုပ်ဆောင် ဆောင်းအိန္ဒြေထွန်းကတော့ နယ်ပရိသတ် အခိုင်အမာ ရရှိထားတဲ့ ရုပ်ရှင်နဲ့ ဗီဒီယို သရုပ်ဆောင် တဦး ဖြစ်ပါတယ်။
You may also like these stories:
“ဇာတ်ကားတွေမှာ နယ်ပရိသတ်အကြိုက် ဖက်ရှင်တွေ ဝတ်ပေးခဲ့ရတယ်”
သိန်း ၅၀၀ ကျော်တန်ကား မစီးဘဲ ပရိသတ်တွေကို ဖုန်းဘေလ် လှူတဲ့ ဆောင်းအိန္ဒြေထွန်း