Entertainment

အော်စကာဆု တင်သွင်းမှုအတွက် လီဗြောင်ဟွန်းရဲ့ “The Man Standing Next” ကို ရွေးချယ်

Want create site? Find Free WordPress Themes and plugins.

ကိုရီးယားရုပ်ရှင်ကောင်စီ (KOFIC) ဟာ လာမယ့်နှစ်မှာ ပြုလုပ်မယ့် အော်စကာဆုပေးပွဲအတွက် အကောင်းဆုံး နိုင်ငံတကာရုပ်ရှင်ဆု တင်သွင်းမှုအတွက် လျှောက်ထားလာတဲ့ ရုပ်ရှင် ၁၃ ကားထဲ ဒါရိုက်တာ ဝူမင်းဟိုရဲ့ “The Man Standing Next” ကို ရွေးချယ်လိုက်ကြောင်း ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာ ကြေညာခဲ့ပြီး ဖြစ်ပါတယ်။

အဲ့ဒီတင်သွင်းလာတဲ့ ၁၃ ကားထဲမှာ ဒါရိုက်တာ ယွန်ဆန်းဟိုရဲ့ “Peninsula” ၊ ဒါရိုက်တာ ဟုန်ဝန်ချန်းရဲ့ “Deliver Us from Evil” နဲ့ ဒါရိုက်တာ ကင်ယုံဟွန်းတို့ရဲ့ “Beasts that Cling to the Straw” ရုပ်ရှင်တွေ ပါဝင်တာကို တွေ့ရပါတယ်။

KOFIC က “ဒီနှစ်အတွက် ဘယ်ရုပ်ရှင်က ကိုယ်စားအပြုနိုင်ဆုံးလဲဆိုပြီး ဆွေးနွေးမှုတွေ တော်တော်များများ လုပ်ခဲ့ရပါတယ်။ တော်တော်လေး ဆွေးနွေးခဲ့ပြီးတဲ့နောက် The Man Standing Next နဲ့ Moving On ရုပ်ရှင်တွေမှာ တော်တော်လေး ကောင်းကွက်တွေ ရှိတယ်လို့ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ The Man Standing Next ကို ရွေးချယ်ခဲ့ပါတယ်။

ပြိုင်ဘက်ကင်းတဲ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ရရှိခဲ့ပြီး ယဉ်ကျေးမှုကဏ္ဍမှာ ခေါင်းဆောင်တယောက်ဖြစ်လာခဲ့တဲ့ ကိုရီးယားရဲ့ သမိုင်းကို ဖော်ပြနိုင်လို့ အဲ့ဒီရုပ်ရှင်ဟာ ဆွဲဆောင်မှုရှိပါတယ်” လို့ ကြေညာချက်ထဲမှ ဖော်ပြထားပါတယ်။

“The Man Standing Next” ရုပ်ရှင်ကတော့ ကိုရီးယားသမ္မတတဦး လုပ်ကြံသတ်ဖြတ်ခံရမှုကို ဖြစ်စေမယ့် ရက်ပေါင်း ၄၀ အကြောင်းရိုက်ကူးထားတဲ့ လျှို့ဝှက်ထောက်လှမ်းရေး ရုပ်ရှင်ဖြစ်ပါတယ်။

၁၉၇၉ ခုနှစ်၊ အောက်တိုဘာ ၂၆ ရက်မှာ သမ္မတပတ်ချောင်ဟီးကို ကိုရီးယားဗဟိုထောက်လှမ်းရေး အေဂျင်စီ KCIA မှ ကင်ဂျယ်ဂူက လုပ်ကြံသတ်ဖြတ်ဖို့ ဦးတည်မယ့် အချိန် ၂ နှစ် ကာလကို အခြေခံထားပြီး သမ္မတအနားမှ နိုင်ငံရေးဆိုင်ရာ အကျပ်အတည်းနဲ့ တိုက်ခိုက်မှုတွေအကြောင်းကို ပြန်လည် ပုံဖော်ထားပါတယ်။

“G.I. Joe: The Rise of Cobra” ရုပ်ရှင်နဲ့ နိုင်ငံတကာမှာ လူသိများတဲ့ မင်းသား လီဗြောင်ဟွန်းဟာ KCIA အကြီးအကဲ ကင်ဂျူဖြောင်အဖြစ် ပါဝင်ထားပြီး သမ္မတပတ်လို့ ဖော်ပြထားတဲ့ သမ္မတကို သတ်ဖြတ်ရမယ့်သူ ဖြစ်ပါတယ်။ ဝါရင့်မင်းသား လီဆောင်းမင်းကတော့ ကိုရီးယားသမ္မတအဖြစ် သရုပ်ဆောင်ထားပြီး မင်းသား Kwak Do-won ကတော့ KCIA အကြီးအကဲဟောင်းအဖြစ် ပါဝင်ထားပါတယ်။

ဒါရိုက်တာ ဘုံဂျွန်ဟိုရဲ့ “Parasite” ရုပ်ရှင်ဟာ အခုနှစ် အော်စကာဆုပေးပွဲမှာ အကောင်းဆုံး ဇာတ်ကားဆု၊ အကောင်းဆုံး ဒါရိုက်တာဆုနဲ့ အကောင်းဆုံး မူရင်း ဇာတ်ညွှန်းဆုတို့အပြင် အကောင်းဆုံး နိုင်ငံတကာ ရုပ်ရှင်ဆုတွေကိုပါ ရရှိခဲ့ပါတယ်။

KOFIC က “ကိုရီးယားရုပ်ရှင်တွေဟာ နိုင်ငံတကာပရိသတ်တွေထံ ပိုရောက်ဖို့ ကျနော်တို့ မျှော်လင့်ထားပြီး “The Man Standing Next” ဟာ ရလဒ်ကောင်းတွေ ရရှိမယ်လို့ မျှော်လင့်ပါတယ်” လို့ဆိုပါတယ်။ ၉၃ ကြိမ်မြောက် အော်စကာဆုပေးပွဲကို ၂၀၂၁ ခုနှစ်၊ ဧပြီလ ၂၅ ရက်နေ့မှာ ကျင်းပမှာဖြစ်ပြီး ဆန်ခါတင် စာရင်းတွေကို မတ်လ ၁၅ ရက်နေ့မှာ ကြေညာမှာ ဖြစ်ပါတယ်။

Ref: koreaherald

You may also like these stories:

ထိုင်းဆန္ဒပြသူတွေအတွက် K-pop ပရိသတ်တွေ အကာအကွယ်ပစ္စည်းများ လှူဒါန်း

၁၁ ကားမြောက် ရုပ်ရှင်ဖြင့် “Fast & Furious” ရုပ်ရှင်စီးရီးကို အဆုံးသတ်မည်

“အနုပညာရဲ့ဝင်ငွေဟာ တိုင်းပြည်တပြည်ရဲ့ ဘဏ္ဍာတခုပါ”လို့ ခရစ္စတီးနားခီ ပြော

Did you find apk for android? You can find new Free Android Games and apps.
Loading