Entertainment

ဒရာမာအသစ်မှာ ဖက်ရှင်ဒီဇိုင်နာအဖြစ် သရုပ်ဆောင်ဖို့ ရှိတဲ့ ဆောင်းဟေဂို

မင်းသမီး ဆောင်းဟေဂိုဟာ ဒရာမာအသစ် တခုကနေ တဆင့် ရုပ်သံပေါ်မှာ ပြန်လည် ရောက်ရှိလာနိုင်ချေ ရှိနေပါတယ်။ The Daily Sports မီဒီယာရဲ့ အဆိုအရ မင်းသမီး ဆောင်းဟာ “I’m Breaking Up Now” ဆိုတဲ့ဒရာမာနဲ့ ပြန်လာဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ အဲ့ဒီမီဒီယာရဲ့ အဆိုအရ မင်းသမီးဟာ ဒရာမာအသစ်ထဲမှာ ဖက်ရှင် ဒီဇိုင်နာတဦးအနေနဲ့ သရုပ်ဆောင်ရမယ်လို့ သိရပါတယ်။

အဲ့ဒီဒရာမာထဲမှာ မင်းသမီးဆောင်းရဲ့ ဇာတ်ကောင်ဖြစ်တဲ့ ဟာယောင်းအွန်ဟာ ဖက်ရှင်ကုမ္ပဏီမှာ ဒီဇိုင်နာတဦးအနေနဲ့ အလုပ်လုပ်နေတဲ့ သွေးအေးပြီး ပါးနပ်တဲ့ အမျိုးသမီးတဦး ဖြစ်ပါတယ်။ ဟာယောင်းအွန်ဟာ ကိုယ့်ကိုယ်ကိုယ် ထိန်းထိန်းသိမ်းသိမ်းနေတဲ့အပြင် Trend အနောက်ကို စဉ်ဆက်မပြတ် လိုက်နေတတ်တဲ့ ခေတ်ဆန်သူ တဦးလည်း ဖြစ်ပါတယ်။

ပထမတုန်းက မင်းသမီးကို အဲ့ဒီဇာတ်ကောင်အတွက် ကမ်းလှမ်းချက် ပြုလုပ်ခဲ့ပေမယ့် မင်းသမီးက ပယ်ချခဲ့ပါတယ်။ တခြားမင်းသမီး တယောက်ကို ဆက်လက် ကမ်းလှမ်းခဲ့ပေမယ့် အဲ့ဒီထုတ်လုပ်ရေးကုမ္ပဏီက မင်းသမီး ဆောင်းကိုပဲ နောက်တကြိမ် ထပ်မံ ကမ်းလှမ်းခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ မင်းသမီး ဆောင်းဟာ ပါဝင်သရုပ်ဆောင်ဖို့ လက်ရှိမှာ သုံးသပ်နေတယ်လို့ သိရပါတယ်။

အဲ့ဒီသတင်းတွေကို မင်းသမီး ရဲ့အေဂျင်စီက အတည်ပြုခဲ့ပြီး လက်ရှိမှာ သုံးသပ်နေတယ်လို့ ဆိုပါတယ်။ “I’m Breaking Up Now” ဒရာမာအတွက် ကမ်းလှမ်းချက်ကို စဉ်းစားနေပြီး အမှန်တကယ်ပါဝင်ဖို့ အတည်မပြုနိုင်သေးဘူးလို့လည်း ဆိုပါတယ်။ “I’m Breaking Up Now” ဒရာမာကတော့ လက်ရှိ ဖက်ရှင်လုပ်ငန်းထဲမှာ ဖြတ်ပျက်နေတဲ့ ဇာတ်လမ်းတွေကို ပုံဖော်မှာလည်း ဖြစ်ပါတယ်။

လူနှစ်ဦး ကွဲကွာမှုကနေ ဖြစ်ပေါ်လာမယ့် ဇာတ်လမ်းတပုဒ်လည်း ဖြစ်ပါတယ်။ တကယ်လို့သာ မင်းသမီးဆောင်းဟာ ပါဝင်လာမယ်ဆိုရင်တော့ ဒါဟာ လွန်ခဲ့တဲ့ ၂ နှစ်လောက်က “Encounter” စီးရီးနောက်ပိုင်း ပထမဆုံး ပြန်လည် ရိုက်ကူးမယ့် ဇာတ်လမ်းလည်း ဖြစ်လာမှာပါ။

အဲ့ဒီ ဒရာမာအတွက် မင်းသမီး ဆိုအေး၊ မင်းသား ယူထယ်အို၊ မင်းသမီး ယွန်းဂျောင်ဟီးတို့ ပါဝင်ဖို့ ဆွေးနွေးခဲ့ကြပေမယ့် မင်းသမီး ဆိုအေးနဲ့ မင်းသား ယူထယ်အိုတို့က ကမ်းလှမ်းချက်တွေကို ပယ်ချခဲ့ကြပါတယ်။ မင်းသမီး ဆိုအေးကတော့ အချိန်ဇယား ပြဿနာတွေကြောင့် အဓိကဇာတ်ဆောင်မင်းသမီးနေရာအတွက် ကမ်းလှမ်းချက်ကို မရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

“I’m Breaking Up Now” ဒရာမာကို “My Love From the Star,” “Vagabond” နဲ့“Dr. Romantic.” တို့ကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ လီဂီဘို့က ရိုက်ကူးမှာ ဖြစ်ပါတယ်။

Ref: allkpop

You may also like these stories:

ဆောင်းဟေဂိုနဲ့ ဟွန်ဘင်း ပြန်တွဲနေတယ်လို့ ကောလာဟလ သတင်းထွက်

ဆောင်းဂျွန်ကီနဲ့ ဆောင်းဟေဂိုတို့ ပြန်အဆင်ပြေသွားပြီလို့ ထိုင်ဝမ် မီဒီယာမှာ ဖော်ပြ

Loading