Entertainment

Druk International Film Festival မှာ “နို့ဘီလူး” ရုပ်ရှင် ဆု ၄ ဆု ရရှိ

Want create site? Find Free WordPress Themes and plugins.

ဘူတန်နိုင်ငံမှာ ကျင်းပ ပြုလုပ်တဲ့ Druk International Film Festival (DIFF) ဆုချီးမြှင့်ပွဲကြီးမှာ ဒါရိုက်တာ လူမင်း ရိုက်ကူးထားတဲ့ “ နို့ဘီလူး” ရုပ်ရှင်ဇာတ်ကားကြီးက ထူးချွန်ဆု (၄) ဆု ရွေးချယ်ခံရတယ်လို့ သိရပါတယ်။

“ပြည်တွင်းရုပ်ရှင် ထူးချွန်ဆုများအတွက် အများဆုံး ထင်ကြေးပေးခံထားရပြီး ပွဲက မကျင်းပနိုင်သေးတဲ့ အချိန်မှာပဲ Druk International Film Festival မှာ ဆု ၄ ဆု ချီးမြှင့်ခြင်းခံရတဲ့အတွက် “နို့ဘီလူး” အဖွဲ့သားများကိုယ်စား ဝမ်းသာ ဂုဏ်ယူမိပါတယ်”လို့ လူမင်းက ဆိုပါတယ်။

“အောင်သီရိ” ရုပ်ရှင်ထုတ်လုပ်ရေးမှ ထုတ်လုပ်တဲ့ “နို့ဘီလူး” ရုပ်ရှင်ဇာတ်ကားကြီးဟာ ဘူတန်နိုင်ငံရှိ Druk International Film Festival မှ ချီးမြင့်တဲ့ 16th Season (Sept 2020) Competition မှာ အမေရိကန်၊ ဂျာမနီ၊ စပိန်၊ ပြင်သစ်၊ အင်္ဂလန်၊ ဂျပန်၊ အိန္ဒိယ၊ ထိုင်ဝမ် အစရှိတဲ့ ကမ္ဘာ့နိုင်ငံ အသီးသီးမှ ဇာတ်ကားများစွာနဲ့အတူ Official Selection အဖြစ် ဝင်ရောက် ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။

DIFF ဆုချီးမြှင့်ပွဲမှာ ဆု ၄ ဆု ရရှိခဲ့တဲ့ “နို့ဘီလူး” ရုပ်ရှင်

အဲဒီကတဆင့် Final အဆင့်ထိ တက်ရောက်နိုင်ခဲ့ပြီး ဆက်လက် ရွေးချယ်ခံခဲ့ရာ “နို့ဘီလူး” ရုပ်ရှင်ဇာတ်ကားဖြင့် “အကောင်းဆုံး ဇာတ်ကားဆု” ၊ “အကောင်းဆုံး ဒါရိုက်တာဆု” လူမင်း၊ “အမျိုးသား ဇာတ်ဆောင်ဆု” လူမင်းနဲ့ “အမျိုးသမီး ဇာတ်ပို့ဆု” ရွှေမှုံရတီတို့က ရရှိခဲ့ပါတယ်။

“နို့ဘီလူး” ရုပ်ရှင်ဇာတ်ကားကြီးဟာ Winner ဆုတွေ ရရှိခဲ့ရုံသာမက ၂၀၂၁ ခုနှစ်မှာ ကျင်းပပြုလုပ်မယ့် GOLDEN DRAGON AWARDS ရုပ်ရှင်ဆုချီးမြှင့်ပွဲမှာလည်း ဆန်ခါတင် စာရင်းဝင် ရုပ်ရှင်ကားကြီးအဖြစ် ပါဝင်ခွင့်ရရှိခဲ့တယ်လို့လည်း သိရပါတယ်။

“၂၀၂၁ မှာ ကျင်းပမယ့် GOLDEN DRAGON AWARDS ရုပ်ရှင်ထူးချွန်ဆုပေးပွဲမှာလည်း ဆန်ခါတင် Nominees များအဖြစ် ဆက်လက် ပါဝင်ယှဉ်ပြိုင်ခွင့် ရရှိခဲ့ပါပြီ။ နိုင်ငံစုံ၊ လူမျိုးပေါင်းစုံတို့ရှေ့မှာ မြန်မာ့ရုပ်ရှင်ဇာတ်ကားကောင်း တကားအဖြစ် ချပြတင်ဆက်ခွင့်ရခဲ့တဲ့အပြင် ထူးချွန်ဆုများပါ ရရှိခဲ့တာကြောင့် လွန်စွာ ကျေနပ်ပီတိဖြစ်ဖွယ် သတင်းကောင်းကို နို့ဘီလူး ရုပ်ရှင်ဇာတ်ကား အဖွဲ့သားများနှင့် ချစ်စွာသော ပရိသတ်ကြီးအား ကျေးဇူးတင်စွာဖြင့် အသိပေးအပ်ပါတယ်”လို့ “နို့ဘီလူး” ရုပ်ရှင် Facebook Page မှာ ရေးသားထားပါတယ်။

“နို့ဘီလူး” ရုပ်ရှင်ကားကြီးကို အောင်သီရိ ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်ပြီး ဒါရိုက်တာ လူမင်း ရိုက်ကူး ပုံဖော်ထားတာ ဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ သရုပ်ဆောင် လူမင်း၊ ဇေရဲထက်၊ ဝါရင့်သရုပ်ဆောင်ကြီး အကယ်ဒမီ ဒေါ်မြတ်မွန်နဲ့ ရွှေမှုံရတီတို့ ပါဝင် သရုပ်ဆောင်ထားပါတယ်။

You may alo like these stories:

“အောင်ဆန်း” ရုပ်ရှင်ကို ရက်ပေါင်း ၁၀၀ ကျော် သတိကြီးစွာ ရိုက်ခဲ့ရတဲ့ လူမင်း

“အခြေအနေပေါ် မူတည်ပြီး ကလေးတွေ ကျောင်းလွှတ်သင့်၊ မသင့် စဉ်းစားမယ်”

Did you find apk for android? You can find new Free Android Games and apps.
Loading