Entertainment

ဂီတသက်တမ်း နှစ် ၂၀ ပြည့် တကိုယ်တော်ခွေ ထွက်မယ့် စိုင်းစိုင်းခမ်းလှိုင်

အဆိုတော် စိုင်းစိုင်းခမ်းလှိုင်ဟာ ၂၀၀၀ ခုနှစ်မှာ ပထမဆုံး တေးစီးရီးကို ဖြန့်ချိခဲ့ပြီး ဂီတလောကကို စတင် ဝင်ရောက်လာသူ ဖြစ်တဲ့အတွက် ယခုနှစ်၊ ၂၀၂၀ ပြည့်နှစ်မှာသူ့ရဲ့ ဂီတသက်တမ်းဟာ အနှစ် ၂၀ ပြည့်ပြီ ဖြစ်ပါတယ်။

စိုင်းစိုင်းခမ်းလှိုင်ရဲ့ ဂီတသက်တမ်းအနှစ် ၂၀ ပြည့်တဲ့ အထိမ်းအမှတ်အနေနဲ့ သူ့ရဲ့ ၁၀ ခွေမြောက် တကိုယ်တော်အခွေ ထွက်ရှိသွားမယ်လို့ သိရပါတယ်။

“သီချင်းတွေက အခုမှ ရေးတုန်း၊ ဆိုတုန်းဆိုတော့ တခြား ဧည့်သည်အဆိုတော် ဘယ်သူတွေ ပါမယ်ဆိုတာ လောလောဆယ် မသေချာသေးဘူး။ Frenzo က ညီအစ်ကိုတွေနဲ့ စိုင်းစိုင်း သူငယ်ချင်းတွေနဲ့တော့ တွဲဆိုဖို့ ရှိပါတယ်” လို့ စိုင်းစိုင်းခမ်းလှိုင်က ပြောပါတယ်။

၁၀ ခွေမြောက်အခွေ “မူလလက်ဟောင်း စိုင်းစိုင်းခမ်းလှိုင်” ကို၂၀၂၀ ခုနှစ်အတွင်း ဖြန့်ချိသွားမှာဖြစ်ပြီး အခွေထွက်မယ့်ရက်ကိုတော့ ပြန်လည် ကြေညာသွားမယ်လို့ သိရပါတယ်။

စိုင်းစိုင်းခမ်းလှိုင်က သူ့ရဲ့ဂီတသက်တမ်း နှစ် ၂၀ အတွင်းမှာ “ချောကလက်ရောင် ရေခဲအိပ်မက်” ၊ “သူငယ်ချင်းများစွာ” ၊ “ဖေဖော်ဝါရီမှတ်တမ်း” ၊ “Sai Sai Live in Yangon” ၊ “စိုင်းစိုင်းဟုခေါ်သည်” ၊ “ဟက်ပီး စိုင်းစိုင်း ဘဒ်ဒေး” ၊ “အဲဗားဂေါ်လီ” ၊ “ထိတ်ထိတ်ကြဲ” ၊ “Sai Sai is Sai Sai” ဆိုတဲ့ Album ၇ ခွေနဲ့ ဖျော်ဖြေပွဲ Live Album ၂ ခွေ၊ စုစုပေါင်း ၉ ခွေ ထွက်ရှိခဲ့ပါတယ်။

မကြာခင်မှာ ၁၀ ခွေမြောက် ထွက်ရှိမယ့် အကြောင်းကို စိုင်းစိုင်းခမ်းလှိုင်က ယနေ့၊ နိုဝင်ဘာ ၁၂ရက်နေ့မှာ သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှတဆင့် ပုံနှိပ်သတင်းစာ ခေါင်းစီးပုံစံနဲ့ ကြေညာထားတာ ဖြစ်ပါတယ်။

You may also like these stories:

Birthday Show မှရရှိတဲ့ ငွေကြေးများအားလုံး လှူဒါန်းပြီးဖြစ်တဲ့ စိုင်းစိုင်းခမ်းလှိုင်

Birthday Show မှရတဲ့ အလှူငွေများနဲ့ အသက်ရှုစက် လှူဒါန်းခဲ့တဲ့ စိုင်းစိုင်းခမ်းလှိုင်

Loading