SP Gems မှ ကိုဗစ် ကုသကာကွယ်ရေး ရန်ပုံငွေအလှူအနေနဲ့ စီစဉ်တဲ့ လေလံပွဲမှာ မြန်မာ့ပတ္တမြား ဒေါင်းရုပ် ရင်ထိုးကို တင်ဆက်သူ မောင်မောင်အေးနဲ့ သဇင်နွယ်ဝင်းတို့က ကြမ်းခင်းဈေး ၈၈ သိန်းဖြင့် လေလံ စတင်ဖွင့်လှစ်ခဲ့ရာ ငွေကျပ် သိန်း ၃၁၀ နဲ့ သရုပ်ဆောင် စမိုင်းလ်က လေလံအောင်သွားခဲ့ပါတယ်။
လေလံပွဲမှာ သရုပ်ဆောင် စမိုင်းလ်က သိန်း ၃၁၀ အထိ ဈေးပြိုင်ပေးရင်း လေလံအောင်သွားတဲ့အတွက် ဂုဏ်ယူကြောင်း မောင်မောင်အေးက သူ့ရဲ့လူမှုကွန်ရက် စာမျက်နှာမှာ ရေးသားထားပါတယ်။
“ကိုဗစ် တိုက်ဖျက်ရေး အလှူအဖြစ် ၈၈ သိန်း ကြမ်းခင်းဈေး သတ်မှတ်ထားတဲ့ အောင်အတိတ် အောင်နိမိတ်ဆောင် မင်္ဂလာ ကဒေါင်းလေးကို သိန်း ၃၁၀ အထိ ဈေးပြိုင်ရင်း လေလံအောင်သွားတဲ့အတွက် အကြီးကြီး ဂုဏ်ယူပါတယ်။ သာဓုခေါ်ပါတယ် စမိုင်းလ်ရေ” လို့ မောင်မောင်အေးက ဆိုပါတယ်။
စမိုင်းလ်ကလည်း ကိုဗစ် ကာကွယ်ရေးအတွက် အသုံးပြုသွားမယ့် လေလံအလှူမှာ ဒေါင်းရင်ထိုးလေးကို သိန်း ၃၁၀ နဲ့ လေလံ အောင်မြင်သွားတဲ့အပေါ် အခုလိုပဲ ဆိုထားပါတယ်။
“ကိုဗစ် အလှူအတွက် လေလံဝင်ပြိုင်ခဲ့တာ နိုင်ခဲ့ပါပြီ။ သိန်း ၃၁၀ တန် အင်မတန်မှ လှတဲ့ ဒေါင်းလေးကို ပိုင်ဆိုင်ခဲ့ရတဲ့အပြင် အလှူငွေများကို တပြားမကျန် အကုန်လှူပေးမယ့် SP Gems ကိုလည်း အထူးကျေးဇူးတင်ရှိပါတယ်ရှင်” လို့ စမိုင်းလ်က ဆိုပါတယ်။
သရုပ်ဆောင် စမိုင်းတို့ မိသားစုကတော့ ကိုဗစ်ကာလအတွင်းမှာလည်း အလှူဒါနများစွာ ပြုလုပ်လျက် ရှိပြီး လိုအပ်တဲ့ နေရာများစွာကို လှူဒါန်းနေသလို၊ မကြာသေးခင်ကလည်း “Smile အွန်လိုင်း ရုပ်ရှင်ရုံ” Application ကနေ “ဂယက်တွေပါဟယ်” ရုပ်ရှင်ကို မိတ်ဆက်ခဲ့ပါတယ်။
You may also like these stories:
ကိုရီးယား ဟာသသရုပ်ဆောင် Park Ji Sun ကို မိခင်နဲ့အတူ သေဆုံးလျက်တွေ့ရှိ
သားအမိ နှစ်ယောက်ရဲ့ ပန်းချီကားတွေကို ဝယ်ယူလို့ ကျေးဇူးတင်နေတဲ့ အိန္ဒြာကျော်ဇင်
“ရင်ထဲမှာ ဘယ်သူ့ကို မဲပေးမယ်ဆိုတာ ရွေးချယ်ပြီးသား”ဆိုတဲ့ ကျော်ကျော်ဗို