Entertainment

အဆိုတော် အဲလက်စ်ရဲ့သမီး ဒိုရာအဲလက်စ် ဆွစ်ဇာလန်မှာ ကိုဗစ် ကူးစက်ခံရ

Want create site? Find Free WordPress Themes and plugins.

အဆိုတော် အဲလက်စ်ရဲ့သမီးဖြစ်သူ ဒိုရာအဲလက်စ်ဟာ ဆွစ်ဇာလန်နိုင်ငံမှာ ကျောင်းတက်နေသူ ဖြစ်ပြီး ပြီးခဲ့တဲ့ ရက်ပိုင်းက နေမကောင်းဘဲ ဖျားခဲ့တဲ့အတွက် စစ်ဆေးကြည့်ရာမှာ COVID-19 ရောဂါ Positive တွေ့ရှိခဲ့တယ်လို့ အောက်တိုဘာလ ၂၀ ရက်နေ့က သူ့ Facebook အကောင့်မှာ Live လွှင့်ပြီး ပြောခဲ့ပါတယ်။

“ဒိုရာ Quarantine ဝင်တာ ၅ ရက် ရှိပါပြီ။ မနေ့တုန်းက Covid စစ်ဆေးမှု အဖြေ ရပါတယ်။ Positive ပါ။ အခု ကိုရိုနာဗိုင်းရပ်စ်ဖြစ်တာ ၂ ရက်ရှိပါပြီ။ ပိုးတွေ့တော့ သူတို့က ဟိုဘက်တိုက်ကနေ ဒီဘက်တိုက်ကို ပြောင်းလိုက်ပါတယ်။ ကျောင်းရဲ့တိုက် မဟုတ်တော့ဘူး။ ပြောင်းလိုက်ပါတယ်။ ကျောင်းကနေ အစားအသောက်တွေ ပို့ပေးတယ်။ ဆရာဝန်ကို ဖုန်းနဲ့ ပေးပြောတော့ ဘယ်လိုတွေ ခံစားရတယ်ဆိုတာကို ဆရာဝန်က ဆေးပို့ပေးမယ် ပြောတယ်” လို့ ဒိုရာအဲလက်စ်က ပြောပါတယ်။

လတ်တလော ခံစားနေရတဲ့ ရောဂါလက္ခဏာများကိုလည်း သူက အခုလို ပြောပြခဲ့ပါတယ်။

အဆိုတော် အဲလက်စ်ရဲ့သမီး ဒိုရာအဲလက်စ် (ဓာတ်ပုံ – Dora Alex’s Facebook)

“အဓိကက ဒိုရာ ဘာဖြစ်နေတာလဲဆိုတော့ နှာခေါင်းပိတ်ပြီးတော့ ခေါင်းကိုက်တယ်။ လည်ချောင်းနာတာမျိုး ဖြစ်တယ်။ ဘာမှ အနံ့ အရသာ မရဘူး။ ဘာစားစား အရသာ မရဘူး။ ပျော့တဲ့ဟာ စားနေရင် ပျော့တယ်ပေါ့။ မာတဲ့ဟာ စားရင် မာတယ်ပေါ့။ ဘာမှ မထူးတော့ဘူး။ ညဘက်ဆိုရင် အသက်ရှုကြပ်တယ်။ သူများတွေက ဗိုင်းရပ်စ်ရှိရင် ခံစားရတဲ့ အကြောင်းတွေ တင်ကြတယ်”

“နှစ်စကတည်းက ဖတ်ခဲ့ရတယ်။ ဖတ်တုန်းကတော့ သူတို့ပြောတဲ့လက္ခဏာတွေကို အံ့သြတယ်။ ပြီးလည်းပြီးရော ကိုယ်ပါအခုခံနေရတယ်ဆိုတော့ သြော် သူတို့ပြောတာ ဒီလိုကိုး။ လူသိန်းပေါင်းများစွာ ခံခဲ့ရတာ ဒီလိုကိုး ဆိုပြီး ကိုယ်ချင်းစာတတ်လာတယ်။ တကယ် အသက်ကြီးတဲ့သူတွေ မခံနိုင်ဘူးဆိုတာ အခုမှ နားလည်တယ်။ အခု ဒိုရာ ငယ်ငယ်လေးပဲ ရှိသေးတာတောင် ဗိုင်းရပ်စ်ဒဏ်ရော၊ ပိုးသတ်ဆေးဒဏ်တွေနဲ့ ခေါင်းက အမြဲမူးနေတယ်။ စိတ်ရောလူရော ပင်ပန်းတယ်။ စကားပြောရင်းနဲ့လည်း အသက်ရှုတွေ ထကြပ်လာတယ်”လို့ ဒိုရာအဲလက်စ်က ပြောပါတယ်။

ဒိုရာအဲလက်စ်က ကျောင်းတက်ဖို့အတွက် ရန်ကုန်ကနေ ဆွစ်ဇာလန်ကို ပြန်ရောက်နေတာ သိပ်မကြာသေးပေမယ့် ကူးစက်ခံရတဲ့ အခြေအနေများကိုလည်း အခုလို ပြောပြခဲ့ပါတယ်။

အဆိုတော် အဲလက်စ်ရဲ့သမီး ဒိုရာအဲလက်စ် (ဓာတ်ပုံ – Dora Alex’s Facebook)

“ဒီအတောအတွင်း ဒိုရာ ဘူတာရုံ အပြေးမှာ မိုးမိသွားတာလည်း ပါတယ်။ လူများတဲ့ ညစာစားပွဲတခု သွားလိုက်တယ်။ Mask မတပ်ဘူး ဘယ်သူမှ။ အဲဒါကလည်း သူများဖိတ်လို့ သွားရမှာမို့ ဒိုရာလည်းသွားချင်လို့ သွားလိုက်တယ်။ ဒီကြားထဲမှာလည်း Positive ဖြစ်တဲ့ ဆရာတယောက်နဲ့ စကားပြောလိုက်တယ် အကြာကြီး၊ ဒိုရာက ထမင်းစားနေတော့ သူက ဘေးက ဖြတ်သွားတော့ တွေ့ပြီးစကားပြောလိုက်တယ်။ သူက အဲ့နေ့ညမှာပဲ ဖျားတယ်။ Positive ဖြစ်တယ်”

“ဒိုရာ့အခန်းထဲက သူငယ်ချင်း ၂ယောက်ကလည်း Positive နဲ့ ထိတွေ့ခဲ့တဲ့သူတွေ ဖြစ်တော့ အားလုံးကပေါင်းပြီးတော့ အားနည်းပြီး ကူးသွားတာဖြစ်မှာ” လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာလို COVID-19 ကူးစက်ခံရရင် ဆေးရုံ၊ ဆေးခန်းများ ပို့ပေးတာမျိုးမရှိဘဲ ဆွစ်ဇာလန် ဥပဒေအရ ရောဂါမပြင်းထန်ပါက အိမ်မှာပဲနေရမှာ ဖြစ်တဲ့အတွက် ကျောင်းက ထားရှိတဲ့ နေရာမှာသာ နေထိုင်နေတယ်လို့ သိရပါတယ်။

“အခုက ကျောင်းကပေးတဲ့ Quarantine လုပ်တဲ့နေရာမှာ ဆွစ်ဇာလန် ဥပဒေအရ Positive ဖြစ်လည်း အိမ်မှာပဲ နေရတယ်။ ဒိုရာ့ အိမ်ကကျတော့ ကျောင်းကတိုက်၊ ကျောင်းရဲ့တိုက်မှာကျတော့ စာသင်ခန်းတွေနဲ့ တတိုက်တည်း၊ စာသင်ခန်းတွေရော စားသောက်တန်းတွေရောနဲ့ တခုတည်း ဆိုတော့ ကျောင်းကနေ ဒိုရာ့ကို ကျောင်းရဲ့ Main အဆောက်အဦကနေ ဒီဘက်က ကျောင်းအဆောင် နောက်တခုကို ပို့လိုက်တယ်”လို့ ဒိုရာအဲလက်စ်က ပြောပါတယ်။

အဆိုတော် အဲလက်စ်တို့ မိသားစု (ဓာတ်ပုံ – Dora Alex’s Facebook)

ဒိုရာအဲလက်စ်ကတော့ မိသားစုနဲ့ ဝေးရာကို ရောက်နေပေမယ့် ကိုယ်တိုင် ကြိုးစားနေထိုင်ရင်း ကိုဗစ်ရောဂါကို ရင်ဆိုင်နေတာ ဖြစ်ပါတယ်။ ဒိုရာအဲလက်စ်ဟာ အဆိုတော် အဲလက်စ်ရဲ့ အမြွှာ သားသမီး နှစ်ယောက်ထဲမှ သမီးအကြီးဖြစ်ပြီး ကိုယ်တိုင်လည်း “First Things First” ဆိုတဲ့ တကိုယ်တော်အခွေ ထွက်ရှိထားပါတယ်။

You may also like these stories:

ကိုယ်ပိုင်သံစဉ် တကိုယ်တော်ခွေ ထွက်ဖို့ ကြိုးစားနေတဲ့ အဖေတူသမီး “ဒိုရာအဲလက်စ်”

ကိုဗစ်ပိုးကူးမှု ရပ်နိုင်စေသော ကိုယ်ခံအားလမ်းကြောင်း Johns Hopkins သုတေသီများ ရှာတွေ့

Did you find apk for android? You can find new Free Android Games and apps.
Loading