Entertainment

ကမ္ဘာကျော် “Supernatural” စီးရီး ဒီတပတ် ဇာတ်သိမ်းပြီ

Want create site? Find Free WordPress Themes and plugins.

နှစ်ပေါင်း ၁၅ နှစ်ကျော်ကြာ ပြသခဲ့တဲ့ ကမ္ဘာကျော် “Supernatural” စီးရီးဟာ အခုသီတင်းပတ်ရဲ့ ကြာသပတေးနေ့ (နိုဝင်ဘာလ ၁၉ ရက်နေ့) မှာ အဆုံးသတ်တော့မှာ ဖြစ်ပါတယ်။ အခုတော့ အဲ့ဒီနောက်ဆုံးအပိုင်းမှာ ပါဝင်လာမယ့် ဇာတ်ဝင်ခန်း ဓာတ်ပုံတချို့ ထွက်လာပြီး အဲ့ဒီပုံတွေထဲမှာ အဓိကဇာတ်ကောင်တွေဖြစ်ကြတဲ့ Dean နဲ့ Sam တို့ဟာ မကောင်းဆိုးရွားတွေကို သတ်ဖြတ်နေပုံတွေ မြင်တွေ့ရပါတယ်။

ပူးတွဲအစီအစဉ် ထုတ်လုပ်သူ Andrew Dabb က “အဲ့ဒီအပိုင်းမှာ ပါဝင်မယ့် နေရာများစုအတွက် ကျနော်တို့ဟာ အပိုင်း ၁၉ မှာ ကျနော်တို့ရဲ့ ဒဏ္ဍာရီအပိုင်းကြီးကို ပုံဖော်ထားပါတယ်” လို့ ဆိုပါတယ်။

အဲ့ဒါကြောင့် အခုသီတင်းပတ်မှာ ပြသမယ့် နောက်ဆုံးအပိုင်းဟာ ဇာတ်ကောင်ကို အခြေခံထားတဲ့ အပိုင်းဖြစ်ပြီး Dean နဲ့ Sam ညီအစ်ကို၊ သူတို့ရဲ့ဖန်တီးတည်ဆောက်ခဲ့တဲ့ မိသားစုအကြောင်း ပုံဖော်ထားတယ်လို့လည်း ဆိုပါတယ်။

Dean နဲ့ Sam ဟာ သူတို့ရဲ့ ခရီးလမ်းကို အတူတူ စတင်ခဲ့ကြပြီး အတူတူ အဆုံးသတ်ကြမှာဖြစ်တယ်လို့ ထုတ်လုပ်သူ Dabb က ပြောဆိုထားပါတယ်။ အခုစီးရီးကတော့ Season ၁၅ နဲ့ ဇာတ်သိမ်းမှာလည်း ဖြစ်ပါတယ်။

Dabb က “သူတို့ဟာ တနေရာတည်းမှာပဲ အဆုံးသတ်မှာလား။ တူညီတဲ့ပုံစံနဲ့ အဆုံးသတ်မှာလား။ အဆုံးသတ်တဲ့အခါ တူညီတဲ့ စာမျက်နှာပေါ်မှာ နှစ်ယောက်လုံး ရှိနေမှာလား။ ဒါကတော့ နောက်ဆုံးအပိုင်းမှာ မြင်တွေ့ရမှာပါ။ ဒါပေမဲ့ အဲ့ဒီ စီးရီးကို ဒီကောင်လေး နှစ်ယောက်နဲ့ စတင်ခဲ့တာမို့လို ဒီကောင်လေး နှစ်ယောက်နဲ့ပဲ အဆုံးသတ်ရမှာပါ” လို့ ဆိုပါတယ်။

Supernatural စီးရီးဟာ Eric Kripke ဖန်တီးခဲ့တဲ့ အမေရိကန် ရုပ်သံစီးရီးတခုဖြစ်ပြီး ၂၀၀၅ ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက်နေ့မှာ The WB ရုပ်သံကနေ ပြသခဲ့ပါတယ်။ အဲ့ဒီနောက် The CW ရုပ်သံကနေ လက်လွှဲယူခဲ့ပါတယ်။

Dean Winchester အဖြစ် မင်းသား Jensen Ackles၊ Sam Winchester အဖြစ် မင်းသား Jared Padalecki တို့ ပါဝင်ထားကြပြီး မကောင်းဆိုးရွား၊ တစ္ဆေ၊ မွန်းစတားနဲ့ တခြားသဘာဝလွန်သတ္တဝါဆန်းတွေကို အမဲလိုက် သတ်ဖြတ်ရတာ ဖြစ်ပါတယ်။

မူလတုန်းကတော့ ဖန်တီးသူ Kripke ဟာ အဲ့ဒီစီးရီးကို Season ၃ ခုသာ ပြသဖို့ စီစဉ်ခဲ့ပေမယ့် နောက်ပိုင်းမှာ Season ၅ အထိ တိုးချဲ့ခဲ့ပါတယ်။ အဲ့ဒီနောက် Season ၁၁ ခုအထိ ရောက်လာခဲ့ပြီး အမေရိကန် Fantasy ရုပ်သံစီးရီးတွေထဲမှာ အရှည်ကြာဆုံးပြသနိုင်တဲ့ စီးရီးအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

အခု ၁၅ ခုမြောက်နဲ့ နောက်ဆုံး Season ကိုတော့ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၁၀ ရက်နေ့ကစလို့ ပြသနေခဲ့တာဖြစ်ပြီး အပိုင်း ၂၀ ပါဝင်မှာ ဖြစ်ပါတယ်။ အခုနောက်ဆုံးအပိုင်းကိုတော့ နိုဝင်ဘာလ ၁၉ ရက်နေ့မှာ CW ရုပ်သံလိုင်းကနေ ထုတ်လွှင့်ပြသသွားမှာဖြစ်ပါတယ်။

Ref: tvline

You may also like these stories:

အွန်လိုင်းကနေ သီချင်းသစ်တွေ တင်ပေးဖို့ရှိတဲ့ ထွန်းရတီ

“အနုပညာအလုပ်တွေ နားထားချိန်မှာ ခဏတာ ဈေးရောင်းတာပါ”လို့ လိမ္မော်သီး ဆို

ကိုရီးယားခရီးစဉ်အတွက် Project K အဖွဲ့မှ ကျေးဇူးတင်စကားဆို

Did you find apk for android? You can find new Free Android Games and apps.
Loading