Entertainment

“ကိုဗစ်ကာလမှာ ဘာသာရေးကို ပိုလုပ်ဖြစ်တယ်”လို့ ပြောတဲ့ ချိုပြုံး

Want create site? Find Free WordPress Themes and plugins.

ကိုဗစ်ကာလမှာ အိမ်ပြင်မထွက်ဘဲ ကျန်းမာရေး ဂရုစိုက်နေရတဲ့ သရုပ်ဆောင် အကယ်ဒမီ ချိုပြုံးက အိမ်မှာပဲ ဘုရားတရားကိစ္စတွေ ပိုလုပ်ဖြစ်တယ်လို့ ဆိုပါတယ်။

“အခု အိမ်ထဲမှာနေရတော့ ဘုရားတရားကိစ္စကို ခါတိုင်းထက် ပိုလုပ်နိုင်တာပေါ့။ ဘယ်မှ မသွားပါဘူး။ မေချိုက ဆီးချိုရှိတော့ ဘယ်မှ မသွားဘူး။ ကိုယ့်အိမ်ထဲမှာပဲ နေပါတယ်။ ကျန်းမာရေးလည်း ဂရုစိုက်ပြီး နေနေပါတယ်။ ပြီးတော့လည်း အဝတ်တွေကို ရှင်းတယ်။ လာမယ့် ၁၇ ရက်နေ့မှာလည်း မေချိုက အလှူ လုပ်မယ်။ အဝတ်တွေလည်း လှူမယ်”လို့ ချိုပြုံးက ပြောပါတယ်။

ကိုဗစ်ကာလ အိမ်မှာပဲ နေဖြစ်ပြီး မကြာသေးခင်ကတော့ ရုပ်ရှင်အစည်းအရုံးမှာ သွားရောက်ကန်တော့ခံခဲ့တာကြောင့် အကာအကွယ် အပြည့်အစုံနဲ့ ထွက်ဖြစ်တယ်လို့ ဆိုပါတယ်။

“အခု ကိုဗစ်ကာလ ဖြစ်တဲ့အတွက် အပြင်တော့ သိပ်မထွက်ဘူး။ ရုပ်ရှင်အစည်းအရုံးက ၁၆ ယောက် လောက်တော့ ကန်တော့ချင်ပါတယ်ဆိုတာနဲ့ မေချို သွားခဲ့တယ်။ သေချာလေး ကာကွယ်ပြီး သွားပါတယ်။ မေချို့ သမီးလေးက အင်္ဂလန်ကနေ ပို့ပေးထားတဲ့ ရုတ်တရက် ရောဂါပိုး မဝင်နိုင်တဲ့ နှာခေါင်းထဲကို ထည့်တဲ့ ဆေးလည်း ထည့်သွားတယ်။ မေချို အဲ့တခုတော့ သွားလိုက်ပါတယ်”လို့ ပြောပါတယ်။

အပြင်ထွက်ပြီး အလုပ်လုပ်နေရသူတွေကိုလည်း အမြဲ သတိနဲ့ နေဖို့လိုပြီး အပြင်သွားတိုင်း အကာအကွယ်နဲ့ သွားပါလို့ ချိုပြုံးက ဆိုပါတယ်။

“အပြင်ထွက်ပြီး အလုပ်လုပ်နေရသူတွေကိုလည်း ပြောချင်တယ်။ သတိဆိုတာ ပိုတယ် မရှိဘူး။ သတိလေးနဲ့တော့ နေ စေချင်တယ်။ မြင်ရတဲ့အရာ မဟုတ်ဘူးလေ။ မတွေ့နိုင်တော့ ပိုဆိုးတယ်။ သွားရင် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ပြီးတော့ သွားဖို့ လိုအပ်ပါတယ်။ လူကတော့ တရက် သေရမှာ သိတာပေါ့။ သေရင် ကိုယ်နောက်ပါမှာကို ပြင်ဆင်ပြီး သေရတာတော့ ကောင်းတာပေါ့။ အဲ့တော့ ကိုယ့်အတွက် ကိုယ် ပြင်ဆင်ပြီးမှ သေချင်တယ်”လို့ ဆိုပါတယ်။

ဒါကြောင့်လည်း ချိုပြုံးက ဘာသာရေးကို ပုံလုပ်ဖြစ်ပြီး ပရိသတ်တွေကိုလည်း ၅ ပါးသီလ လုံအောင် ထိန်းကြဖို့ တိုက်တွန်းထားပါတယ်။

“အဲ့ဒါကြောင့် မေချိုလည်း ဘာသာရေး ပိုလုပ်ဖြစ်ပါတယ်။ မေချိုတို့ ၅ ပါးသီလလေးကို လုံခြုံအောင် စောင့်ထိန်းတာ မခက်ပါဘူး။ ခက်တယ်ဆိုရင်တော့ ခက်တယ်။ လွယ်တယ်ဆိုရင်လည်း လွယ်ပါတယ်။ မေချိုလည်း ၅ ပါးသီလ ဘာတွေ ကျိုးလဲ ပြန်စဉ်းစားတယ်။ ကိုယ်လုပ်မိရင်လည်း မလုပ်မိအောင် ပြန်ပြင်ဆင်တယ်။ ၅ ပါးသီလတော့ လုံအောင်ထိန်းကြပါ”လို့ ချိုပြုံးက ပြောပါတယ်။

ရုပ်ရှင် ရိုက်ကူးရေးတွေ ပြန်စရင်လည်း သေချာ ဂရုတစိုက်နဲ့ စည်းကမ်းတကျ လုပ်ဖို့လိုတယ်လို့ ဆိုပါတယ်။

“ရုပ်ရှင် ရိုက်ကူးရေးတွေ ပြန်စမယ်ဆိုရင် တယောက်နဲ့ တယောက် ရောဂါ မရှိတဲ့သူတော့ ဖြစ်ရမယ်။ တယောက်နဲ့ တယောက် ခပ်ခွါခွါ နေမယ်။ စည်းကမ်းလေးနဲ့ နေမယ်။ Mask တပ်ထားမယ်။ ရောဂါက ၃ ပေ၊ ၄ ပေ ဆိုရင် လေထဲကနေ ပြုတ်ကျသွားတယ် ကြားတယ်။ သေချာတော့ ဂရုတစိုက်နဲ့လုပ်ရင်တော့ ကောင်းတာပေါ့။ အလုပ် မလုပ်ရဘဲနဲ့ အိမ်မှာပဲ နေတော့လည်း အဆင်မပြေကြဘူး။ တော်တော် ဒုက္ခရောက်ကြတယ်။ မေချိုတို့ ကိုယ်တိုင်ကလည်း ဝင်ငွေ မရှိတာ တနှစ်ရှိပြီ”

“မေချိုတို့ဆို သိသိသာသာ ဝင်ငွေ မရှိတော့ဘူး။ သင်္ကြန်ဆို ပျော်တယ်။ ပိုက်ဆံရကြတယ်။ အဲ့ထဲက မရတာ အခုချိန်ထိပဲပေါ့။ တချို့လည်း ပြန်ရိုက်ချင်နေကြပြီပေါ့။ အလုပ်ပြန်လုပ်ပြီး သွားနေ လာနေတာကို မေချိုတို့က အပြစ်ပြောလို့ မရဘူး။ တချို့ တနေ့လုပ်မှ တနေ့ စားတဲ့သူတွေ ရှိတယ်။ အဲ့လူတွေက မလုပ်ရင် ဘယ်လိုစားမလဲ။ ထွက်ရင်လည်း အကာအကွယ်နဲ့ ထွက်ပါ”လို့ ချိုပြုံးက ပြောပါတယ်။

You may also like these stories:

ဂီတသက်တမ်း နှစ် ၂၀ ပြည့် တကိုယ်တော်ခွေ ထွက်မယ့် စိုင်းစိုင်းခမ်းလှိုင်

“နင်ပဲငဆ” ပြောတဲ့ ပတ်ဝန်းကျင်မှာ ၁၅ နှစ်လောက်နေခဲ့ရတဲ့ ဆွေဇင်ထိုက်

ဇနီးအတွက် ချစ်သက်တမ်း ၁၅၀၀ ပြည့် သီချင်းလက်ဆောင် ပေးခဲ့တဲ့ Ah Boy

Did you find apk for android? You can find new Free Android Games and apps.
Loading