သရုပ်ဆောင် စည်ဖြိုးက ယနေ့ နိုဝင်ဘာလ ၅ ရက်နေ့မှာ သူ့ရဲ့ချစ်သူ ခင်ရတနာလွှမ်းမိုးနဲ့ မင်္ဂလာလက်မှတ် ရေးထိုးလိုက်ပြီ ဖြစ်ပါတယ်။အဆိုပါ မင်္ဂလာမော်ကွန်းတင် လက်မှတ်ထိုးပွဲကိုတော့ ရန်ကုန်မြို့ရှိ မန္တလေးကျောင်းတိုက်မှာ ပြုလုပ်ခဲ့ပါတယ်။
အသိသက်သေများအဖြစ် ဒါရိုက်တာ ကိုဇော်(အရုဏ်ဦး)တို့ ဇနီးမောင်နှံနဲ့ အကယ်ဒမီ မင်းမော်ကွန်းတို့ဇနီးမောင်နှံတို့က လက်မှတ် ရေးထိုးပေးခဲ့ကြပါတယ်။
ဒီပွဲကိုတော့ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးညီညီထွန်းလွင်၊ ရုပ်ရှင်လောကမှ ဒါရိုက်တာအချို့နဲ့ သရုပ်ဆောင်များ၊ မိတ်ဆွေများ၊ ဆွေမျိုးများ တက်ရောက်ခဲ့ကြပြီး ဆွမ်းကျွေးအလှူ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
စည်ဖြိုးကတော့ အောက်တိုဘာ ၂၆ ရက်နေ့က သူ့ရဲ့ ချစ်သူ မိန်းကလေး ကိုယ်ဝန်ဆောင်ထားရတဲ့အကြောင်း အသိပေးခဲ့ပြီးနောက် နှစ်ဖက်မိဘများကလည်း သဘောတူတဲ့အတွက် အခုလို လက်ထပ်ပွဲ ကျင်းပခဲ့တာ ဖြစ်ပါတယ်။
“ကျနော် အံ့သြမိတယ်။ ကျနော့်ဘဝ ကြုံသမျှ ပြောင်းလဲ ဖြစ်တည်မှုတိုင်းကို ဟင် ဘယ်လိုဖြစ်တာလဲ။ ဟာ ဒုက္ခပါပဲလို့ ဘယ်တော့မှ မညည်းခဲ့တဲ့အတွက် မာတာပီတ မိနဲ့ဖ သူရဲကောင်းနှစ်ယောက်ကို အံ့သြဦးခိုက်မိတယ်။ အရွယ်ရောက်လာ ကြင်သူပါလာတော့လည်း ငါ့သားဟဲ့ ငါ့သမီးဟဲ့ဆိုတဲ့ ငါအစွဲ သူတော်ကောင်းပါလို့ ပြောတဲ့သူတောင် မထိန်းနိုင်ပေမယ့် သူစိမ်းလည်း သမီးအရင်းပမာ မုဒိတာပွားမေတ္တာထားနိုင်တော့ထပ်ပြီး အံ့သြဦးခိုက်မိပါတယ်”
“အခုလို ကိုဗစ်ကာလကြီး မမျှော်လင့်ဘဲ ဝင်လာသူလေးကို လက်ခုပ် တီးလို့တောင် ကြိုဆိုပေးနေပြန်တာ့ ပိုလို့ အံ့သြဦးခိုက်မိပြန်တယ်” လို့ စည်ဖြိုးက သီတင်းကျွတ်ချိန်ခါ မိဘများကို ကန်တော့ရင်း အသိအမှတ်ပြုမှုကို ပြောထားပါတယ်။
သရုပ်ဆောင် စည်ဖြိုးတို့ စုံတွဲကတော့ တွဲနေတာ အချိန်ကာလတခုထိ ကြာလာပြီဖြစ်ပြီး သူ့ရဲ့ ချစ်သူ ခင်ရတနာလွှမ်းမိုးဟာလည်း လူမှုကွန်ရက် စာမျက်နှာပေါ်မှာ လူသိများသူတယောက် ဖြစ်ပါတယ်။
You may also like these stories:
ကိုဗစ်အလှူအတွက် ကဒေါင်းရင်ထိုးကို သိန်း ၃၁၀ နဲ့ လေလံအောင်သွားတဲ့ စမိုင်းလ်
ရဲတိုက်ရဲ့ ပန်းချီကား ၂ ချပ်ကို ကြမ်းခင်းဈေး ၃ သိန်းနဲ့ လေလံစတင်
သားအမိ နှစ်ယောက်ရဲ့ ပန်းချီကားတွေကို ဝယ်ယူလို့ ကျေးဇူးတင်နေတဲ့ အိန္ဒြာကျော်ဇင်