Entertainment

“အပျိုကြီး မလုပ်ပါဘူး”လို့ ပြောတဲ့ အဆိုတော် မီးနို

Want create site? Find Free WordPress Themes and plugins.

သီချင်းအေးအေးလေးတွေ သီဆိုတတ်တဲ့ အဆိုတော် မီးနိုက လက်ရှိ အချစ်ရေးကတော့ တယောက်တည်းဖြစ်ပြီး အပျိုကြီးလုပ်ဖို့တော့ အစီအစဉ် မရှိဘူးလို့ ဆိုပါတယ်။

“လက်ရှိ အချစ်ရေးကတော့ တယောက်တည်းပါပဲ။ ကိုယ် Crush နေတဲ့သူတော့ ရှိတယ်။ အပျိုကြီးတော့ မလုပ်ပါဘူး။ လောလောဆယ်တော့ မီးနိုက အခုတော့ Single ပါပဲ။ မီးနိုကြိုက်တဲ့ ပုံစံက တည်ကြည်ရမယ်။ စကားပြော ယဉ်ကျေးရမယ်။ အရပ်ရှည်ရမယ်။ စကားပြောရင် တည်တည်တံ့တံ့လေးနဲ့ အဲ့လိုလေးတွေ အရမ်းသဘောကျတယ်”

“အဲ့လို ကောင်လေးကို လိုချင်တယ်။ အခုတော့ မီးနိုအလုပ်ကိုပဲ ဦးစားပေးဦးမယ်။ အလုပ်လုပ်ရရင် ပျော်တယ်။ သီချင်းရှိရင် ပျော်တယ်။ မီးနိုတို့က အသက်အရွယ် ရလာဦးမှာ။ အသက်မကြီးခင် သီချင်းတွေ အများကြီး ချပြချင်သေးတယ်။ ဂီတနဲ့ ပတ်သက်တာတွေ တောက်လျှောက် လုပ်ပြီးမှ အချစ်ရေးစဉ်းစားမှာပါ”လို့ မီးနိုက ပြောပါတယ်။

လူငယ်တွေကိုလည်း ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားပါလို့ မီးနိုက အကြံပေးပြောထားပါတယ်။

အဆိုတော် မီးနို (ဓာတ်ပုံ – Mee No’s Facebook)

“မောင်လေးတွေ၊ ညီမလေးတွေ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားပါ။ ကိုယ်တကယ် ဒီလူကို ချစ်တယ်ဆိုရင်လည်း ကိုယ်တကယ် လက်တွဲနိုင်တဲ့ လက်တွဲဖော်ဖြစ်ရင် ကောင်းတယ်။ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားမှ တဖက်က ယောကျာ်းလေးကလည်း ကိုယ့်ကို တန်ဖိုးထားမှာဖြစ်တယ်။ မီးနိုကတော့ ပေပေတေတေ စိတ်ကို နေတတ်တယ်။ မိန်းကလေးဆိုတာ သိုသိုသိပ်သိပ်နဲ့ နေသင့်တဲ့နေရာ နေရမယ်”

“ပွင့်လင်းသင့်ရင် ပွင့်လင်းရမယ်။ မီးနိုက ပွင့်လင်းတဲ့ထဲပါတော့ တကယ် ကိုယ်သဘောကျတဲ့ ကောင်လေးနဲ့ တွေ့တဲ့အခါ ဒီဟာကို ချက်ချင်းပြန်ပြင်ဖို့ဆိုတာ မဖြစ်နိုင်တော့ဘူး။ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားတတ်လာတယ်။ မီးနို ကိုယ့်ကိုယ်ကို အရမ်းတန်ဖိုးထားနေပါတယ်။ လူငယ်တွေလည်း ပြောချင်တာက ကိုယ့်လက်တွဲဖော် မတွေ့ခင်ကတည်းက ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားပါ”လို့ မီးနိုက ပြောပါတယ်။

အဆိုတော် မီးနိုကတော့ Melody World သီချင်းဆိုပြိုင်ပွဲကနေတဆင့် ဂီတလောကထဲကို ဝင်ရောက်လာခဲ့တာဖြစ်ပြီး Galaxy Star ပြိုင်ပွဲလည်း ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပါသေးတယ်။ မီးနိုရဲ့ “အနှောင်အဖွဲ့” သီချင်းကလည်း ပရိသတ်ကြားမှာ အားပေးမှု ရရှိခဲ့ပါတယ်။

You may also like these stories:

“မမီးမီးခဲရဲ့ သီချင်းတွေက အမြဲ ရှင်သန်နေဦးမှာပါ”လို့ မီးနို ပြော

ဘန်နီဖြိုးရဲ့ STAR WARS x KARROT Collection နိုဝင်ဘာ ၂၀ ရက်နေ့ ထွက်မည်

Did you find apk for android? You can find new Free Android Games and apps.
Loading