မင်းသမီး Jennifer Aniston က အဆိုတော် Kanye West ကို မဲမပေးကြဖို့ အမေရိကန် နိုင်ငံသားတွေကို တိုက်တွန်းလိုက်ပါတယ်။
အသက် ၅၁ နှစ်အရွယ် မင်းသမီးက အမေရိကန် ရွေးကောက်ပွဲမှာ မဲပေးကြဖို့ ပြည်သူတွေကို Instagram ကနေ တဆင့်တိုက်တွန်းခဲ့ပြီး ဒီမိုကရက်တစ်ပါတီ ကိုယ်စားပြု သမ္မတလောင်း ဒုသမ္မတဟောင်း ဂျိုးဘိုင်ဒန်ကို ထောက်ခံကြောင်း ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် မင်းသမီး Jennifer က အဆိုတော် Kanye ကို မဲမပေးကြဖို့လည်း ပြောဆိုခဲ့ပါတယ်။
စာတိုက်ကဆင့် မဲပေးနေတဲ့ ပုံကို တင်ခဲ့တဲ့ မင်းသမီးက “ကျမ ဂျိုးဘိုင်ဒန်နဲ့ ကမလာဟဲရစ်တို့ကို မဲပေးခဲ့ပါတယ်။ ကျမ မဲပေးပို့လိုက်ပါပြီ။ ကျမ စောစောပဲ မဲပေးခဲ့ပါတယ်။ ဒီနိုင်ငံက ပိုပြီး ကွဲပြားနေပြီမို့လို့ သူတို့ကို မဲပေးခဲ့ပါတယ်။ အခုတော့ အာဏာရှိတဲ့ အမျိုးသားအနည်းစုဟာ အမျိုးသမီးတွေက သူတို့ကိုယ်ပိုင် ခန္ဓာကိုယ်တွေနဲ့ ဘာလုပ်နိုင်တယ်၊ ဘာမလုပ်နိုင်ဘူးဆိုပြီး ဆုံးဖြတ်ပေးနေကြတယ်။
ကျမတို့ရဲ့ လက်ရှိ သမ္မတက လူမျိုးရေးဆိုတာ ပြဿနာကြီး မဟုတ်ဘူးလို့ ဆုံးဖြတ်ထားတယ်။ သူက သိပ္ပံပညာကိုလည်း ထပ်ခါတလဲလဲ မသိကျိုးကျွံ ပြုထားတယ်။ လူတွေအများကြီး သေခဲ့ရပြီ” လို့ ရေးသားခဲ့ပါတယ်။
မင်းသမီး Jennifer ကတော့ လူနည်းစုအဖွဲ့တွေကို ထောက်ခံပေးကြဖို့နဲ့ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ကိစ္စတွေကို ထည့်သွင်းစဉ်းစားကြဖို့ မဲပေးသူတွေကို တိုက်တွန်းခဲ့ပါတယ်။
သူ့ရဲ့ ပို့စ်ထဲမှာ “ကျမတို့ အခုရောက်နေတဲ့ လမ်းကြောင်းအတိုင်း ရှိနေမယ်ဆိုရင် ဒီရွေးကောက်ပွဲကနေ သက်ရောက်မှု အများဆုံးရှိလာနိုင်တဲ့သူကို ရှင်တို့စဉ်းစားကြဖို့ တိုက်တွန်းပါတယ်။ အဲ့ဒါတွေကတော့ ရှင်တို့ရဲ့ သမီးတွေ၊ LGBTQ+ အသိုက်အဝန်း၊ လူမည်း ညီအကိုမောင်နှမတွေ၊ ကျန်းမာရေး မကောင်းတဲ့ သက်ကြီးရွယ်အိုတွေ၊ ရှင်တို့ရဲ့ အနာဂတ်ကလေးငယ်တွေနဲ့ မြေးတွေအတွက် စဉ်းစားကြပါ” လို့ ဆက်လက် ရေးသားထားပါတယ်။
ဒါ့အပြင် မင်းသမီးက သမ္မတဖြစ်ဖို့ ရည်မှန်းချက်ဖြစ်ဖို့ ထောက်ခံနေကြတဲ့ သူ့ရဲ့ Follower တွေကို အားမပေးခဲ့ဘဲ တာဝန်သိစွာ မဲပေးကြဖို့ တိုက်တွန်းခဲ့ပါတယ်။
သူက “ကိစ္စတခုလုံးက ကိုယ်စားလှယ်လောင်း တယောက်၊ ပြဿနာတခုတည်း မဟုတ်ပါဘူး။ ဒီနိုင်ငံ၊ ဒီကမ္ဘာကြီးရဲ့ အနာဂတ်အကြောင်း ဖြစ်ပါတယ်။ တန်းတူညီမျှတဲ့ လူ့အခွင့်အရေး၊ အချစ်နဲ့ လေးစားလိုက်နာမှုတွေ မဲပေးပါ။ မှတ်ချက်ကတော့ Kanye မဲပေးမယ်ဆိုရင် ရယ်စရာကောင်းတဲ့ကိစ် စမဟုတ်ပါဘူး။ ဘယ်လိုပြန်ပြောရမှန်းတောင် မသိလောက်အောင်ပါပဲ။ ကျေးဇူးပြုပြီး တာဝန်သိသိနဲ့ မဲပေးကြပါ” လို့ ဆိုပါတယ်။
Ref: asiaone
You may also like these stories:
“No Time to Die” ရုပ်ရှင်ကို Streaming ဝန်ဆောင်မှုထံ ရောင်းချထားဟုဆို
၁၁ ကားမြောက် ရုပ်ရှင်ဖြင့် “Fast & Furious” ရုပ်ရှင်စီးရီးကို အဆုံးသတ်မည်
ထိုင်းဆန္ဒပြသူတွေအတွက် K-pop ပရိသတ်တွေ အကာအကွယ်ပစ္စည်းများ လှူဒါန်း