Entertainment

ကိုရီးယားနိုင်ငံက ထိပ်တန်းမင်းသားနဲ့ ကြော်ငြာအတူ တွဲရိုက်ခဲ့တဲ့ မေမြတ်နိုး

Want create site? Find Free WordPress Themes and plugins.

မော်ဒယ် မေမြတ်နိုးကတော့ တောင်ကိုရီးယားနိုင်ငံရဲ့ ထိပ်တန်း မင်းသားတလက်ဖြစ်တဲ့ ပတ်ဆိုဂျွန်း (Park Seo Joon) နဲ့အတူ တွဲဖက် ရိုက်ကူးထားတဲ့ ကြော်ငြာတခုကို ဒီကနေ့၊ အောက်တိုဘာလ ၂၈ ရက်နေ့မှာ သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာကနေ ပြန်လည် မျှဝေခဲ့ပါတယ်။

ဒီကြော်ငြာကို တွေ့ပြီး မေမြတ်နိုးရဲ့ ပရိသတ်များသာမက လုပ်ဖော်ကိုင်ဖက်များ၊ တခြားသောအနုပညာရှင်များ အားလုံးလည်း အံ့သြဝမ်းသာခဲ့ကြပြီး မေမြတ်နိုးကလည်း Surprise တခုအနေနဲ့ ပြသခဲ့တာ ဖြစ်ပါတယ်။

မင်းသား ပတ်ဆိုဂျွန်းနဲ့အတူ ရိုက်ကူးခဲ့တဲ့ ကြော်ငြာကတော့ ရုပ်သံဇာတ်လမ်းတွဲနဲ့ တီဗီဇာတ်လမ်းများကို ကြည့်ရှုနိုင်တဲ့ Application ဖြစ်တဲ့ Smart Ako အကြောင်းကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။

မင်းသား ပတ်ဆိုဂျွန်းနဲ့ မော်ဒယ် မေမြတ်နိုး (ဓာတ်ပုံ – May Myat Noe’s Facebook)

မေမြတ်နိုးကတော့ တောင်ကိုရီးယားနိုင်ငံကို သြဂုတ်လအတွင်းက ရောက်ရှိနေတာဖြစ်ပြီး စင်ကာပူနိုင်ငံရှိ မေမြတ်နိုးရဲ့ Model Agency မှ JS Agency ကို Placement Model အနေနဲ့ စေလွှတ်ခဲ့တာကြောင့် ကိုရီးယားနိုင်ငံမှာ မော်ဒယ်တယောက်အနေနဲ့ လုပ်ကိုင်နေတာ ဖြစ်ပါတယ်။

အသက် ၂၂နှစ်အရွယ် မေမြတ်နိုးကတော့ ၂၀၁၃ ခုနှစ်၊ အိပ်မက်ဆုံရာ သီချင်းဆိုပြိုင်ပွဲမှတဆင့် ပရိသတ်များက သိရှိကြတာများပြီး နောက်ပိုင်းမှာတော့ Asia Next Top Model ပြိုင်ပွဲကြီးမှာ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပါတယ်။

သူနဲ့အတူ တွဲဖက် သရုပ်ဆောင်ခဲ့တဲ့ မင်းသား ပတ်ဆိုဂျွန်းကတော့ ယခုနှစ်ပိုင်းမှာ ပြသခဲ့တဲ့ “Itaewon Class” ဇာတ်လမ်းတွဲနဲ့ လူကြိုက်များခဲ့ပြီး သရုပ်ဆောင် ထူးချွန်ဆုများစွာလည်း ရရှိထားသူ တယောက် ဖြစ်ပါတယ်။

You may also like these stories:

ရွှေအိမ်စည်အကြောင်းပြောပြတဲ့ အလှမယ်မေမြတ်နိုး

Did you find apk for android? You can find new Free Android Games and apps.
Loading