Entertainment

အရှေ့တောင်အာရှ ယဉ်ကျေးမှုတွေ ပါဝင်တဲ့ “Raya and the Last Dragon” ရုပ်ရှင်

Walt Disney အန်နီမေးရှင်း စတူဒီယိုကနေ မကြာခင်ရုံတင်တော့မယ့် “Raya and the Last Dragon” ရုပ်ရှင်အတွက် ပထမဆုံး အမြည်းဗီဒီယိုကို မကြာသေးခင်တုန်းက ပရိသတ်တွေထံ ချပြခဲ့ပါတယ်။ အဲ့ဒီ ဗီဒီယိုထဲမှာတော့ နှစ်ခြမ်းကွဲနေတဲ့ ကမ္ဘာကြီးအတွက် ငြိမ်းချမ်းရေးကို ပြန်လည်ရရှိစေဖို့ နောက်ဆုံး နဂါးကို ရှာဖွေရမယ့် မိန်းကလေးငယ်လေး Raya ရဲ့ အကြောင်းကို ဖော်ပြထားပါတယ်။

နှစ်နဲ့ချီပြီးလေ့ကျင့်ထားတဲ့ သိုင်းအစွမ်းကို အသုံးချပြီး Raya ဟာ သူငယ်ချင်း TukTuk နဲ့အတူ သူ့ရဲ့ခရီးလမ်းမှာ ကြုံတွေ့ရမယ့် ထူးဆန်းတဲ့ ဗီလိန်ကို ရင်ဆိုင်ရမှာလည်း ဖြစ်ပါတယ်။

“Raya and the Last Dragon” ရုပ်ရှင်ကို ပြီးခဲ့တဲ့ မတ်လတုန်းက ရုံတင်ဖို့ စီစဉ်ခဲ့ပေမယ့် ဒီနှစ်မှာ ဖြစ်နေတဲ့ ကပ်ရောဂါကြောင့် ရုံတင်ရက်ကို ရွှေ့ဆိုင်းခဲ့ပါတယ်။ အမေရိကန်နိုင်င်ငံမှာ ရုပ်ရှင်ရုံတွေကို ပြန်လည်ဖွင့်လှစ် နေပြီဖြစ်ပေမယ့် ဆောင်းရာသီကာလအထိ ရုပ်ရှင်ရုံတွေကို ဖွင့်ထားမှာလား၊ ရုပ်ရှင်ရုံတွေအနေနဲ့ ပရိသတ် အရေအတွက်ကို ဒီထက်တိုးပြီး လက်ခံမှာလားဆိုတာကိုတော့ မသိရသေးပါဘူး။

“Soul” နဲ့ “Onward” တို့လို Disney ရဲ့ အန်နီမေးရှင်းရုပ်ရှင်တွေဟာလည်း ခန့်မှန်းထားတာထက် စောပြီး ဒစ်ဂျစ်တယ် ပလက်ဖောင်းတွေကနေ ပြသတော့မှာဖြစ်ပါတယ်။ “Soul” ရုပ်ရှင်ကို လာမယ့် ခရစ်စမတ်ကာလမှာ Disney Plus ကနေ ပြသတော့မှာ ဖြစ်ပါတယ်။

“Raya and the Last Dragon” ရဲ့ ဇာတ်လမ်းအကြောင်းအရာမှာတော့ “Kumandra ဆိုတဲ့ ထူးခြားဆန်းကြယ် ကမ္ဘာကြီးထဲမှာ လူသားတွေနဲ့ နဂါးတွေဟာ သဟဇာတဖြစ်စွာနေထိုင်ခဲ့ကြပါတယ်။ ဒါပေမဲ့ ကုန်းမြေဒေသ မကောင်းဆိုးရွားတွေက ခြိမ်းခြောက်လာခဲ့တဲ့အချိန်မှာတော့ နဂါးတွေဟာ လူသားတွေကို ကယ်ဖို့ သူ့တို့ကိုယ် သူတို့ စတေးခဲ့ကြပါတယ်။

နှစ်ပေါင်း ၅၀၀ ကြာခဲ့ပြီးတဲ့နောက် အလားတူ မကောင်းဆိုးရွားတကောင်ဟာ ပြန်လာခဲ့လို့ တကိုယ်တော် စစ်သည်တော်ဖြစ်တဲ့ Raya က ကွဲပြားနေတဲ့နယ်မြေနဲ့ လူတွေကို စုစည်းဖို့ နောက်ဆုံး ကျန်ခဲ့တဲ့ နဂါးကို ခြေရာခံဖို့ ထွက်လာခဲ့ပါတယ်။ ဒါပေမဲ့ သူ့ရဲ့ခရီးလမ်းတလျှောက်မှာ ကမ္ဘာကြီးကို ကယ်တင်ဖို့ နဂါးတကောင်ကို ရှာဖွေတာထက် ယုံကြည်မှုနဲ့ အဖွဲ့လိုက် စိတ်ဓာတ်ဟာ အရေးကြီးတဲ့အကြောင်း သိလာခဲ့ရပါတယ်” လို့ ဖော်ပြထားပါတယ်။

အဲ့ဒီရုပ်ရှင်ဟာ ထိုင်း၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ မြန်မာ၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နဲ့ လာအိုတို့မှ အရှေ့တောင်အာရှ ယဉ်ကျေးမှုတွေကို ဥပမာ ယူထားတဲ့ Kumandra ဆိုတဲ့ ထူးခြားဆန်းကျယ်နယ်မြေတခုမှာ ဇာတ်အိမ်တည်ထားပါတယ်။ သုတေသနပြုဖို့အတွက် ရုပ်ရှင်ရဲ့ ထုတ်လုပ်ရေးအဖွဲ့ဟာ လာအို၊ ကမ္ဘောဒီးယား၊ ထိုင်း၊ ဗီယက်နမ်နဲ့ အင်ဒိုနီးရှားနိုင်ငံတွေဆီ သွားရောက်လေ့လာခဲ့ကြပါတယ်။

Ref: theverge

You may also like these stories:

“Lion King” နောက်ဆက်တွဲရုပ်ရှင် ရိုက်ကူးဖို့ စီစဉ်နေတဲ့ Disney

“Black Widow” ရုပ်ရှင် ရုံတင်မယ့်ရက်ကို Disney နောက်ဆုတ်

Loading