အဆိုတော် Kanye West ဟာ နောက်တက်လာမယ့် အမေရိကန်သမ္မတအတွက် သူ့ကိုယ်သူ မဲပေးခဲ့တယ်လို့ ပြောဆိုလိုက်ပါတယ်။ အဆိုတော်နဲ့ ဖက်ရှင်ဒီဇိုင်နာ West က “အမေရိကန်သမ္မတနေရာအတွက် ကျနော့် ဘ၀ တလျှောက်လုံးမှာ ပထမဆုံးအကြိမ်အနေနဲ့ မဲပေးခဲ့ပါတယ်။ အဲ့ဒါကတော့ ကျနော် ယုံကြည်တဲ့သူတဦးဖြစ်တဲ့ ကျနော် ကိုယ်တိုင်ပါပဲ” လို့ Twitter မှာ ပြောဆိုခဲ့ပါတယ်။
သူဟာ ဝိုင်အိုမင်းပြည်နယ်၊ Cody မြို့မှာ မဲပေးနေတဲ့အချိန် မဲပြားပေးမှာ သူ့နာမည်သူ ရေးနေတဲ့ဗီဒီယိုကို ရိုက်ကူးပြီး တင်ခဲ့တာလည်း ဖြစ်ပါတယ်။
အသက် ၄၃ နှစ်အရွယ် အဆိုတော် West ဟာ ဖလော်ရီဒါ၊ ပန်ဆယ်ဘေးနီးယား နဲ့ မီချီဂန်ပြည်နယ်တွေမှာ ဝင်ပြိုင်တာမျိုး မရှိပေမယ့် ပြည်နယ်တချို့မှာတော့ သမ္မတရွေးကောက်ပွဲ ဝင်ပြိုင်ခဲ့တာကို တွေ့ရပါတယ်။ မကြာသေးခင်သီတင်းပတ်တွေတုန်းကတော့ သူဟာ ကိုယ်စားလှယ်နေရာမှာ သူ့ကို ဘယ်လိုမျိုး မဲပေးရမယ်ဆိုတာကို Follower တွေကို ညွှန်ကြားပေးခဲ့ပါတယ်။
သူ့ရဲ့ ဇနီး Kim Kardashian ကတော့ သူ့ကို ထောက်ခံတဲ့နေရာမှာ ထွက်ပေါ်လာတာ မရှိခဲ့ပါဘူး။ ခင်ပွန်းဖြစ်သူအတွက် လူထုကြား ကြော်ငြာပေးတာမျိုး မရှိခဲ့သလို ပြီးခဲ့တဲ့ နိုဝင်ဘာလ ၃ ရက်နေ့တုန်းကလည်း Kamala Harris အတွက် မဲပေးသူများ အရေးပေါ်ဖုန်းနံပါတ် ပါရှိတဲ့ သတင်းစကားကို Twitter မှာ ပြန်လည် ဝေမျှခဲ့ပါတယ်။
လက်ရှိ သမ္မတ ထရမ့်ရဲ့ အကြီးမားဆုံး အနုပညာရှင်ထောက်ခံသူတဦး ဖြစ်ခဲ့ဖူးတဲ့ အဆိုတော် West ဟာ သူ့ရဲ့ စိတ်ကျန်းမာရေးအတွက် စိုးရိမ်မှု မြင့်တက်စေခဲ့တဲ့ အပြောင်းအလဲမြန်တဲ့ စာသားတွေ ပါရှိတဲ့ ထုတ်ပြန်ချက်တွေနဲ့ ပြီးခဲ့တဲ့ ဇူလိုင်လကစလို့ အိမ်ဖြူတော်ကို ရောက်ရှိရေး ကမ်ပိန်းကို စတင်ခဲ့ပါတယ်။
ဂရမ်မီဆု ၂၁ ခုပိုင်ရှင် West က သူဟာ စိတ်အတက်အကျ မြန်တဲ့ ရောဂါကို ခံစားနေရတယ်လို့ ၂၀၁၈ ခုနှစ်တုန်းက ပြောဆိုခဲ့ဖူးပါတယ်။ West ဟာ သူ့ရဲ့ကမ်ပိန်းအတွက် ဒေါ်လာ ၆ ဒသမ ၇ သန်းကို သုံးစွဲခဲ့တယ်လို့ ဖက်ဒရယ် ရွေးကောက်ပွဲ ကော်မရှင်ထံ တင်ထားတဲ့ အချက်အလက်တွေအရ သိရပါတယ်။
မကြာသေးခင်က တင်ခဲ့တဲ့ ဗီဒီယိုထဲမှာဆိုရင် သူဟာ ဘာသာရေး ယုံကြည်မှုနဲ့ မိသားစု တန်ဖိုးတွေကို အလေးပေး ပြောဆိုထားပါတယ်။ သူ့ရဲ့ ဇနီး Kim Kardashian ကတော့ အကျဉ်းထောင်အတွင်း ပြုပြင် ပြောင်းလဲမှုတွေနဲ့ ပတ်သက်လို့ ထရမ့်အစိုးရနဲ့ အနီးကပ် ဆောင်ရွက်နေသူဖြစ်ပြီး ရှေ့နေတယောက်ဖြစ်ဖို့ သင်တန်းတက်နေသူလည်း ဖြစ်ပါတယ်။
Ref: Reuters
You may also like these stories:
အဆိုတော် Kanye West ကို မဲမပေးကြဖို့ မင်းသမီး Jennifer Aniston ပြော
သမ္မတ ထရမ့်နဲ့ အလုပ်အတူ တွဲလုပ်ရတဲ့အကြောင်း Kim Kardashian ဖွင့်ဟ
Kim Kardashian ကို ကွာရှင်းဖို့ ကြိုးစားနေကြောင်း Kanye West ပြော