“Baby Shark Dance” ရဲ့ အင်္ဂလိပ်ဗားရှင်း ဗီဒီယိုဟာ နိုဝင်ဘာလ ၂ ရက်နေ့ ကိုရီးယားစံတော်ချိန် မွန်းလွဲ ၁ နာရီ ၂၀ မိနစ်အချိန် YouTube မှာ ကြည့်ရှုသူ ၇ ဒသမ ၀၃ ဘီလီယံကျော် ရှိခဲ့ပြီး လူကြည့်အများဆုံး ဗီဒီယို ဖြစ်လာခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီဗီဒီယိုဟာ ပွါတိုရီကို အဆိုတော် Luis Fonsi ရဲ့ “Despacito” သီချင်းကို ကျော်တက်သွားခဲ့တာဖြစ်ပြီး YouTube မှာ လူကြည့်အများဆုံး ကလေးကြိုက် Content လည်း ဖြစ်လာခဲ့ပါတယ်။
၂၀၁၅ ခုနှစ်မှာ ဖြန့်ချိခဲ့တဲ့ အဲ့ဒီသီချင်းဟာ အမေရိကန်ရိုးရာ သီချင်းတပုဒ်ကို ပြန်လည် ဖန်တီးထားတာ ဖြစ်ပါတယ်။ အဲ့ဒီဗီဒီယိုကို ကိုရီးယား Startup ကုမ္ပဏီဖြစ်တဲ့ SmartStudy ရဲ့ လက်အောက်က Content ဖန်တီးသူ Pinkfong က အသံသွင်းယူခဲ့တာဖြစ်ပြီး ရေအောက်ကမ္ဘာမှာ ငါးလေးတွေကို အမဲလိုက်ရမယ့် ငါးမန်းမိသားစု တစုအကြောင်း မိတ်ဆက်ထားတာ ဖြစ်ပါတယ်။
အဲ့ဒီသီချင်းဟာ ကလေးငယ်တွေရော မိဘတွေပါ အလွယ်တကူ လိုက်ပါ ကပြလို့ရမယ့် သံစဉ် ပါဝင်ပါတယ်။ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလမှာ အဲ့ဒီသီချင်းဟာ Billboard Hot 100 စာရင်းမှာ နံပါတ် ၃၂ နေရာကို ရောက်ခဲ့ပြီးတဲ့နောက် ကမ္ဘာလုံးကို အံ့သြသင့်စေခဲ့ပါတယ်။
“Baby Shark Dance” သီချင်းကို နိုင်ငံနဲ့ နယ်မြေဒေသ ၂၃၆ ခုကျော်က လူတွေ ကြည့်ရှုခဲ့ကြတဲ့ ကိုရီးယား Startup ကုမ္ပဏီကဆိုပါတယ်။ အကပြကွက်တွေ ပါဝင်တဲ့ အဲ့ဒီဗီဒီယိုကို ၂၀၁၆ ခုနှစ် ဇွန်လမှာ Smartstudy ရဲ့ Pinkfong ချန်နယ်မှာ တင်ခဲ့တာ ဖြစ်ပါတယ်။ မူရင်းဗီဒီယိုကိုတော့ အဲ့ဒီချန်နယ်မှာပဲ ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလမှာ တင်ခဲ့တာ ဖြစ်ပါတယ်။
Smartstudy ရဲ့ စီအီးအို ကင်မင်ဆော့က “ခင်ဗျားတို့ရဲ့ ထောက်ခံမှုကို ပြသပေးလို့ ကျေးဇူးတင်ပါတယ်။ SmartStudy ဟာ တကမ္ဘာလုံးက ပရိသတ်တွေဆီကို ပိုမိုကျယ်ပြန့်တဲ့ ပျော်ရွှင်ဖွယ် Content ကို ထောက်ပံ့ဖို့ အနာဂတ်မှာလည်း ပိုမိုကွဲပြားတဲ့ အသိဉာဏ်ပိုင်းဆိုင်ရာ ပိုင်ဆိုင်မှုတွေကို ဆက်လုပ်ထုတ်လုပ်သွားမှာ ဖြစ်ပါတယ်” လို့ ထုတ်ပြန်ချက်ထဲမှာ ပြောဆိုထားပါတယ်။
ပြီးခဲ့တဲ့ မတ်လတုန်းကတော့ အဆိုတော် Ed Sheeran ရဲ့ “Shape of You” သီချင်းဟာ ကြည့်ရှုသူ ၄ ဒသမ ၆၇ ဘီလီယံရှိပြီး YouTube မှာ ဒုတိယ လူကြည့်အများဆုံး ဗီဒီယို ဖြစ်ခဲ့ပါတယ်။ Smartstudy ကတော့ သူတို့ရဲ့ အဲ့ဒီဗီဒီယိုဟာ ၂၀၂၁ ခုနှစ် ပထမနှစ်ဝက် ကာလမှာ ကြည့်ရှုသူ ၈ ဘီလီယံ ကျော်လိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။
Ref: koreaherald
You may also like these stories:
ကိုဗစ်ကာလမှာ နယ်ကိုပြန်ပြီး မိသားစုနဲ့ Stay home နေဖြစ်တဲ့ ဗညားဟန်
ကျန်းမာရေးဝန်ထမ်းတွေအတွက် အားပေးစကား ပြောကြတဲ့ အနုပညာရှင်များ
ကိုဗစ်ကာလကြောင့် မဲမပေးတာမျိုး မဖြစ်စေချင်တဲ့ လူရွှင်တော် မျောက်ရှုံး