တောင်ကိုရီးယား ရသစုံအစီအစဉ်ဖြစ်တဲ့ “Running Man” မှာ ပါဝင်တဲ့ အဖွဲ့ဝင်တွေဟာ သရေကွင်းတွေကို အသုံးပြုပြီး ကစားရတဲ့ အန္တရာယ်ရှိတဲ့ ကစားနည်းတခုကြောင့် ညှင်းပန်းနှိပ်စက် ရက်စက်လွန်းတယ်လို့ ဝေဖန်ခံနေရပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၅ ရက်နေ့မှာ ထုတ်လွှင့်ခဲ့တဲ့ အပိုင်းမှာ အစီအစဉ်မှာ ပါဝင်တဲ့ ပင်တိုင်အဖွဲ့ဝင်တွေနဲ့ ဧည့်သည်အဖွဲ့ဝင်တွေဟာ သူတို့ရဲ့ မျက်နှာပေါ်မှာ သရေပင်တွေနဲ့ တမိနစ်ကြာ ပတ်ချည်ထားခဲ့ရပါတယ်။ အဖွဲ့ဝင်တော်တော်များများက အဲ့ဒီဂိမ်းကို ဆော့ကစားစဉ်မှာ တော်တော်လေး နာကျင်နေခဲ့ကြတာကို မြင်တွေ့ခဲ့ရပါတယ်။
မင်းသမီးတွေဖြစ်ကြတဲ့ ဆောင်းဂျီဟိုနဲ့ ဂျောင်ဆိုမင်၊ ဟာသသရုပ်ဆောင် ယန်ဆဲချန်၊ Seventeen အဖွဲ့ဝင်တွေဖြစ်ကြတဲ့ Mingyu နဲ့ Hoshi တို့ဟာ အဲ့ဒီဂိမ်းကို ဆော့ကစားခဲ့ကြတာဖြစ်ပါတယ်။ ဟာသသရုပ်ဆောင် ယန်ကတော့ အဲ့ဒီဂိမ်းကို ပထမဆုံး ဆော့ကစားခဲ့ပါတယ်။ သူက မျက်နှာကို သရေကွင်းတွေနဲ့ ပတ်ချည်ထားတဲ့အချိန်မှာ ထင်ထားတာထက် ပိုမိုနာကျင်တဲ့အကြောင်း ပြောဆိုခဲ့ပါတယ်။
အဲ့ဒီနောက် မင်းသမီး ဆောင်းနဲ့ ဂျောင်တို့ အလှည့်ကျလာခဲ့စဉ်မှာ မင်းသမီး ဂျောင်က မျက်လုံးတွေ ပေါက်ထွက်တော့မလို ခံစားခဲ့ရတဲ့အကြောင်း ပြောဆိုခဲ့ပါတယ်။ မင်းသမီးဂျောင်ဟာ သူ့ရဲ့ မျက်နှာမှာ သရေကွင်း ၃၆ ခု၊ မင်းသမီး ဆောင်းက ၃၃ ခု၊ ဟာသသရုပ်ဆောင် ယန်က အခု ၃၀ ပတ်ချည်ခဲ့ပြီး မင်းသမီး ဂျောင်က အဲ့ဒီဂိမ်းမှာ အနိုင်ရရှိခဲ့ပါတယ်။
အဲ့ဒီအစီအစဉ်ကို ပြသခဲ့တဲ့နောက် သရေကွင်းချည်တဲ့ ဂိမ်းဟာ ဝေဖန်ခံခဲ့ရပြီး အင်တာနက် အသုံးပြုသူ တချို့ကတော့ ဒါဟာ ရက်စက်လွန်းတယ်လို့ ပြောဆိုခဲ့ကြပါတယ်။ တခြားအသုံးပြုသူတွေကတော့ အရမ်းအန္တရာယ်ရှိပြီး အနုပညာရှင်တွေကို ဒဏ်ရာရရှိစေနိုင်တယ်လို့ ဆိုကြပါတယ်။
တခြားပရိသတ်တွေကတော့ အဲ့ဒီဂိမ်းကို လိုက်ကစားကြမယ့် လူငယ်တွေနဲ့ ကလေးတွေအတွက် စိုးရိမ်ခဲ့ကြကြပြီး လာမယ့်အပိုင်းရဲ့ အမြည်းဗီဒီယိုထဲမှာ မြင်တွေ့ခဲ့ရတဲ့ ဂိမ်းကို ကစားခဲ့ကြတဲ့သူတွေအကြောင်း သိရှိခဲ့ရပြီးတဲ့နောက် အဲ့ဒီဗီဒီယိုကို ဖျက်သိမ်းပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။
အဲ့ဒီလို တုံ့ပြန် တောင်းဆိုချက်တွေကိုတော့ SBS ရုပ်သံလိုင်းနဲ့ ထုတ်လုပ်သူတွေက တစုံတရာ မှတ်ချက်ပေး ပြောဆိုတာမျိုး မရှိသေးပါဘူး။
Ref:straitstimes
You may also like these stories:
ရုပ်ရှင်အစည်းအရုံးဝင်များကို ငွေကျပ် သိန်း ၁၀၀ ဖိုး လှူဒါန်းခဲ့တဲ့ နေခြည်ဦး
“အားလုံးရဲ့ မေတ္တာကြောင့် အကောင်းဆုံး ကျော်ဖြတ်ခဲ့တာပါ”လို့ ထွန်းကိုကို ပြော
ဟိန္ဒူနတ်ဘုရားမအသွင် ပုံဖော်ခဲ့တဲ့အတွက် အဆိုတော် Cardi B တောင်းပန်