လတ်တလော ကိုဗစ်ကာလမှာ အွန်လိုင်းကနေ Live လွှင့်ပြီး ရတနာပစ္စည်းများကို အနုပညာရှင်များက ရောင်းပေးနေတဲ့ထဲမှာ မကြာခင်မှာလည်း Beauty Blogger ဖြစ်သလို၊ သရုပ်ဆောင်လည်း ဖြစ်တဲ့ နေခြည်ဦးက ပထမဆုံး Live လွှင့်ကာ ရတနာပစ္စည်းများ ရောင်းချပေးသွားမယ်လို့ သိရပါတယ်။
“She Shines” Jewelry က ရတနာပစ္စည်းများကို ရောင်းချပေးသွားမှာဖြစ်ပြီး Live ရောင်းပေးလို့ရမယ့် လုပ်အားခများကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးထံ လှူဒါန်းသွားမယ်လို့ သိရပါတယ်။
“နေခြည့်ကို ယုံယုံကြည်ကြည်နဲ့ လုပ်ခွင့်ပေးတဲ့ “She Shines” ကို အရမ်းကျေးဇူးတင်ပါတယ်။ ဒီလို မြန်မာပြည်ရဲ့ထိပ်တန်း Jewery ဆိုင်ကြီးတခုနဲ့ ပထမဆုံး ပူးပေါင်း လုပ်ခွင့်ရဖို့ ၁ လကျော်လောက် အခက်အခဲတွေ၊ ကြိုတင်ပြင်ဆင်မှုတွေ အများကြီးပေါ့”
“လုပ်အားခ တပြားတချပ်မှ မယူဘဲ ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရေးပေါ်ဌာနရဲ့ လိုအပ်တာလေးတွေကို ပြန်လည် လှူဒါန်းသွားမှာမို့ နေခြည့်ကိုချစ်ရင် အားပေးပါ။ မိတ်ဆွေတွေလည်း အားပေးဖို့ တိုက်တွန်းပေးပါနော်။ နေခြည့်ဘက်ကလည်း အနုပညာကြေး တပြားတချပ်မှ မယူဘဲ စုစုပေါင်း ရောင်းရငွေရဲ့ ၁၀ ရာခိုင်နှုန်းကို She Shines နဲ့ Beautybynaychi Brand နှစ်ခု ပူးပေါင်းပြီး လှူဒါန်းသွားမှာပါ” လို့ နေခြည်ဦးက ပြောပါတယ်။
အဆိုပါ Facebook Online Sales and Charity Event ကိုတော့ အောက်တိုဘာလ ၂၉ ရက်နေ့နဲ့ နိုဝင်ဘာလ ၁ ရက်နေ့များမှာ ၂ ရက်တာ ရောင်းချပေးသွားမှာဖြစ်ပါတယ်။
Live အတွင်း ရောင်းချမယ့် ကျောက်မျက်အထည်များကို အလျော့တွက် လက်ခ မယူဘဲ နေခြည်ဦးဘက်ကလည်း အနုပညာကြေးနဲ့ စုစုပေါင်းရောင်းရငွေရဲ့ ၁၀ ရာခိုင်နှုန်းကို ရန်ကုန်ဆေးရုံကြီးနဲ့ အခြားလိုအပ်နေတဲ့ နေရာများသို့ လှူဒါန်းသွားမယ်လို့ သိရပါတယ်။
နေခြည်ဦးကတော့ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကလည်း သူ့ရဲ့ “Beautybynaychi” Facebook Page, Instagram နဲ့ Tiktok တို့မှာ Follower ၁ သန်း ပြည့်သွားခဲ့တဲ့အတွက်လည်း သူ့ကို အားပေးကြတဲ့ ပရိသတ်များကို ကျေးဇူးတင်စကား ဆိုထားပါတယ်။
You may also like these stories:
ကွယ်လွန်သူ အဆိုတော် မီးမီးခဲအား ဂူသွင်းမြှုပ်နှံ
“ကျော်ထက်အောင်က မရှက်အောင် အိုက်တင်တွေ သင်ပေးတယ်”လို့ ငွေဇင်လှိုင်း ပြော
NLD အောင်နိုင်ရေး ဇာတ်လမ်းမှာ ပါဝင်ဖြစ်ပုံ ပြောပြတဲ့ ရတနာဗိုလ်