သရုပ်ဆောင် ရဲတိုက် ကိုယ်တိုင် ရေးဆွဲထားတဲ့ ပန်းချီကား ၂ ကားကို ကိုဗစ်အလှူဒါန အဖြစ် လေလံတင် ရောင်းချပေးတဲ့ထဲမှာ ပါဝင် လှူဒါန်းထားပြီး ယနေ့ နိုဝင်ဘာလ ၄ရက်နေ့မှ စတင်ကာ လေလံတင်လိုက်ပြီ ဖြစ်ပါတယ်။
ပန်းချီကား ၂ ကားကိုတော့ ငွေကျပ် ၃ သိန်းနဲ့ ကြမ်းခမ်းဈေး သတ်မှတ်ထားပြီး “သခင့်မျက်လုံး” ၊ “သူ့သန္ဓေ” ဆိုတဲ့ ပန်းချီကားတွေပဲ ဖြစ်ပါတယ်။
ရဲတိုက် ကိုယ်တိုင် ရေးဆွဲထားတဲ့ ပန်းချီကားတွေဖြစ်ပြီး ယနေ့ နိုဝင်ဘာ ၄ ရက်နေ့ကစပြီး နိုဝင်ဘာလ ၆ ရက်နေ့ မနက် ၁၁ နာရီမှာ လေလံပိတ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ လေလံအောင်တဲ့ အလှူရှင်ကိုတော့ ပန်းချီကားကို အိမ်တိုင်ရာရောက် ပို့ဆောင်ပေးမှာဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါ ပန်းချီကား ရောင်းရငွေများကိုတော့ COVID-19 ရောဂါအတွက် လိုအပ်တဲ့ နေရာများကို လှူဒါန်းရန်အတွက် အသုံးပြုသွားမှာဖြစ်ပြီး အနုပညာရှင်များရဲ့ ကိုယ်တိုင်ရေးဆွဲထားတဲ့လက်ရာများကို ရောင်းချပေးနေတာဖြစ်ပါတယ်။
ရဲတိုက်ကတော့ အခုလိုပန်းချီကားအပြင် ပြီးခဲ့တဲ့ ရက်ပိုင်းက အင်းစိန် အကျဉ်းထောင်ဆေးရုံကို သူ့ရဲ့ရဲတိုက် ဖောင်ဒေးရှင်းမှ တဆင့် ငွေကျပ် သိန်း ၅၀ ခန့်ကို လှူဒါန်းခဲ့ပါသေးတယ်။
အဆိုပါ အလှူငွေ သိန်း ၅၀ ကိုတော့ အင်းစိန် အကျဉ်းထောင်ဆေးရုံအတွင်း ကိုဗစ်လူနာ ရှိလာခဲ့ပါက အဆင်သင့် ကုသနိုင်ရန် လူနာ ၁၁ ဦး တပြိုင်နက်တည်း အောက်စီဂျင်ပေး ကုသနိုင်တဲ့ အောက်စီဂျင်ပိုက် သွယ်တန်းခြင်း၊ အထူးကြပ်မတ် ကုသနိုင်ရန် အောက်စီဂျင် ရရှိမှု တိုင်းတာတဲ့စက်၊ မော်နီတာ စတဲ့ပစ္စည်းများကို လှူဒါန်းရန်စီစဉ်ခဲ့တာ ဖြစ်ပါတယ်။
ဒီအလှူဖြစ်အောင် ရဲတိုက်ဖောင်ဒေးရှင်းကို အလှူငွေ ထည့်ဝင်ပေးကြတဲ့ ရန်ကုန်၊ မန္တလေးနဲ့ တနိုင်ငံလုံးမှာရှိတဲ့ ပရိတ်သတ်များကိုလည်း သာဓုခေါ်ဆိုနိုင်အောင် အသိပေးထားတာ ဖြစ်ပါတယ်။
You may also like these stories:
ကိုဗစ်အလှူအတွက် ကဒေါင်းရင်ထိုးကို သိန်း ၃၁၀ နဲ့ လေလံအောင်သွားတဲ့ စမိုင်းလ်
သားအမိ နှစ်ယောက်ရဲ့ ပန်းချီကားတွေကို ဝယ်ယူလို့ ကျေးဇူးတင်နေတဲ့ အိန္ဒြာကျော်ဇင်