မင်းသား Jason Momoa က မကြာသေးမီတုန်းက ပထမဆုံးအကြိမ်အဖြစ် ယောဂကျင့်ခဲ့ပေမယ့် ရက်အနည်းငယ်အထိ အကျိုးဆက် ထိရောက်မှုတွေ ခံစားနေရဆဲဖြစ်တာကြောင့် သူလုပ်ခဲ့ဖူးသမျှ လေ့ကျင့်ရေးတွေထဲမှာ အခက်အခဲဆုံးဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။
Aquaman မင်းသား Momoa က “ကျနော်တနေ့က ယောဂ လေ့ကျင့်ကြည့်ခဲ့ပါတယ်။ အဲ့ဒါဟာ ကျနော့်ဘဝမှာ လုပ်ခဲ့ဖူးသမျှတွေထဲမှာ အခက်ခဲဆုံးကိစ္စ ဖြစ်ပါတယ်။ ကျနော် ကားတစီးကို မပြီး ထိုင်ထသာ လုပ်ပစ်လိုက်မယ်။ El Capitan တောင်ကို တက်ရတာက ယောဂ ၂ နာရီကျင့်ရတာထက် ပိုလွယ်ပါတယ်။ ကျနော် အကွေးအဆန့် မလုပ်နိုင်ခဲ့ပါဘူး။ ကျနော့် ပေါင်တွင်းကြွက်သားတွေက အရမ်းတင်းပါတယ်။ တော်တော်လေးကို သနားဖို့ကောင်းခဲ့ပါတယ်” လို့ ဆိုပါတယ်။
အသက် ၄၁ နှစ်အရွယ် မင်းသားက ၂၀၁၁ ခုနှစ်တုန်းက “Conan the Barbarian” ရုပ်ရှင်အတွက် ပြင်ဆင်နေချိန်မှာ ယောဂကျင့်ခဲ့ပါသေးတယ်။ အဲ့ဒီအချိန်တုန်းက ကိုယ်နေဟန်ထား ကောင်းကောင်း မရခဲ့ဘဲ တော်တော်လေးကို ရုန်းကန်ခဲ့ရတယ်လို့ ဆိုပါတယ်။
မင်းသားက “Conan the Barbarian အတွက် ကျနော် ယောဂကျင့်ခဲ့တုန်းက အချိန်ကို သတိရမိပါတယ်။ ကျနော်က Topanga မှာ အသက်ကြီးပိုင်း အမျိုးသမီးတွေနဲ့အတူ ယောဂသင်တန်း တက်ခဲ့ပါတယ်။ လူတိုင်းက သူတို့လက်မောင်းတွေကို မြှောက်နိုင်ပါတယ်။ ကျနော့်အတွက်တော့ တော်တော်လေး ခက်ခဲခဲ့ပါတယ်” လို့ ဆိုပါတယ်။
အခုလိုမျိုး ကြွတ်ဆတ်ဆတ် သူ့ရဲ့ခန္ဓာကိုယ်ပုံစံဟာ မျိုးရိုးဗီဇနဲ့ ဆိုင်တယ်လို့ မင်းသားက ဆိုပါတယ်။ သူက “အဲ့ဒါက မျိုးရိုးလိုက်တာပါ။ ဟာဝိုင်အီ လူမျိုးတွေက ကိုယ်လုံးကိုယ်ထည် ကြီးပါတယ်။ ကျနော်က ကျောက်တောင်တွေဆီ တက်လေ့ ရှိခဲ့ပါတယ်။ ကျနော်က မျောက်ဝံတကောင် ဖြစ်နေနိုင်ပါတယ်”
“အဲ့ဒီလိုပုံစံမျိုးကိုပဲ ကျနော် သဘောကျပါတယ်။ ကျွမ်းထိုးမှောက်ခုံနေရတာကို သဘောကျပါတယ်။ ကလေးတယောက်လို သစ်ပင်တက်တာ၊ လေဟုန်စီးတာမျိုး သဘောကျပါတယ်။ ဒါပေမဲ့ အလေးမတာကတော့ စိန်ခေါ်မှု ဖြစ်ပါတယ်” လို့ ဆိုပါတယ်။ “Game of Thrones” မင်းသားက ကိုဗစ် ကပ်ရောဂါကြောင့် သူနဲ့ သူ့မိသားစုကို ပိုမိုနီးကပ်သွားစေတယ်လို့လည်း ပြောဆိုခဲ့ပါတယ်။
သူက “ကျနော်တို့က တော်တော်လေးကို နီးကပ်သွားပါတယ်။ ကျနော့်ဇနီးက ခေတ်မီပြီး စမတ်ကျပါတယ်။ ကျနော့်ကလေးတွေက ကျနော်တို့ကတော့ နည်းနည်းလေး ထပ်ပြီး လေ့ကျင့်ပေးဖို့ လိုအပ်တဲ့ တိရိစ္ဆာန်တွေလိုပါပဲ။ ကျနော်အလုပ်မှာ တိုးတက်မှု ရချင်ပါတယ်။ ဖခင်တယောက်အနေနဲ့ရော ခင်ပွန်းတယောက်အနေနဲ့ပါ ပိုကောင်းကောင်းလုပ်ပြနိုင်ဖို့ ကြိုးစားနေပါတယ်” လို့ ဆိုပါတယ်။
Ref:asiaone
You may also like these stories:
ဆွဲဆောင်မှုအရှိဆုံး အမျိုးသားအဖြစ် မင်းသား Michael B. Jordan ရွေးချယ်ခံရ
“Wonder Woman 1984” ရုပ်ရှင်ကို HBO Max နဲ့ ရုပ်ရှင်ရုံတွေမှာ ကြည့်နိုင်တော့မည်
အန္တရာယ်ရှိတဲ့ ကစားနည်းကြောင့် “Running Man” အစီအစဉ် ဝေဖန်ခံရ