မြန်မာနိုင်ငံမှာလည်း COVID-19 ရောဂါ ကူးစက်မှု ဒုတိယလှိုင်းကို ကြုံတွေ့ ခံစားနေရပါတယ်။ လက်ရှိမှာ ကိုဗစ်လူနာတွေကို ရှေ့တန်းကနေ တိုက်ပွဲဝင် ကုသပေးနေကြတဲ့ ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများအတွက် အနုပညာရှင်များက အခုလိုပဲ အားပေး ဂုဏ်ပြုစကား ပြောခဲ့ကြပါတယ်။
အကယ်ဒမီ ချိုပြုံး
မေချိုကလေ ဆရာဝန်တွေ၊ ဆရာမတွေ၊ သူနာပြုတွေ၊ ပရဟိတသမားတွေ ကူညီပေးနေသူအားလုံး လှည်းတွန်းတဲ့သူကအစ မနက်ကို ဆုတောင်းမေတ္တာ ပို့ပေးနေပါတယ်။ လည်ချောင်းမှာ အဖုလေးတခု ဖြစ်နေတယ်။ အဲ့ဒါက သီချင်းသိပ်ဆိုရင် ဖြစ်တယ်။ စကားတောင် တော်တော်လေး ကြိုးစားပြီး ပြောနေရတယ်။ လေဆာ ပစ်ရမယ်။ ဆေးတွေ သောက်တာ ချပ်သွားတယ်။ အသံလေးက နည်းနည်းနာနေတာပေါ့။
အသံကောင်းရင် သူတို့လေးတွေ အတွက် သီချင်းတပုဒ် ကောင်းကောင်း ဂုဏ်ပြုပြီး ဆိုပေးချင်တယ်။ သီချင်းလေးလည်း ရေးစပ်ခိုင်းထားပါတယ်။ သူတို့အတွက် တသက်စာ အမှတ်ရအောင် ကိုယ်ကျိုးစွန့် လူတွေ အသက်ကို ကယ်ခဲ့တာကို သတိရနေစေဖို့ သီချင်းလေးတပုဒ်နဲ့ ဂုဏ်ပြုပေးမယ်။ အသံလေးကောင်းတာနဲ့ ဆိုမှာပါ။
အဆိုတော် ဟန်ထူးဈာန်
ကျေးဇူးတင်တယ်ဆိုတာကို ဘယ်လိုမျိုး ကျေးဇူးတင်လို့ ရမလဲ စဉ်းစားတယ်။ ပြောမပြတတ်ဘူး။ အရမ်းကျေးဇူးတင်တယ်။ ဆရာဝန်တွေ၊ စေတနာ့ ဝန်ထမ်းတွေ၊ Volunteer တွေ၊ ပရဟိသမားတွေ အကုန်လုံးကို နိုင်ငံတခုလုံးကိုယ်စား ကျေးဇူးတင်တယ်။
ဒီနိုင်ငံမှာ ဒီလိုလူမျိုးတွေ ရှိတဲ့အတွက် ကျနော်တို့ ရပ်တည်နိုင်တယ်။ တောင့်ခံနိုင်တယ်။ အဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကိုဗစ်ပြီးကြီးပြီးရင်လည်း အေးအေးချမ်းချမ်း ပျော်ပျော်ရွှင်ရွှင်နဲ့ ပြန်ဆုံကြမယ်။ ကျေးဇူးတင်တယ်ဆိုတာထက် ကျေးဇူးတင်တယ်လို့ ပြောချင်ပါတယ်။
အဆိုတော် မီးနို
ကိုဗစ်မှာ ကူညီပေးနေကြတဲ့ ဆရာဝန်တွေရော၊ Volunteer တွေ၊ ကူညီပေးနေသူတွေ အားလုံးကို အားပေးချင်တာက တနေ့ကျရင် အကုန်လုံး အဆင်ပြေလာမှာပါ။ မီးနိုလည်း ဆုတောင်းပေးနေပါတယ်။ မီးနိုလည်း Volunteer အရမ်းလုပ်ချင်တယ်။ ဒါပေမဲ့ မီးနိုက အမေ ရှိသေးတယ်။
အမေ့ကိုကြည့်ပေးမယ့်သူက မရှိတော့ အမေ့ကို ဂရုစိုက်နေရတော့ Volunteer မလုပ်နိုင်ဘူးပေါ့။ သူတို့တွေကို တကယ်လည်းလေးစားတယ်။ အားကျတယ်။ ချီးကျူးပါတယ်။ တနေ့ အဆင်ပြေလာမှာပါ။ အားတင်းထားကြပါလို့ ပြောချင်ပါတယ်။
အဆိုတော် ထွန်းရတီ
အခုချိန်မှာ ဆရာဝန်တွေ၊ ဆရာမတွေ၊ Volunteer တွေ၊ ပရဟိသမားတွေ အားလုံးကို အရမ်းကျေးဇူးတင်တယ်။ သူတို့ကို သနားသောအနေနဲ့ အပြင်မထွက်ပါနဲ့ ပြောချင်တယ်။ တကယ် မဖြစ်မနေ အပြင်ထွက်ရတဲ့ အချိန်ကျရင်လည်း သေသေချာချာလေး ဂရုစိုက်ပါ။
လူစုလူဝေးတွေ အများကြီး မလုပ်ဘဲ သူတို့ကို ကူညီပေးကြရအောင်ပါ။ ဆရာဝန်တွေ၊ ဆရာမတွေ၊ Volunteer တွေ၊ ပရဟိသမားတွေ ကျန်းမာချမ်းသာကြပါစေလို့ ဆုတောင်းပေးပါတယ်။
You may also like these stories:
“ကိုဗစ်က သင်ခန်းစာတွေ အများကြီးပေးတယ်”လို့ သံသာဝင်း ပြော
“ကိုဗစ်ကာလမှာ ဘာသာရေးကို ပိုလုပ်ဖြစ်တယ်”လို့ ပြောတဲ့ ချိုပြုံး
ကိုဗစ် အလှူအတွက် ဦးဝင်းဖေရဲ့ ပန်းချီကားကို လေလံဝယ်ယူခဲ့တဲ့ မအေးသောင်း