Entertainment

“Baahubali” ရုပ်ရှင်တွေကို မကြာခင် ရုံပြန်တင်မယ်လို့ ကြေညာ

ဒါရိုက်တာ SS Rajamouli ရဲ့ “Baahubali” ရုပ်ရှင်တွေဟာ အိန္ဒိယရုပ်ရှင်ရုံတွေပေါ်ကို ပြန်လည်ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။ အိန္ဒိယရုပ်ရှင်တွေထဲမှာ ဘာသာစကား ကွာခြားမှုကို ကျော်လွန်ပြီး နိုင်ငံတဝန်းမှ ပရိသတ်တွေက အထူးအားပေးခဲ့ကြပါတယ်။

အခုတော့ အိန္ဒိယမှာ ရုံဝင်ငွေ ထပ်တိုးစေဖို့ ကြံဆောင်မှု တခုကိုလည်း လုပ်ဆောင်လိုက်ကြပါပြီ။ အခုလို ကပ်ရောဂါ ကာလမှာ နိုင်ငံတဝန်းမှာ ရုပ်ရှင်ရုံတွေကို အကန့်အသတ်ဖြင့်သာ ပြန်ဖွင့်နေတဲ့အပြင် ရုပ်ရှင်ရုံ တော်တော်များများကိုလည်း ပိတ်ထားရဆဲ ဖြစ်ပါတယ်။

ရုပ်ရှင်ဒါရိုက်တာ Karan Johar ကလည်း Baahubali နဲ့ နောက်ဆက်တွဲ ရုပ်ရှင်ကို မကြာခင် ပြန်လည် ပြသမယ်လို့ Twitter မှာ ပြောဆိုခဲ့ပါတယ်။

ဟင်ဒီစကားပြော ဒေသမှာ အဲ့ဒီရုပ်ရှင်တွေအတွက် ဖြန့်ချိရေး တာဝန်ယူခဲ့တဲ့ ဒါရိုက်တာ Karan က “ဒီမှော်ပညာဟာ နောက်ထပ်တကြိမ် ပြိုင်ဘက်ကင်းဖို့ ဖြစ်လာဦးမှာပါ” လို့ ဆိုပါတယ်။ ရုပ်ရှင်ရုံ ပိုင်ရှင်တွေအနေနဲ့လည်း ဒီဇာတ်ကားတွေနဲ့ မြေစမ်းခရမ်းပျိုးဖို့ လုပ်ဆောင်နေပါတယ်။

အိန္ဒိယနိုင်ငံတဝန်းလုံးမှာ Baahubaali ရုပ်ရှင် အောင်မြင်မှုနဲ့ ပတ်သက်လို့ ဒါရိုက်တာ Karan က “စိတ်ခံစားချက်တွေက အားလုံးနဲ့ သက်ဆိုင်တယ်။ တောင်ပိုင်းပဲဖြစ်ဖြစ်၊ မြောက်ပိုင်းပဲဖြစ်ဖြစ် ဇာတ်လမ်းအကြောင်းပြောတာ အားလုံးနဲ့ သက်ဆိုင်တယ်ဆိုတာကို ခင်ဗျားတို့ နားလည်ရပါမယ်။ ဒါပေမဲ့ ဒါကတော့ ထပ်ခါတလဲလဲ ဆက်ဖြစ်နေမှာ မဟုတ်ပါဘူး”လို့ ဆိုပါတယ်။

တလူဂူနဲ့ တမီးလ် စကားပြောတွေနဲ့ ရိုက်ကူးခဲ့တဲ့ “Baahubali: The Beginning” နဲ့ “Baahubali 2: The Conclusion” ရုပ်ရှင်တွေဟာ Kollywood လို့ခေါ်တဲ့ အိန္ဒိယတောင်ပိုင်း ရုပ်ရှင်လုပ်ငန်းမှာသာမက မြောက်ပိုင်း ဘောလိဝုဒ် ရုပ်ရှင်လုပ်ငန်းမှာပါ အထူးအောင်မြင်ခဲ့ပါတယ်။

ဟင်ဒီ၊ မလေးရှား၊ ဂျပန်၊ ရုရှားနဲ့ တရုတ်ဘာသာစကားပြောတွေနဲ့လည်း ရုပ်ရှင်ကို ပြန်လည် ထုတ်လုပ်ခဲ့ပါတယ်။ သရုပ်ဆောင်တွေအဖြစ် Prabhas၊ Rana Daggubati၊ Anushka Shetty၊ Tamannaah နဲ့ Ramya Krishna တို့က ခေါင်းဆောင် ပါဝင်ထားကြပါတယ်။

Ref: reportdoor

You may also like these stories:

“ကိုယ်ပေးတဲ့ ပါတီ ရာနှုန်းပြည့် အနိုင်ရဖို့ လိုတယ်”လို့ အဆိုတော် သျှီ ပြော

ရဲတိုက်ရဲ့ ပန်းချီကား ၂ ချပ်ကို ကြမ်းခင်းဈေး ၃ သိန်းနဲ့ လေလံစတင်

ဝေဘာဂီဆေးရုံကနေ ကြိုတင် ဆန္ဒမဲ ပေးခဲ့တဲ့ ကျော်သူ

Loading