ဘာလီအခြေစိုက် “Superman is Dead” ပန့်ခ်ရော့ခ်တီးဝိုင်းမှ ဒရမ်သမား အင်ဒိုနီးရှား ဂီတပညာရှင်တဦးဟာ ဆေးပညာအသင်းကို COVID-19 ကပ်ရောဂါ ကိုင်တွယ်ပုံနဲ့ ပတ်သက်ပြီး သူရဲ့ Instagram အကောင့်မှာ ဝေဖန်ခဲ့တာကြောင့် နိုဝင်ဘာလ ၁၉ ရက်နေ့မှာ ထောင်ဒဏ် ၁၄ လ အမိန့်ချမှတ်ခံခဲ့ရတယ်လို့ သိရပါတယ်။
“ Jerinx” လို့ လူသိများကြတဲ့ I Gede Ari Astina ဟာ အင်ဒိုနီးရှားနိုင်ငံရဲ့ အီလက်ထရောနစ် သတင်းအချက်အလက်နဲ့ ငွေကြေး အလွှဲအပြောင်း ဥပဒေကို ချိုးဖောက်ကြောင်း တွေ့ရှိခဲ့ပြီး ထောင်ဒဏ် ၁၄ လနဲ့ ဒဏ်ကြေး ရူပီယာ ၁၀ သန်း ချမှတ်ခံခဲ့ရတယ်လို့ Denpasar ပြည်နယ် တရားရုံးပြောခွင့်ရသူ Made Pasek က ပြောဆိုခဲ့ပါတယ်။
တရားသူကြီးအဖွဲ့အနေနဲ့ Jerinx [ဟာ အမုန်းစကားကို ဖြန့်ဝေခဲ့တဲ့အတွက် အပြစ်ရှိကြောင်း တွေ့ရှိခဲ့ပေမယ့် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေကတော့ ဒါဟာ လွတ်လပ်စွာ ပြောဆိုခွင့်ကို တိုက်ခိုက်လိုက်တာ ဖြစ်တယ်လို့ ဖော်ပြကြပါတယ်။
လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့မှ အင်ဒိုနီးရှား သုတေသီ မစ္စတာ Andreas Harsono က “နိုင်ငံတော်အဆင့် အကျပ်အတည်းအတွင်းမှာ ဒါဟာ သနားဖိုးကောင်းပါတယ်။ အင်ဒိုနီးရှားအာဏာပိုင်တွေက COVID-19 ပြည်သူ့သတင်းအချက်အလက် ကမ်ပိန်းတွေ လုပ်ရမယ့်အစား Jerinx လိုမျိုး အွန်လိုင်းကနေ ဝေဖန်သူတွေကို အသံတိတ်စေဖို့ပဲ စိတ်ဝင်စားနေပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။
Jerinx ဟာ ပြီးခဲ့တဲ့ ဇွန်လတုန်းက အင်ဒိုနီးရှား ဆေးပညာအသင်းကို ဝေဖန်ခဲ့ပြီး အဲ့ဒီအသင်းဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) ရဲ့ ကျွန်လို့ ခေါ်ဆိုခဲ့တာ ဖြစ်ပါတယ်။ ကိုဗစ် ကပ်ရောဂါနဲ့ ပတ်သက်လို့ သီအိုရီအမှားတွေကို ဖြန့်ဝေခဲ့တယ်လို့ အငြင်းပွားဖွယ် ကိစ္စတွေ ရှိခဲ့တဲ့ Jerinx ကို ထောင်ဒဏ် ၃ နှစ်အထိ ချမှတ်ဖို့ အစိုးရရှေ့နေတွေက ပြင်ဆင်ခဲ့ကြတာ ဖြစ်ပါတယ်။
အဲ့ဒီဂီတပညာရှင်ရဲ့ ရှေ့နေကတော့ တစုံတရာ မှတ်ချက်ပေး ပြောဆိုတာမျိုး မရှိသေးပါဘူး။ အင်ဒိုနီးရှား ရာဇဝတ်မှုဆိုင်ရာ တရားရေး ပြုပြင်ပြောင်းလဲရေး အင်စတီကျုကတော့ အခုလို စီရင်ချက်ချက်မှတ်မှုဟာ တရားရေးဆိုင်ရာအရ ချို့ယွင်းချက်ရှိနေပြီး အင်ဒိုနီးရှားနိုင်ငံရဲ့ ဒီမိုကရေစီ ရာသီဥတုအတွက် အလွန် အန္တရာယ်များတယ်လို့ ထုတ်ပြန်ချက်ထဲမှာ ပြောဆိုထားပါတယ်။
Ref:asiaone
You may also like these stories:
“Wonder Woman 1984” ရုပ်ရှင်ကို HBO Max နဲ့ ရုပ်ရှင်ရုံတွေမှာ ကြည့်နိုင်တော့မည်
ယောဂကျင့်တာထက် ကားကို မပြီး လေ့ကျင့်ခန်းသာ လုပ်မယ်လို့ ပြောတဲ့ Jason Moma
ဆွဲဆောင်မှုအရှိဆုံး အမျိုးသားအဖြစ် မင်းသား Michael B. Jordan ရွေးချယ်ခံရ