၂၀၁၃ ခုနှစ်မှာ ဘောလုံးလောကကနေ အနားယူလိုက်တဲ့ အသက် ၄၅ နှစ်အရွယ် ဘက်ခမ်းဟာ FIFA 21 ဗီဒီယိုဂိမ်းမှာ “icon” ကစားသမားတဦးအနေနဲ့ ပါဝင်ဖို့ ၃ နှစ်ကြာ သဘောတူ စာချုပ်ကို ပေါင် သန်း ၄၀ နဲ့ ချုပ်ဆိုခဲ့ပါတယ်။
သတင်းရင်းမြစ်တခုက “FIFA ဖန်တီးသူတွေဟာ သူ့ကို EA Sports အတွက် ပေါင် သန်း ၃၀ နဲ့ ၃ နှစ်ကြာသဘောတူညီမှုကို ကမ်းလှမ်းခဲ့ပါတယ်။ ဒါပေမဲ့ သူက ဒီထက်ပိုကောင်းတဲ့ သဘောတူညီမှုရအောင် ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ဒါဟာ ဘက်ခမ်းရဲ့ Brand ထဲ ကြီးမားတဲ့ ထပ်တိုးဝင်ရောက်မှု ဖြစ်ပြီး သူရှာဖွေခဲ့ဖူးသမျှထဲမှာ အလွယ်ကူဆုံးရတဲ့ ငွေကြေး ဖြစ်လာခဲ့ပါတယ်” လို့ Sunday Mirror သတင်းစာကို ပြောကြားခဲ့ပါတယ်။
ဘက်ခမ်း ပိုင်ဆိုင်တဲ့ Inter Miami အသင်းဟာလည်း အမေရိကန်နိုင်ငံမှာ မေဂျာလိဂ်ဘောလုံးပြိုင်ပွဲကို မကြာသေးမီက ဝင်ရောက်ခဲ့ပါတယ်။ မန်ချက်စတာ ယူနိုင်တက်နဲ့ ရီးရဲလ်အသင်းတွေမှာ ကစားခဲ့တဲ့ အင်္ဂလန်အသင်း ခေါင်းဆောင်းဟောင်း ဘက်ခမ်းဟာ အခုဂိမ်းအသစ်ကို ပရိုမိုးရှင်းလုပ်ဖို့ အခုလအစောပိုင်းတုန်းက Instagram ကနေ တဆင့်တင်ခဲ့ပါတယ်။
သူက “၂၃ နှစ်ကြာပြီးတဲ့နောက် FIFA21 ရဲ့ ကာဗာမှာ ဂုဏ်ယူစွာနဲ့ ပြန်လည် ပါဝင်လာခဲ့ပါပြီ” လို့ ရေးသားခဲ့ပါတယ်။ ဘရွတ်ကလင်း၊ ရိုမီယို၊ ခရုဇနဲ့ ဟာပါတို့ရဲ့ ဖခင် ဘက်ခမ်းက အခုလိုမျိုး ဆောင်ရွက်မှုဟာ ကလေးတွေမျက်လုံးထဲက သူ့ရဲ့ ရပ်တည်ချက်ကို မြှင့်တင်ပေးမယ်လို့ သူက မျှော်လင့်ထားပါတယ်။
နောက်ထပ် ပို့စ်တခုမှာတော့ သူက “FIFA21 ရေ ကျနော့်ရဲ့ အဖွဲ့ဝင်ဟောင်း တချို့နဲ့ ဘောလုံး ပြန်ကစားရမယ့် ကျနော့်ပုံစံကို မြင်ချင်နေပါပြီ။ ရိုမီယိုနဲ့ ခရုဇ်တို့ကလည်း အခုဆို ကျနော့်ကို အရမ်းမိုက်တဲ့ အဖေတယောက်အဖြစ် ထင်နေမှာပါ” လို့ တင်ခဲ့ပါတယ်။
နာမည်ကျော်ကြားမှုနဲ့ အောင်မြင်မှု ရှိနေပေမယ့် ဘက်ခမ်းကတော့ ဘောလုံးအားကစားကသာ သူ့ရဲ့ သက်တမ်းတလျှောက်လုံးမှာ နံပါတ် ၁ ဦးစားပေး ဖြစ်ခဲ့တယ်လို့ ပြောဆိုထားပါတယ်။
သူက “ကျနော့်ရဲ့ နေ့စဉ်ဘဝကတော့ ကျနော်ကွင်းထဲမှာ လုပ်ခဲ့တဲ့အရာတွေသာဖြစ်ပြီး ကွင်းပြင်ပမှာ အောင်မြင်မှုရခဲ့တဲ့ အကြောင်းအရင်းကတော့ ကွင်းအတွင်းမှာ လုပ်ခဲ့တဲ့အရာတွေ ကြောင့်သာ ဖြစ်ပါတယ်။ David LaChapelle နဲ့အတူ ရိုက်ကူးရေး လုပ်ရတာကတော့ ပုံမှန်ဘဝ မဟုတ်ခဲ့ပါဘူး။
အဲ့ဒါဟာ အားကစားသမားတယောက် လုပ်ရမယ့်အရာ မဟုတ်ပါဘူး။ ဒါပေမဲ့ ကွင်းပြင်ပမှာ လုပ်ခဲ့တဲ့အရာဟာ ကျနော့်ရဲ့ စွမ်းဆောင်ရည်အပေါ် အကျိုးသက်ရောက်မှု မရှိဘူးဆိုတာကိုတော့ အချိန်အကြာကြီးကတည်းက သိခဲ့ပါတယ်။ ကျနော် အဲ့ဒီလိုပဲ ဆက်လုပ်မှာပါ” လို့ ပြောကြားခဲ့ပါတယ်။
Ref:asiaone
You may also like these stories:
Ironman ပွဲမှာ ပထမဆုံးပန်းဝင်တဲ့ထိ ယှဉ်ပြိုင်နိုင်တဲ့ Down ရောဂါရှင်လူငယ်
ချန်ပီယံအောင်လအန်ဆန်း ဘာကြောင့်ရှုံးသလဲ
ကိုဗစ် စည်းကမ်းတွေ ချိုးဖောက်ပြီး အီတလီပြန်သွားတဲ့ ရော်နယ်ဒို