Entertainment

ရုပ်ရှင်အစည်းအရုံးဝင်များကို ငွေကျပ် သိန်း ၁၀၀ ဖိုး လှူဒါန်းခဲ့တဲ့ နေခြည်ဦး

Want create site? Find Free WordPress Themes and plugins.

Beauty Blogger၊ သရုပ်ဆောင် နေခြည်ဦးက She Shine Jewelry နဲ့အတူ အွန်လိုင်း Live Sale ပြုလုပ်ခဲ့ပြီး ရရှိခဲ့တဲ့ အကျိုးအမြတ်တွေကို ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဌာနနဲ့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးတို့မှာ လှူဒါန်းမှုများ ပြုလုပ်ခဲ့ပါတယ်။

“လှူတဲ့နေရာမှာ ကိုဗစ်အတွက်အပြင် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက အဖွဲ့ဝင်တွေအတွက် အစကတည်းက စိတ်ထဲမှာရှိတာ ဖြစ်တဲ့အတွက် လှူဒါန်းဖြစ်တာပါ။ တကယ်ဆို ဒီထက်ပိုပြီးတော့ လှူဒါန်းချင်ပါသေးတယ်။ အခုကတော့ အယောက် ၂၀၀ စာပေါ့။ မမများအဖွဲ့ရယ်၊ အမေများအဖွဲ့ရယ်၊ ကိုလူချောအဖွဲ့ရယ်၊ ဇာတ်ညွှန်း စာရေးဆရာတွေအဖွဲ့ရယ်၊ အဓိကသရုပ်ဆောင် အခြေခံအလွှာအဖွဲ့ကို လှူဒါန်းဖြစ်တာပါ”

“တယောက်ကို ၄ သောင်း ၉ ထောင် တန်ဖိုး ဆန်တွေ၊ ဆီတွေ လှူတယ်။ ကျန်သေးတဲ့ အဖွဲ့တွေလည်း အများကြီးရှိတယ်ဆိုတာ ရောက်မှ သိလိုက်ရတယ်။ နောက်ရက်တွေလည်း ဒီထက်ပိုပြီးလှူနိုင်အောင် ပြန်လာခဲ့ဦးမှာပါ” လို့ နေခြည်ဦးက ပြောပါတယ်။

မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှာတော့ “အမေများအဖွဲ့” ၊ “မမများအဖွဲ့” ၊ “ကိုလူချောအဖွဲ့” ၊ ဇာတ်ညွှန်းရေး ဆရာများအဖွဲ့ နဲ့ အဓိကသရုပ်ဆောင် အခြေခံအလွှာအဖွဲ့ စုစုပေါင်း အယောက် ၂၀၀ အတွက် တဦးကို ငွေကျပ် ၄၉၀၀၀ တန်ဖိုးရှိ ပစ္စည်းများကို လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် နေခြည်ဦးက ရန်ကုန်ဆေးရုံကြီးရှိ COVID-19 လူနာတွေအတွက် ဆေးကုသရေးမှာ အဆင်ပြေစေရန် Syringe Pump (၁၀) လုံး ၊ Infusion Pump (၁၀) လုံး ၊ Portable Ultrasound (၁) လုံး စုစုပေါင်း (၂၈၂) သိန်းတို့ကို လှူဒါန်းခဲ့ပါတယ်။

“နေခြည့်အတွက်က ရုပ်ရှင်ထဲမှာပဲ တွေ့ဖူးပြီး အပြင်မှာ မတွေ့ဖူးတဲ့သူတွေ အရမ်းများတယ်။ ဒီလိုမျိုး တွေ့လိုက်ရတော့ ဝမ်းသာပါတယ်။ ကိုဗစ် ဆိုတာလည်း ကာကွယ်ဆေးတွေ့မှ အလုပ်တွေက ပြန်လုပ်လို့ရမှာဖြစ်တဲ့အတွက် အခက်အခဲတွေ ဖြစ်နေမှာလည်း သိပါတယ်။ ကိုယ်တတ်နိုင်သလောက်လေး လှူဒါန်းခွင့်ရတာကို လာပြီးတော့ လက်ခံပေးကြတဲ့သူတွေကိုလည်း ကျေးဇူးတင်ပါတယ်” လို့ နေခြည်ဦးက ပြောပါတယ်။

ကိုဗစ်ကာလမှာ အနုပညာရှင်တွေရဲ့ အခက်အခဲ ရှိတာတွေကို အများကြီး တွေ့ခဲ့ရတာကြောင့် စိတ်မကောင်းဖြစ်ရပြီး နောက်ထပ်လည်း တတ်နိုင်တဲ့ဘက်က လှူဒါန်းသွားမယ်လို့ ဆိုပါတယ်။

“ကိုယ်တယောက်တည်းအားနဲ့ဆို ဒီလောက်ကြီး မလှူနိုင်ဘူး။ ဒါကြောင့် နေခြည်က လုပ်အားကို ပိုပြီးထည့်ဖြစ်တယ်။ စုပေါင်းအလှူလေးဖြစ်တဲ့အတွက် ဒီလိုမျိုး အလှူကို အထမြောက်သွားအောင် လုပ်ခွင့်ရတဲ့အတွက် ပီတိအရမ်းဖြစ်ပါတယ်။ အခက်အခဲတွေ အများကြီး ရှိတာကို တွေ့ရတဲ့အတွက် အရမ်းလည်း စိတ်မကောင်းဘူး။ ဒီအဖွဲ့အစည်းတွေ ကိုယ်စားပေါ့”

“နောက်ပိုင်းတွေမှာလည်း ကိုယ်တတ်နိုင်တဲ့အားလေးနဲ့ လုပ်အားနဲ့ပဲဖြစ်ဖြစ်၊ ငွေအားနဲ့ပဲဖြစ်ဖြစ် လုပ်ပေးဖို့ အစီအစဉ်တွေ အများကြီးရှိပါတယ်”လို့ နေခြည်ဦးက ပြောပါတယ်။

နေခြည်ဦးက “She Shine Jewelry” နဲ့အတူ “Facebook Online Sales and Charity Event” ကိုတော့ အောက်တိုဘာလ ၂၉ ရက်နေ့နဲ့ နိုဝင်ဘာလ ၁ ရက်နေ့များမှာ ၂ ရက်တာ ရောင်းချပေးခဲ့တာဖြစ်ပါတယ်။

You may also like these stories:

ရတနာပစ္စည်းများ Live လွှင့်ရောင်းပြီး အကျိုးအမြတ်ကို လှူဒါန်းမယ့် နေခြည်ဦး

“ဓားနဲ့ပဲလှီးလှီး ဆေးပဲထိုးထိုး လုံးဝ မကြောက်တတ်တဲ့ မိန်းမ”လို့ ပြောတဲ့ နေခြည်ဦး

Did you find apk for android? You can find new Free Android Games and apps.
Loading