အစီအစဉ် တင်ဆက်သူ မောင်မောင်အေးကတော့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ စကားတွေကြောင့် သူ့ကိုယ်သူ ပြောင်းလဲနိုင်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ထံမှာ လေ့လာစရာတွေ မကုန်ဘူးလို့ ဆိုပါတယ်။
“အမေ ဒေါ်အောင်ဆန်းစုကြည်ဆီကနေ ကျနော်တို့ လေ့လာလို့ မကုန်ဘူး။ သူ့မှာရှိတဲ့ အမှန်တရားကို တန်ဖိုးထားမှုရယ်၊ သူ့မှာရှိတဲ့ လူတယောက်မှာ တကယ် ရှိသင့်ရှိထိုက်တဲ့ ကျင့်ကြံရမယ့် တရားတွေကို အဲ့ဒါတွေ အများကြီးက ကျနော်တို့အတွက် လေ့လာလို့ မကုန်ဘူး။ သူပြောတဲ့ စကားတွေကြောင့် ကျနော်တို့ ကိုယ့်ကိုယ်ကိုယ် ပြန်ပြောင်းလဲလာတယ်။ အမေစုက ကျနော်တို့ကို ခလုတ်တွေ လိုက်ဖွင့်ပေးနေတဲ့သူနဲ့ တူတယ်။ ကျနော်တို့မှာ မသိတဲ့ ခလုတ်တွေ အများကြီးပဲ”
“သူက စကားနဲ့ ခလုတ် ဖွင့်လိုက်ရင် ကျနော်တို့ ဉာဏ်အလင်းပွင့်သွားတယ်။ အဲ့လိုမျိုး ကျနော်တို့က ခံစားရတယ်။ သူ့ဆီမှာ ကျနော်တို့အတွက် တန်ဖိုးအရှိဆုံးကတော့ တခုခု လုပ်လိုက်ရင် ပေးဆပ်တယ်တို့၊ ကယ်တင်လိုက်ပါတယ်တို့ လုံးဝ မသုံးတာ ကျနော် အရမ်းကြိုက်တယ်။ အဲ့ဒါကလည်း ဘယ်နေရာမှာဖြစ်ဖြစ် အသုံးတည့်တယ်။ အမေစုက မြန်မာနိုင်ငံကို ကယ်တင်ပါတယ် ဘယ်တော့မှ မပြောဘူး။ ငါကယ်လိုက်တာပါလို့ တသက်လုံး သူ့ဆီက ကြားရမှာ မဟုတ်ဘူး”လို့ မောင်မောင်အေးက ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို အရမ်းအားပေးတယ်ဆိုပြီး တချို့တွေက ထင်နေတဲ့အပေါ် အဲ့ဒါမှားတယ်လို့ မောင်မောင်အေးက ဆိုပါတယ်။

“မောင်မောင်အေးက အရမ်းအားပေးတယ်ဆိုပြီး တချို့တွေက ထင်ရင် အဲ့ဒါ မှားတယ်။ ကျနော်တို့ထက် အသက်ပေးပြီး အမေ့နားမှာ ၈၈ ကတည်းကလူတွေ၊ အခုထိရှိတဲ့သူတွေ ရှိနေတုန်းပဲ။ ကျနော်တို့ချစ်တယ်ဆိုတာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ချစ်တာ။ အဲ့လို အသက်ပေး အနစ်နာခံခဲ့သူတွေရဲ့ ခြေဖျားတောင် မမှီဘူး။ အမေစုကို တန်ဖိုး ထားတာကတော့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ တန်ဖိုးထားကြတယ်”
“အဲ့ဒါကလည်း ပြိုင်စရာမဟုတ်ဘူးပေါ့။ ကိုယ်လည်း ချစ်တယ်၊ သူလည်း ချစ်တယ်။ ချစ်ပေါ့။ သူတန်ဖိုးထားတယ်၊ ကိုယ်လည်း တန်ဖိုးထားတယ်။ ထားပေါ့။ သူလည်း အမေဆီက ဆုံးမစကားတွေ ယူတယ်။ ကိုယ်လည်းယူစရာရှိတာ ယူတယ်။ အဲ့နည်းနဲ့ပဲ အမေကို တန်ဖိုးထားတယ်”လို့ မောင်မောင်အေးက ပြောပါတယ်။
အစီအစဉ် တင်ဆက်သူ မောင်မောင်အေးကတော့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အောင်နိုင်ရေး လုပ်ငန်းတွေမှာ အမြဲပါဝင် ဆောင်ရွက်နေသူဖြစ်ပြီး COVID-19 ကာလမှာလည်း ပရဟိတ အလုပ်တွေမှာလည်း တတ်အားသရွေ့ ပါဝင်နေသူ ဖြစ်ပါတယ်။
You may also like these stories:
မဲပေးမယ့်သူတွေ တည်တည်ငြိမ်ငြိမ် အာရုံစိုက်ကြဖို့ မောင်မောင်အေး ပြော
“ကိုယ်ပေးတဲ့ ပါတီ ရာနှုန်းပြည့် အနိုင်ရဖို့ လိုတယ်”လို့ အဆိုတော် သျှီ ပြော
“ရင်ထဲမှာ ဘယ်သူ့ကို မဲပေးမယ်ဆိုတာ ရွေးချယ်ပြီးသား”ဆိုတဲ့ ကျော်ကျော်ဗို